Zawgyi

Huawei ရဲ႕မ်ဳိးဆက္သစ္ Mate Flagship လိုင္းကေတာ့ ရက္ပုိင္းအတြင္း တရားဝင္ေၾကညာမိတ္ဆက္လာပါေတာ့မယ္။ ဒါေပမယ့္ မိတ္ဆက္လာမယ့္ဖုန္းေတြျဖစ္တဲ့ Mate 30, 30 Pro နဲ႔ Porsche Design အထူး Edition တုိ႔ရဲ႕ ပုံရိပ္ေတြကိုေတာ့ ျမင္ေနရပါၿပီ။

Huawei Mate 30 Pro ဟန္းဆက္မွာ ကင္မရာေလးလုံးကို စက္ဝန္းပုံ Camera Island ေလးထဲ ထည့္လာခဲ့ပါတယ္။ LED Flash နဲ႔ 3D ToF Sensor ေတြကေတာ့ Island ရဲ႕ေဘးမွာပါ။ Screen မွာ အလည္အလတ္အရြယ္ Notch တစ္ခုပါဝင္ၿပီး အဲဒီထဲမွာေတာ့ 3D Face Scan စနစ္အသစ္တစ္ခု ထည့္သြင္းလာပါတယ္။ Display ဟာ ေဘးေဘာင္ေပ်ာက္စီးဆင္းေနတဲ့ Waterfall ဒီဇုိင္းပဲျဖစ္ၿပီး 90° ေဘးကို က်ေနတဲ့ Display က တကယ္တမ္းရုပ္ရွင္ေတြ Youtube ေတြၾကည့္တဲ့အခါ ပုံရိပ္ကို ဘယ္လိုစီမံခန္႔ခြဲမလဲဆုိတာ ေစာင့္ၾကည့္ရဦးမွာပါ။

Mate 30 ရုိးရုိးမွာေတာ့ Screen က သမာရုိးက်အတုိင္းပါပဲ။ Notch က ပိုေသးငယ္ၿပီး ကင္မရာႏွစ္ခု ထည့္သြင္းထားတယ္လို႔ ယူဆရပါတယ္။ ဒါေပမယ့္ ဒုတိယေျမာက္ Sensor က 3D Scanner ျဖစ္ႏုိင္ေျခ ရွိပါတယ္။ ပုံမွန္ Bezel ေတြဝန္းရံထားတာေၾကာင့္ Waterfall Display လိုေတာ့ ၾကြတက္မေနပါဘူး။ ေနာက္ဘက္မွာ Mate 30 Pro လိုပဲ Quad-camera ပါဝင္ပုံရေပမယ့္ 3D ToF Sensor မပါဘူးလို႔ေတာ့ သတင္းထြက္ေနပါတယ္။

အားလုံးထဲမွာ အသိသာဆုံးကြဲျပားေနတာေတာ့ Huawei Mate 30 Lite ပဲျဖစ္ၿပီး ေရွ႕ဘက္မွာ Punch-hole ကင္မရာကို အသုံးျပဳထားကာ ေနာက္ဘက္မွာလည္း ေလးေထာင့္ပုံ Camera Island ေလးပါဝင္ပါတယ္။ သူကေတာ့ Huawei Nova 5i Pro နဲ႔ဆင္တူၿပီး တရုတ္ျပည္ပကို အမည္ေျပာင္းကာ မိတ္ဆက္လာမယ့္ ပုံပါပဲ။

ေနာက္ဆုံးနဲ႔အထူးျခားဆုံးကေတာ့ Mate 30 Porsche Design ဟန္းဆက္ပဲျဖစ္ပါတယ္။ မႏွစ္က Mate 20 Porsche Design တုန္းကလိုပဲ လက္လုပ္သားေရသားလႊမ္းထားတဲ့ ကိုယ္ထည္အလည္တည့္တည့္မွာ ၿပိဳင္ကားေတြကို အမွတ္ရစရာ Stripe အေၾကာင္းေလးထည့္သြင္းထားတယ္။ Quad-camera ပဲပါဝင္တဲ့ ကင္မရာရဲ႕ အျမင့္နဲ႔လုိက္ၿပီး Stripe တစ္ခုလုံးကို ျမွင့္တင္ေပးထားပါတယ္။

Ref – GSM Arena

[Unicode]

Huawei ရဲ့မျိုးဆက်သစ် Mate Flagship လိုင်းကတော့ ရက်ပိုင်းအတွင်း တရားဝင်ကြေညာမိတ်ဆက်လာပါတော့မယ်။ ဒါပေမယ့် မိတ်ဆက်လာမယ့်ဖုန်းတွေဖြစ်တဲ့ Mate 30, 30 Pro နဲ့ Porsche Design အထူး Edition တို့ရဲ့ ပုံရိပ်တွေကိုတော့ မြင်နေရပါပြီ။

Huawei Mate 30 Pro ဟန်းဆက်မှာ ကင်မရာလေးလုံးကို စက်ဝန်းပုံ Camera Island လေးထဲ ထည့်လာခဲ့ပါတယ်။ LED Flash နဲ့ 3D ToF Sensor တွေကတော့ Island ရဲ့ဘေးမှာပါ။ Screen မှာ အလည်အလတ်အရွယ် Notch တစ်ခုပါဝင်ပြီး အဲဒီထဲမှာတော့ 3D Face Scan စနစ်အသစ်တစ်ခု ထည့်သွင်းလာပါတယ်။ Display ဟာ ဘေးဘောင်ပျောက်စီးဆင်းနေတဲ့ Waterfall ဒီဇိုင်းပဲဖြစ်ပြီး 90° ဘေးကို ကျနေတဲ့ Display က တကယ်တမ်းရုပ်ရှင်တွေ Youtube တွေကြည့်တဲ့အခါ ပုံရိပ်ကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Mate 30 ရိုးရိုးမှာတော့ Screen က သမာရိုးကျအတိုင်းပါပဲ။ Notch က ပိုသေးငယ်ပြီး ကင်မရာနှစ်ခု ထည့်သွင်းထားတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဒုတိယမြောက် Sensor က 3D Scanner ဖြစ်နိုင်ခြေ ရှိပါတယ်။ ပုံမှန် Bezel တွေဝန်းရံထားတာကြောင့် Waterfall Display လိုတော့ ကြွတက်မနေပါဘူး။ နောက်ဘက်မှာ Mate 30 Pro လိုပဲ Quad-camera ပါဝင်ပုံရပေမယ့် 3D ToF Sensor မပါဘူးလို့တော့ သတင်းထွက်နေပါတယ်။

အားလုံးထဲမှာ အသိသာဆုံးကွဲပြားနေတာတော့ Huawei Mate 30 Lite ပဲဖြစ်ပြီး ရှေ့ဘက်မှာ Punch-hole ကင်မရာကို အသုံးပြုထားကာ နောက်ဘက်မှာလည်း လေးထောင့်ပုံ Camera Island လေးပါဝင်ပါတယ်။ သူကတော့ Huawei Nova 5i Pro နဲ့ဆင်တူပြီး တရုတ်ပြည်ပကို အမည်ပြောင်းကာ မိတ်ဆက်လာမယ့် ပုံပါပဲ။

နောက်ဆုံးနဲ့အထူးခြားဆုံးကတော့ Mate 30 Porsche Design ဟန်းဆက်ပဲဖြစ်ပါတယ်။ မနှစ်က Mate 20 Porsche Design တုန်းကလိုပဲ လက်လုပ်သားရေသားလွှမ်းထားတဲ့ ကိုယ်ထည်အလည်တည့်တည့်မှာ ပြိုင်ကားတွေကို အမှတ်ရစရာ Stripe အကြောင်းလေးထည့်သွင်းထားတယ်။ Quad-camera ပဲပါဝင်တဲ့ ကင်မရာရဲ့ အမြင့်နဲ့လိုက်ပြီး Stripe တစ်ခုလုံးကို မြှင့်တင်ပေးထားပါတယ်။

Ref – GSM Arena