[Unicode]

Huawei Mate 30 Pro 5G ကို စက်တင်ဘာလမှာ ကြေညာခဲ့ပြီး တရုတ်မှာ 8/256GB နဲ့ 8/512GB မော်ဒယ် ၂ မျိုးရောင်းချထားပါတယ်။ အခုတော့ 8/128GB မော်ဒယ်ကို ရောင်းပေးလိုက်ပါပြီ။ မော်ဒယ် အသစ်ကို ယွမ် ၆,၃၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၁၃ သိန်းလောက်ရှိပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ပါတယ်။ Mate 30 Pro 5G ရဲ့ 8/256GB ကို ၆,၈၉၉ ယွမ်နဲ့ 8/512GB ကို ၇,၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၅ သိန်းနဲ့ ၁၇ သိန်းလောက်ကျသင့်ပါတယ်။

Huawei Mate 30 Pro 5G မှာ Kirin 990 SoC မောင်းနှင်ထားပြီး Android 10 အခြေပြု EMUI 10 ပါပါတယ်။ ၆.၅၃ လက်မ OLED Display တပ်ဆင်ထားပြီး FullHD+ Resolution ဖြစ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Mate 30 Pro 5G မှာ 32MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 40MP ပင်မ ကင်မရာ၊ 40MP Ultrawide ၊ 8MP Telephoto နဲ့ 3D ToF Sensor တွေ ထည့်သွင်းထားပါတယ်။ 40W Fast Charging နဲ့ 27W Wireless Charging အသုံးပြုနိုင်မယ့် 4,500mAh Battery ပါပါတယ်။ 5G Modem နဲ့ NPU Chip တွေ ထည့်ထားပါတယ်။ အန်တင်နာ ၂၁ ခု ပါပြီး ၁၄ ခုက 5G အတွက် ဖြစ်ပါတယ်။ တခြား 5G Phone တွေရဲ့ အန်တင်နာ ၆ ခု ဒီဇိုင်းထက် ပိုများပါတယ်။

Ref : gsmarena

[Zawgyi]

ဈေးပိုသက်သာမယ့် မော်ဒယ်ထွက်ရှိလာတဲ့ Huawei Mate 30 Pro 5G




Ref : gsmarena