[Zawgyi]

ၿပိဳင္ဘက္အမွတ္တံဆိပ္ျဖစ္တဲ့ Samsung က Note10 ေတြကို မိတ္ဆက္လိုက္ၿပီျဖစ္တဲ့အတြက္ Huawei ကလည္း သူတို႔ရဲ႕ ထိပ္တန္းစမတ္ဖုန္းအမ်ိဳးအစားထဲက Mate ေတြကို ပြဲထုတ္ဖို႔ ျဖစ္လာပါၿပီ။ Mate 30 လို႔ေျပာလိုက္တာနဲ႔ Mate 30 Pro နဲ႔ Mate 30 Lite တို႔ကေတာ့ တြဲလ်က္သိၿပီးသား ျဖစ္ပါလိမ့္မယ္။

Huawei က Mate 30 မိသားစုကို ဘယ္ေန႔ဘယ္ရက္မွာ မိတ္ဆက္မယ္ဆိုတာကို တရားဝင္ ေျပာဆိုထားျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ High-tech Mail.ru ကတစ္ဆင့္ Mate 30 နဲ႔ Mate 30 Pro တို႔ကို လာမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔က်ရင္ ဥေရာပမွာ တရားဝင္မိတ္ဆက္မယ္လို႔ သိရပါတယ္။

ဒီသတင္းအခ်က္အလက္ဟာ Huawei ရဲ႕ Consumer Business Software ဥကၠ႒ Dr. Wang Chenglu ဆီကေန တိုက္႐ိုက္လာတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ Dr. Wang Chenglu က Kirin 990 chipset ေတြဟာ Matee 30 နဲ႔ Mate 30 Pro တို႔အတြက္ျဖစ္လိမ့္မယ္လို႔ ရည္ၫႊန္းထားပါေသးတယ္။

ကနဦးေကာလာဟလသတင္းေတြမွာေတာ့ (7nm EUV) Kirin 985 လို႔ သတင္းထြက္ထားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အမွန္တကယ္ပဲ Kirin 990 နဲ႔ ထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။ ဒါ့အျပင္ ဒီ Chipset ဟာ Built-in 5G modem နဲ႔ ျဖစ္မယ္လို႔လည္း သတင္းထြက္ထားပါတယ္။ အျခားသတင္းရင္းျမစ္တစ္ခုကေတာ့ Mate 30 5G အမ်ိဳးအစားကို သီးသန႔္ခြဲထုတ္ထားၿပီး ဒီဇင္ဘာေလာက္မွ မိတ္ဆက္မယ္လို႔ ေဖာ္ျပထားတာကိုလည္း ေတြ႕ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ Huawei Mate 30 ေတြက စိတ္ဝင္စားစရာေကာင္းေနပါတယ္။ Mate 30 Lite ဆိုရင္လည္း တ႐ုတ္ျပည္တြင္းေမာ္ဒယ္ေတြမွာ Huawei ရဲ႕ ကိုယ္ပိုင္ Operation System ျဖစ္တဲ့ HongMeng OS (ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးမွာ Harmony အမည္နဲ႔ မူပိုင္ခြင့္တင္ထား) ထည့္သြင္းလာမယ္လို႔လည္း သတင္းထြက္ေပၚထားပါတယ္။

Ref: GSM Arena

[Unicode]

Kirin 990 သုံးထားတဲ့ Huawei Mate 30 နဲ့ Mate 30 Pro ကို စက်တင်ဘာ ၁၉ မှာ ဥရောပဈေးကွက်တွင်း မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်

ပြိုင်ဘက်အမှတ်တံဆိပ်ဖြစ်တဲ့ Samsung က Note10 တွေကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့အတွက် Huawei ကလည်း သူတို့ရဲ့ ထိပ်တန်းစမတ်ဖုန်းအမျိုးအစားထဲက Mate တွေကို ပွဲထုတ်ဖို့ ဖြစ်လာပါပြီ။ Mate 30 လို့ပြောလိုက်တာနဲ့ Mate 30 Pro နဲ့ Mate 30 Lite တို့ကတော့ တွဲလျက်သိပြီးသား ဖြစ်ပါလိမ့်မယ်။

Huawei က Mate 30 မိသားစုကို ဘယ်နေ့ဘယ်ရက်မှာ မိတ်ဆက်မယ်ဆိုတာကို တရားဝင် ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် High-tech Mail.ru ကတစ်ဆင့် Mate 30 နဲ့ Mate 30 Pro တို့ကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့ကျရင် ဥရောပမှာ တရားဝင်မိတ်ဆက်မယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်ဟာ Huawei ရဲ့ Consumer Business Software ဥက္ကဋ္ဌ Dr. Wang Chenglu ဆီကနေ တိုက်ရိုက်လာတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် Dr. Wang Chenglu က Kirin 990 chipset တွေဟာ Matee 30 နဲ့ Mate 30 Pro တို့အတွက်ဖြစ်လိမ့်မယ်လို့ ရည်ညွှန်းထားပါသေးတယ်။

ကနဦးကောလာဟလသတင်းတွေမှာတော့ (7nm EUV) Kirin 985 လို့ သတင်းထွက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမှန်တကယ်ပဲ Kirin 990 နဲ့ ထွက်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ဒါ့အပြင် ဒီ Chipset ဟာ Built-in 5G modem နဲ့ ဖြစ်မယ်လို့လည်း သတင်းထွက်ထားပါတယ်။ အခြားသတင်းရင်းမြစ်တစ်ခုကတော့ Mate 30 5G အမျိုးအစားကို သီးသန့်ခွဲထုတ်ထားပြီး ဒီဇင်ဘာလောက်မှ မိတ်ဆက်မယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Huawei Mate 30 တွေက စိတ်ဝင်စားစရာကောင်းနေပါတယ်။ Mate 30 Lite ဆိုရင်လည်း တရုတ်ပြည်တွင်းမော်ဒယ်တွေမှာ Huawei ရဲ့ ကိုယ်ပိုင် Operation System ဖြစ်တဲ့ HongMeng OS (ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးမှာ Harmony အမည်နဲ့ မူပိုင်ခွင့်တင်ထား) ထည့်သွင်းလာမယ်လို့လည်း သတင်းထွက်ပေါ်ထားပါတယ်။

Ref: GSM Arena