Zawgyi
Ref – GSM Arena
Unicode
Huawei ရဲ့ Mate Series စမတ်ဖုန်းတွေဟာ ကုမ္ပဏီရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတွေလို့ ပြောရင်လည်းမမှားပါဘူး။ ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိထားတဲ့ Huawei Mate 30 Series စမတ်ဖုန်းတွေကတော့ Google Service အသုံးပြုနိုင်ခြင်းမရှိတဲ့အတွက် တရုတ်နိုင်ငံပြင်ပမှာ ရောင်းချဖို့ခဲယဥ်းနေတာလည်းဖြစ်ပါတယ်။
အခုလိုမျိုး Huawei Mate 30 Series စမတ်ဖုန်းတွေမှာ Google Services နဲ့ App တွေကို ထည့်သွင်းနိုင်ခြင်းမရှိပေမယ့်လည်း Huawei က မနှစ်တုန်းက ထွက်ရှိထားတဲ့ Huawei Mate 20 Pro ဖုန်းကို Android 10 ကို Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Android 10 Update နဲ့အတူ Huawei ရဲ့ ကိုယ်ပိုင် UI ဖြစ်တဲ့ EMUI 10 Update ကိုပါ တခါတည်းသုံးစွဲနိုင်မှာလည်းဖြစ်ပါတယ်။
အခုလိုမျိုး EMUI 10 Update ကြောင့် Huawei Mate 20 Pro ဖုန်းတွေလည်း လက်ရှိ Mate 30 Pro ဖုန်းလိုမျိုး User Interace အသစ်နဲ့ Feature အသစ်တွေကို အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အခု Update နဲ့အတူ September 2019 Security Patch လည်း ပါဝင်လာတယ်လို့ သိရပါတယ်။
အခု Update ဟာ လက်ရှိအချိန်မှာ Huawei က ထုတ်ပေးထားပြီဖြစ်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ မကြာခင်မှာ System Update ကနေတစ်ဆင့် Update လုပ်နိုင်မှာပါ။ Build Number အနေနဲ့ 10.0.0.136 နဲ့ထွက်ရှိလာတာဖြစ်ပြီးတေ့ာ File Size အနေနဲ့ 4.42GB ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
Ref – GSM Arena