Unicode

စမတ်ဖုန်းတွေရဲ့ Camera ပိုင်းကို စစ်ဆေးတိုင်းတာတဲ့ Benchmarking Website တစ်ခုဖြစ်တဲ့ DxOMark ကနေ လက်ရှိအကောင်းဆုံးကင်မရာပါဝင်တဲ့ စမတ်ဖုန်းအသစ်ကို ကြေညာလိုက်ပါတယ်။ ဒါကတော့ Huawei Mate 30 Pro 5G ဖုန်းပဲဖြစ်ပါတယ်။

DxOMark ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပုံမှန် Huawei Mate 30 Pro ကို Benchmark ပြုလုပ်ခဲ့ပြီး အဆိုပါအချိန်တုန်းက ရမှတ် ၁၂၁ မှတ်နဲ့ အကောင်းဆုံးကင်မရာဖုန်းနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ရမှတ်ကို Xiaomi ရဲ့ 108MP Camera ပါဝင်တဲ့ Mi Note 10 က ရရှိခဲ့ပြီး Huawei Mate 30 Pro နဲ့အတူ ပူးတွဲ ပထမနေရာကို ရယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး Huawei Mate 30 Pro 5G ဖုန်းကတော့ DxOMark မှာ Total Score ၁၂၃ မှတ်ရရှိပြီးတော့ လက်ရှိ ကင်မရာအကောင်းဆုံးစမတ်ဖုန်းနေရာကို ရရှိသွားတာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ Huawei Mate 30 Pro 5G နဲ့ ပုံမှန် Mate 30 Pro စမတ်ဖုန်းဟာ Camera ပိုင်းမှာ ကွာခြားခြင်းမရှိဘဲ လုံးဝတူညီတဲ့ Hardware Setup ကို အသုံးပြုထားတဲ့အတွက် ဘာကြောင့် ဒီလိုမျိုး 5G Version က ပိုပြီးကောင်းနေသလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဒီအတွက်ကိုတော့ DxOMark ကနေ Huawei က Software Optimization ပိုင်းကို Mate 30 Pro ထွက်ရှိပြီး ၃ လအတွင်းမှာ ပိုကောင်းအောင် လုပ်ခဲ့တဲ့အတွက် ဒီလိုရလဒ်ရရှိခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Software Optimization ကြောင့် Camera Details ပိုင်းတွေ၊ Autofocus နဲ့ Noise Management ပိုင်းမှာ သိသိသာသာပိုကောင်းလာသလို Portrait Mode တွေမှာလည်း Dynamic Range ပိုများလာတယ်လို့ သိရပါတယ်။

Ref – GSM Arena

Zawgyi

စမတ္ဖုန္းေတြရဲ႕ Camera ပိုင္းကို စစ္ေဆးတိုင္းတာတဲ့ Benchmarking Website တစ္ခုျဖစ္တဲ့ DxOMark ကေန လက္ရွိအေကာင္းဆုံးကင္မရာပါဝင္တဲ့ စမတ္ဖုန္းအသစ္ကို ေၾကညာလိုက္ပါတယ္။ ဒါကေတာ့ Huawei Mate 30 Pro 5G ဖုန္းပဲျဖစ္ပါတယ္။

DxOMark ကေန ၿပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ပုံမွန္ Huawei Mate 30 Pro ကို Benchmark ျပဳလုပ္ခဲ့ၿပီး အဆိုပါအခ်ိန္တုန္းက ရမွတ္ ၁၂၁ မွတ္နဲ႔ အေကာင္းဆုံးကင္မရာဖုန္းေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အဆိုပါ ရမွတ္ကို Xiaomi ရဲ႕ 108MP Camera ပါဝင္တဲ့ Mi Note 10 က ရရွိခဲ့ၿပီး Huawei Mate 30 Pro နဲ႔အတူ ပူးတြဲ ပထမေနရာကို ရယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အခုေနာက္ဆုံး Huawei Mate 30 Pro 5G ဖုန္းကေတာ့ DxOMark မွာ Total Score ၁၂၃ မွတ္ရရွိၿပီးေတာ့ လက္ရွိ ကင္မရာအေကာင္းဆုံးစမတ္ဖုန္းေနရာကို ရရွိသြားတာျဖစ္ပါတယ္။

ဒါေပမယ့္ အဆိုပါ Huawei Mate 30 Pro 5G နဲ႔ ပုံမွန္ Mate 30 Pro စမတ္ဖုန္းဟာ Camera ပိုင္းမွာ ကြာျခားျခင္းမရွိဘဲ လုံးဝတူညီတဲ့ Hardware Setup ကို အသုံးျပဳထားတဲ့အတြက္ ဘာေၾကာင့္ ဒီလိုမ်ိဳး 5G Version က ပိုၿပီးေကာင္းေနသလဲဆိုတာက စိတ္ဝင္စားစရာပါ။ ဒီအတြက္ကိုေတာ့ DxOMark ကေန Huawei က Software Optimization ပိုင္းကို Mate 30 Pro ထြက္ရွိၿပီး ၃ လအတြင္းမွာ ပိုေကာင္းေအာင္ လုပ္ခဲ့တဲ့အတြက္ ဒီလိုရလဒ္ရရွိခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ အခု Software Optimization ေၾကာင့္ Camera Details ပိုင္းေတြ၊ Autofocus နဲ႔ Noise Management ပိုင္းမွာ သိသိသာသာပိုေကာင္းလာသလို Portrait Mode ေတြမွာလည္း Dynamic Range ပိုမ်ားလာတယ္လို႔ သိရပါတယ္။

Ref – GSM Arena