[Zawgyi]

Huawei က ေနာက္ဆံုးထုတ္ အလန္းစား စမတ္ဖုန္းေတြ ျဖစ္တဲ့ Mate 30 နဲ႔ Mate 30 Pro တို႔ကို တရုတ္မွာ ေရာင္းေပးထားပါတယ္။ အခုေတာ့ အဲဒီ ဖုန္းေတြရဲ႕ 5G Model ေတြကို မွာယူနုိင္ပါၿပီ။ Mate 30 5G နဲ႔ Mate 30 Pro 5G တို႔ကို တရုတ္မွာ မွာယူခြင့္ျပဳလိုက္ၿပီျဖစ္ၿပီး ႏို၀င္ဘာလ ၁ ရက္ေန႔မွာ ေရာင္းမွာပါ။ တန္ဖိုးအနည္းဆံုးေမာ္ဒယ္ကို ၄,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၁၁ သိန္းေလာက္ရွိပါတယ္။

Mate 30 5G အတြက္ ေမာ္ဒယ္ႏွစ္ခု ထုတ္လုပ္ထားၿပီး 8/128GB ကို ၄,၉၉၉ ယြမ္နဲ႔ 8/256GB ကို ၅,၄၉၉ ယြမ္ သတ္မွတ္ထားပါတယ္။  ျမန္မာေငြ ၁၁ သိန္းနဲ႔ ၁၂ သိန္းေလာက္ရွိပါတယ္။  Mate 30 Pro 5G ရဲ႕ 8/256GB ကို ၆,၈၉၉ ယြမ္နဲ႔ 8/512GB ကို ၇,၈၉၉ ယြမ္ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၅ သိန္းနဲ႔ ၁၇ သိန္းေလာက္က်သင့္ပါတယ္။

စမတ္ဖုန္း ႏွစ္လံုးစလံုးမွာ Huawei ရဲ႕ Kirin 990 5G 7nm+ EVU Processor ေမာင္းႏွင္ထားပါတယ္။ 5G Modem နဲ႔ NPU Chip ေတြ ထည့္ထားပါတယ္။ အန္တင္နာ ၂၁ ခု ပါၿပီး ၁၄ ခုက 5G အတြက္ ျဖစ္ပါတယ္။ တျခား 5G Phone ေတြရဲ႕ အန္တင္နာ ၆ ခု ဒီဇိုင္းထက္ ပိုမ်ားပါတယ္။ Vegan Leather Orange နဲ႔ Vegan Leather Forest Green အေရာင္ေတြ ထုတ္လုပ္ထားပါတယ္။

Mate 30 Series ေတြဟာ တရုတ္မွာ ေရာင္းအားလန္းေနပါတယ္။ ဒီလအေစာပိုင္းမွာပဲ Mate 30 နဲ႔ Mate 30 Pro အလံုးေရ တစ္သန္းေက်ာ္ ေရာင္းခ်ၿပီးၿပီလို႔ ကုမၸဏီက ေၾကညာခဲ့ပါတယ္။ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ မိခင္ႏုိင္ငံမွာ စေရာင္းေပးခဲ့တာပါ။

Ref : gizmochina

[Unicode]

Huawei Mate 30 5G နဲ့ Mate 30 Pro 5G ကို တရုတ်မှာ မှာယူနိုင်ပြီ

Huawei က နောက်ဆုံးထုတ် အလန်းစား စမတ်ဖုန်းတွေ ဖြစ်တဲ့ Mate 30 နဲ့ Mate 30 Pro တို့ကို တရုတ်မှာ ရောင်းပေးထားပါတယ်။ အခုတော့ အဲဒီ ဖုန်းတွေရဲ့ 5G Model တွေကို မှာယူနိုင်ပါပြီ။ Mate 30 5G နဲ့ Mate 30 Pro 5G တို့ကို တရုတ်မှာ မှာယူခွင့်ပြုလိုက်ပြီဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ၄,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁၁ သိန်းလောက်ရှိပါတယ်။

Mate 30 5G အတွက် မော်ဒယ်နှစ်ခု ထုတ်လုပ်ထားပြီး 8/128GB ကို ၄,၉၉၉ ယွမ်နဲ့ 8/256GB ကို ၅,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၁ သိန်းနဲ့ ၁၂ သိန်းလောက်ရှိပါတယ်။ Mate 30 Pro 5G ရဲ့ 8/256GB ကို ၆,၈၉၉ ယွမ်နဲ့ 8/512GB ကို ၇,၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၅ သိန်းနဲ့ ၁၇ သိန်းလောက်ကျသင့်ပါတယ်။

စမတ်ဖုန်း နှစ်လုံးစလုံးမှာ Huawei ရဲ့ Kirin 990 5G 7nm+ EVU Processor မောင်းနှင်ထားပါတယ်။ 5G Modem နဲ့ NPU Chip တွေ ထည့်ထားပါတယ်။ အန်တင်နာ ၂၁ ခု ပါပြီး ၁၄ ခုက 5G အတွက် ဖြစ်ပါတယ်။ တခြား 5G Phone တွေရဲ့ အန်တင်နာ ၆ ခု ဒီဇိုင်းထက် ပိုများပါတယ်။ Vegan Leather Orange နဲ့ Vegan Leather Forest Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Mate 30 Series တွေဟာ တရုတ်မှာ ရောင်းအားလန်းနေပါတယ်။ ဒီလအစောပိုင်းမှာပဲ Mate 30 နဲ့ Mate 30 Pro အလုံးရေ တစ်သန်းကျော် ရောင်းချပြီးပြီလို့ ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ မိခင်နိုင်ငံမှာ စရောင်းပေးခဲ့တာပါ။

Ref : gizmochina