[Zawgyi]

Huawei ရဲ႕ Mate 30 နဲ႔ Mate 30 Pro အေၾကာင္း သတင္းေတြထြက္ခဲ့တာေတာ့ အေတာ္ေလးကို ၾကာခဲ့ပါၿပီ။ ေနာက္ဆုံးထြက္ထားတဲ့သတင္းက 25W ႀကိဳးမဲ့အားသြင္းစနစ္ ေထာက္ပံ့ထားမယ္ဆိုတာပါ။ ဒါဟာ Huawei ရဲ႕ ႀကိဳးမဲ့အားသြင္းစနစ္ေတြထဲမွာ အျမန္ဆုံးစနစ္ ျဖစ္လာႏိုင္ပါတယ္။

ေမလဆန္းပိုင္းက ထြက္ေပၚထားတဲ့ သတင္းမွာေတာ့ 55W အားသြင္းစနစ္ကို Mate 30 Pro မွာ ေထာက္ပံ့ေပးထားမယ္လို႔ ေတြ႕ျမင္ရမွာပါ။ အကယ္၍ ဒီလိုေကာလာဟထြက္ထားတဲ့အတိုင္းသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ Huawei ရဲ႕ Mate 30 နဲ႔ Mate 30 Pro ေတြက စံခ်ိန္တင္ဦးမယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ဘက္ထရီပမာဏကေရာ ဘယ္လိုလဲလို႔ ေမးခြန္းထုတ္စရာ ရွိေနပါေသးတယ္။

တ႐ုတ္ရဲ႕ Weibo မွာေတာ့ Mate 30 နဲ႔ Mate 30 Pro တို႔ရဲ႕ ဘက္ထရီပမာဏအေၾကာင္း သတင္းေတြေဖာ္ျပေနၾကတာကို ေတြ႕ရပါတယ္။ တကယ္ အမွန္ဟုတ္မဟုတ္ေတာ့ အတည္မျပဳႏိုင္ေသးပါဘူး။ အကယ္၍သာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ Huawei Mate 30 ဟာ 4,200 mAh ပမာဏ ဘက္ထရီနဲ႔ျဖစ္ၿပီး Mate 30 Pro ကေတာ့ 4,500 mAh ပမာဏ ဘက္ထရီနဲ႔ ျဖစ္ပါလိမ့္မယ္။

အခုသတင္းထြက္လာတဲ့ ဘက္ထရီပမာဏေတြဟာ အရင္ထြက္ထားတဲ့ Mate 20 နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ Mate 30 ဟာ ၅ ရာခိုင္ႏႈန္းအထိ တိုးလာတာကို ေတြ႕ရပါတယ္။ Mate 30 Pro ကေတာ့ Mate 20 Pro နဲ႔ ႏႈိင္းယွဥ္ရင္ ၇ ရာခိုင္ႏႈန္းနီးပါးေလာက္ တိုးလာတယ္လို႔ ဆိုရမွာပါ။ Chipset ပိုင္းကေတာ့ Kirin 990 လို႔ သတင္းထြက္ထားတာေၾကာင့္ အားလုံးကို အတည္ျပဳႏိုင္ဖို႔ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena

[Unicode]

Huawei Mate 30 နဲ့ Mate 30 Pro တို့ရဲ့ ဘက်ထရီပမာဏအကြောင်း သတင်းထွက်ပေါ်လာ

Huawei ရဲ့ Mate 30 နဲ့ Mate 30 Pro အကြောင်း သတင်းတွေထွက်ခဲ့တာတော့ အတော်လေးကို ကြာခဲ့ပါပြီ။ နောက်ဆုံးထွက်ထားတဲ့သတင်းက 25W ကြိုးမဲ့အားသွင်းစနစ် ထောက်ပံ့ထားမယ်ဆိုတာပါ။ ဒါဟာ Huawei ရဲ့ ကြိုးမဲ့အားသွင်းစနစ်တွေထဲမှာ အမြန်ဆုံးစနစ် ဖြစ်လာနိုင်ပါတယ်။

မေလဆန်းပိုင်းက ထွက်ပေါ်ထားတဲ့ သတင်းမှာတော့ 55W အားသွင်းစနစ်ကို Mate 30 Pro မှာ ထောက်ပံ့ပေးထားမယ်လို့ တွေ့မြင်ရမှာပါ။ အကယ်၍ ဒီလိုကောလာဟထွက်ထားတဲ့အတိုင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ Huawei ရဲ့ Mate 30 နဲ့ Mate 30 Pro တွေက စံချိန်တင်ဦးမယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဘက်ထရီပမာဏကရော ဘယ်လိုလဲလို့ မေးခွန်းထုတ်စရာ ရှိနေပါသေးတယ်။

တရုတ်ရဲ့ Weibo မှာတော့ Mate 30 နဲ့ Mate 30 Pro တို့ရဲ့ ဘက်ထရီပမာဏအကြောင်း သတင်းတွေဖော်ပြနေကြတာကို တွေ့ရပါတယ်။ တကယ် အမှန်ဟုတ်မဟုတ်တော့ အတည်မပြုနိုင်သေးပါဘူး။ အကယ်၍သာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ Huawei Mate 30 ဟာ 4,200 mAh ပမာဏ ဘက်ထရီနဲ့ဖြစ်ပြီး Mate 30 Pro ကတော့ 4,500 mAh ပမာဏ ဘက်ထရီနဲ့ ဖြစ်ပါလိမ့်မယ်။

အခုသတင်းထွက်လာတဲ့ ဘက်ထရီပမာဏတွေဟာ အရင်ထွက်ထားတဲ့ Mate 20 နဲ့ နှိုင်းယှဉ်မယ်ဆိုရင် Mate 30 ဟာ ၅ ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရပါတယ်။ Mate 30 Pro ကတော့ Mate 20 Pro နဲ့ နှိုင်းယှဉ်ရင် ၇ ရာခိုင်နှုန်းနီးပါးလောက် တိုးလာတယ်လို့ ဆိုရမှာပါ။ Chipset ပိုင်းကတော့ Kirin 990 လို့ သတင်းထွက်ထားတာကြောင့် အားလုံးကို အတည်ပြုနိုင်ဖို့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena