[Zawgyi]


Mate 20 Pro


Mate 20 Pro


Ref : gizmochina

[Unicode]

Huawei Mate 30 မှာ အရမ်းမြန်တဲ့ 25W Wireless Charging ပါလာနိုင်

Huawei Mate 30 Series တွေကို စက်တင်ဘာလမှာ ကြေညာမယ်လို့ ထင်ပါတယ်။ အဲဒီ ဖုန်းဟာ အရင်မျိုးဆက်လိုပဲ စွမ်းရည်မြင့်မားမှာ ဖြစ်ပြီး ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ နောက်မျိုးဆက် Kirin 990 Chipset နဲ့ စွမ်းရည်မြင့် အနောက်ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ ကင်မရာနဲ့ ပရော်ဆက်ဆာတွေကိုပဲ အဆင့်မြှင့်ထားမှာ မဟုတ်ပါဘူး။ Mate 30 မှာ ကမ္ဘာ့ အမြန်ဆုံး ကြိုးမဲ့အားသွင်း စနစ်ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Mate 20 Pro

တရုတ်က နာမည်ကျော် ဘလော့ဂါ ၁ ယောက်က Huawei Mate 30 မှာ 25W Wireless Charging ပါမယ်လို့ ပြောပါတယ်။ အဲဒီအတွက် လက်ရှိ အမြန်ဆုံး ကြိုးမဲ့ အားသွင်းစနစ် ထည့်သွင်းထားတဲ့ Xiaomi Mi 9 ထက် သာသွားမှာပါ။ Mi 9 မှာတော့ 20W Wireless Charging ထည့်သွင်းထားတာပါ။ မကြာခင်က ကြေညာထားတဲ့ Galaxy Note 10+ မှာ 15W Wireless Charging ပဲ ပါတာဖြစ်ပြီး မဆိုးဘူးလို့ ပြောနိုင်ပေမယ့် Mate 30 ထက်တော့ အရမ်းနှေးနေမှာပါ။

Mate 20 Pro

Mate 30 ဟာ တကယ့် အလန်းစား စမတ်ဖုန်း ၁ လုံး ဖြစ်ပါတယ်။ အဲဒီ ဖုန်းမှာ Kirin 990 Chipset အသစ်နဲ့ 40MP Cameras ၂ လုံး ပါလာနိုင်ပြီး ပင်မ ကင်မရာနဲ့ မြင်ကွင်းကျယ် ကင်မရာတွေ ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ အပိုတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Android Q အခြေပြု EMUI 10 မောင်းနှင်ထားနိုင်ပါတယ်။ Lite Version မှာ မကြာခင်က ကြေညာထားတဲ့ Harmony OS ထည့်သွင်းထားမယ်လို့လည်း သတင်းထွက်နေပါတယ်။

Ref : gizmochina