Zawgyi

ေနာက္လာမယ့္ Android မုိဘုိင္းစက္ႏွင္စနစ္ျဖစ္တဲ့ Android Q Beta ပရုိဂရမ္ကို Huawei ရဲ႕ Mate 20 Pro ဟာ ေမလအေစာပုိင္းမွာ ဝင္ေရာက္ခဲ့ပါတယ္။ ဒါေပမယ့္ ႏွစ္ပတ္အၾကာမွာပဲ အေမရိကန္က တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူကို ပိတ္ပင္ခဲ့တဲ့အတြက္ ျပန္လည္ျဖဳတ္ခ်ျခင္း ခံခဲ့ရတာပါ။

သုိ႔ေသာ္လည္း Huawei ရဲ႕ Flagship ဖုန္းဟာ Google ရဲ႕ဆုိက္မွာ အခန္႔သားျပန္ေပၚလာတဲ့အတြက္ Huawei ဖုန္းသုံးစြဲသူေတြအေနနဲ႔ေတာ့ ေဆာ့ဖ္ဝဲ Update ကို သူမ်ားေတြလိုပဲ သုံးစြဲႏုိင္မလားဆုိတဲ့ ေမွ်ာ္လင့္ခ်က္ အလင္းေရာင္ေလးသန္းလာျပန္ပါၿပီ။

ၿပီးခဲ့တဲ့ေသာၾကာေန႔က Google ဟာ သူ႕ Database ေတြျဖစ္တဲ့ Android, Android Enterprise နဲ႔ Android Q Beta တုိ႔ထဲကေန Huawei ဖုန္းေတြအားလုံးကို ေျခရာေဖ်ာက္ပစ္ခဲ့တာပါ။ လက္ရွိမွာ Mate 20 Pro ဟာ Android Q Beta မွာ ျပန္လည္ေပၚေပါက္လာခဲ့ေပမယ့္ ေရွ႕က ပလက္ေဖာင္းႏွစ္ခုမွာေတာ့ မျမင္ရေသးပါဘူး။ ဒါ့ေၾကာင့္ Huawei P30 Series ေတြလည္း သိပ္မၾကာခင္မွာ Android Q Beta Program ကို ရရွိႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဘယ္လိုဆက္ျဖစ္မလဲဆုိတာကေတာ့ စိတ္ဝင္စားစရာပါပဲ။ Google ကုမၸဏီဟာ စမတ္ဖုန္းထုတ္လုပ္သူ အတြက္ ပိတ္ပင္မႈကို ရက္ ၉၀ ေနာက္ဆုတ္ေပးထားေပမယ့္ ဒီကိစၥကို မေျဖရွင္းႏုိင္သေရြ႕ေတာ့ Huawei ရဲ႕ အေနအထားဟာ ဒီအတုိင္းပဲ ဆက္ရွိေနဦးမွာပါ။ ဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ ကုမၸဏီက ကုိယ္ပိုင္ OS ကို ထုတ္လုပ္ေနတယ္ဆုိေပမယ့္လည္း ခ်က္ခ်င္းလက္ငင္း ျပႆနာအားလုံးကို ေျပလည္သြားေစဖို႔ေတာ့ မေသခ်ာပါဘူး။ ဘာပဲျဖစ္ျဖစ္ Google နဲ႔ ဆက္ၿပီး လက္တြဲျဖစ္မယ္ဆိုရင္ေတာ့ Huawei ပရိတ္သတ္ေတြ အားလုံးအတြက္ ဝမ္းသာစရာပါပဲ။

Ref – GSM Arena

Unicode

နောက်လာမယ့် Android မိုဘိုင်းစက်နှင်စနစ်ဖြစ်တဲ့ Android Q Beta ပရိုဂရမ်ကို Huawei ရဲ့ Mate 20 Pro ဟာ မေလအစောပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပတ်အကြာမှာပဲ အမေရိကန်က တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူကို ပိတ်ပင်ခဲ့တဲ့အတွက် ပြန်လည်ဖြုတ်ချခြင်း ခံခဲ့ရတာပါ။

သို့သော်လည်း Huawei ရဲ့ Flagship ဖုန်းဟာ Google ရဲ့ဆိုက်မှာ အခန့်သားပြန်ပေါ်လာတဲ့အတွက် Huawei ဖုန်းသုံးစွဲသူတွေအနေနဲ့တော့ ဆော့ဖ်ဝဲ Update ကို သူများတွေလိုပဲ သုံးစွဲနိုင်မလားဆိုတဲ့ မျှော်လင့်ချက် အလင်းရောင်လေးသန်းလာပြန်ပါပြီ။

ပြီးခဲ့တဲ့သောကြာနေ့က Google ဟာ သူ့ Database တွေဖြစ်တဲ့ Android, Android Enterprise နဲ့ Android Q Beta တို့ထဲကနေ Huawei ဖုန်းတွေအားလုံးကို ခြေရာဖျောက်ပစ်ခဲ့တာပါ။ လက်ရှိမှာ Mate 20 Pro ဟာ Android Q Beta မှာ ပြန်လည်ပေါ်ပေါက်လာခဲ့ပေမယ့် ရှေ့က ပလက်ဖောင်းနှစ်ခုမှာတော့ မမြင်ရသေးပါဘူး။ ဒါ့ကြောင့် Huawei P30 Series တွေလည်း သိပ်မကြာခင်မှာ Android Q Beta Program ကို ရရှိနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

ဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ Google ကုမ္ပဏီဟာ စမတ်ဖုန်းထုတ်လုပ်သူ အတွက် ပိတ်ပင်မှုကို ရက် ၉၀ နောက်ဆုတ်ပေးထားပေမယ့် ဒီကိစ္စကို မဖြေရှင်းနိုင်သရွေ့တော့ Huawei ရဲ့ အနေအထားဟာ ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကုမ္ပဏီက ကိုယ်ပိုင် OS ကို ထုတ်လုပ်နေတယ်ဆိုပေမယ့်လည်း ချက်ချင်းလက်ငင်း ပြဿနာအားလုံးကို ပြေလည်သွားစေဖို့တော့ မသေချာပါဘူး။ ဘာပဲဖြစ်ဖြစ် Google နဲ့ ဆက်ပြီး လက်တွဲဖြစ်မယ်ဆိုရင်တော့ Huawei ပရိတ်သတ်တွေ အားလုံးအတွက် ဝမ်းသာစရာပါပဲ။

Ref – GSM Arena