Zawgyi

Huawei Mate 30 နဲ႔ Mate 30 Pro မ်ဳိးဆက္သစ္ဖုန္းေတြကို ဒီႏွစ္ရဲ႕ ေအာက္တိုဘာေလာက္မွ ထြက္လာမယ္လို႔ မွန္းထားပါတယ္။ တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူဟာ မၾကာေသးခင္ကမွ P30 နဲ႔ P30 Pro ဖုန္းေတြကို မိတ္ဆက္ခဲ့ၿပီးေနာက္ သူတုိ႔ဟာ Mate 30 စီးရီးအတြက္ အလုပ္လုပ္ေနေလာက္ၿပီလို႔ ယူဆရတယ္။ ယေန႔မွာ Mate 30 Pro အတြက္ အေရးပါတဲ့ Specs အခ်ဳိ႕ေပါက္ၾကားလာတာေၾကာင့္ ေစာေသးေပမယ့္ ဒီဖုန္းေတြမွာ ဘာေတြေမွ်ာ္လင့္ထားရမလဲ ဆုိတာ ရိပ္စားမိေလာက္ေအာင္ တင္ျပလိုက္ပါတယ္။

Mate 30 Pro ဟာ 6.7” လက္မအရြယ္ OLED Display ကိုအသုံးျပဳလာမွာျဖစ္ၿပီး Resolution ကိုေတာ့ မသိရေသးပါဘူး။ Fingerprint ကို In-display ပဲထည့္လာမယ္လို႔ သိရေပမယ့္ ဖုန္းရဲ႕ Display ဒီဇုိင္းကိုလည္း အတည္ျပဳႏုိင္ဖုိ႔ ေစာေနေသးတယ္။ 3D Face Unlock စနစ္ကိုလည္း Mate 30 Pro မွာ ဆက္ပါလာမလားဆုိတာ မသိရေသးဘူး။

ဒါေပမယ့္ Mate 30 Pro မွာ 7nm Kirin 985 ခ်စ္ပ္ဆက္အသုံးျပဳလာမွာျဖစ္ပါတယ္။ ဘကၳရီက 4,200 mAh ျဖစ္ၿပီး 55W Rapid Charging စနစ္ပါလာမယ္လို႔ဆုိတယ္။ ဒါ့အျပင္ 10W Reverse ႀကိဳးမဲ့အားသြင္းစနစ္လဲ ပါဝင္မွာပါ။

ေနာက္ဘက္က ေလးေထာင့္ပုံစံ Camera Module ထဲမွာ ကင္မရာေလးလုံးနဲ႔ အလယ္တည့္တည့္က LED Flash ကိုေနရာခ်လာမယ္။ ကင္မရာေတြရဲ႕ Megapixel ပမာဏကိုေတာ့ မသိရေသးပါဘူး။

Ref – Playful Droid

Unicode

Huawei Mate 30 နဲ့ Mate 30 Pro မျိုးဆက်သစ်ဖုန်းတွေကို ဒီနှစ်ရဲ့ အောက်တိုဘာလောက်မှ ထွက်လာမယ်လို့ မှန်းထားပါတယ်။ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ မကြာသေးခင်ကမှ P30 နဲ့ P30 Pro ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးနောက် သူတို့ဟာ Mate 30 စီးရီးအတွက် အလုပ်လုပ်နေလောက်ပြီလို့ ယူဆရတယ်။ ယနေ့မှာ Mate 30 Pro အတွက် အရေးပါတဲ့ Specs အချို့ပေါက်ကြားလာတာကြောင့် စောသေးပေမယ့် ဒီဖုန်းတွေမှာ ဘာတွေမျှော်လင့်ထားရမလဲ ဆိုတာ ရိပ်စားမိလောက်အောင် တင်ပြလိုက်ပါတယ်။

Mate 30 Pro ဟာ 6.7” လက်မအရွယ် OLED Display ကိုအသုံးပြုလာမှာဖြစ်ပြီး Resolution ကိုတော့ မသိရသေးပါဘူး။ Fingerprint ကို In-display ပဲထည့်လာမယ်လို့ သိရပေမယ့် ဖုန်းရဲ့ Display ဒီဇိုင်းကိုလည်း အတည်ပြုနိုင်ဖို့ စောနေသေးတယ်။ 3D Face Unlock စနစ်ကိုလည်း Mate 30 Pro မှာ ဆက်ပါလာမလားဆိုတာ မသိရသေးဘူး။

ဒါပေမယ့် Mate 30 Pro မှာ 7nm Kirin 985 ချစ်ပ်ဆက်အသုံးပြုလာမှာဖြစ်ပါတယ်။ ဘက္ထရီက 4,200 mAh ဖြစ်ပြီး 55W Rapid Charging စနစ်ပါလာမယ်လို့ဆိုတယ်။ ဒါ့အပြင် 10W Reverse ကြိုးမဲ့အားသွင်းစနစ်လဲ ပါဝင်မှာပါ။

နောက်ဘက်က လေးထောင့်ပုံစံ Camera Module ထဲမှာ ကင်မရာလေးလုံးနဲ့ အလယ်တည့်တည့်က LED Flash ကိုနေရာချလာမယ်။ ကင်မရာတွေရဲ့ Megapixel ပမာဏကိုတော့ မသိရသေးပါဘူး။

Ref – Playful Droid