Zawgyi

လက္ရွိအခ်ိန္မွာ အေကာင္းဆုံးဆိုတဲ့ Flagship ဖုန္းကို ေ႐ြးခ်ယ္ဖို႔ စိတ္ကူးေနတဲ့သူဆိုရင္ လက္ရွိေစ်းကြက္ထဲမွာ ဝယ္ယူႏိုင္ၿပီျဖစ္တဲ့ စမတ္ဖုန္း ၃ မ်ိဳးရွိေနပါတယ္။ ဒါေတြကေတ့ာ Samsung Galaxy Note 10+ ၊ iPhone 11 Pro Max နဲ႔ Huawei Mate 30 Pro ဖုန္းေတြပဲျဖစ္ပါတယ္။ အခု Article မွာေတာ့ ဘယ္ Flagship ဖုန္းက ဘယ္ေနရာမွာ ပိုသာၿပီးေတာ့ ဘယ္သူေတြက ဘယ္ဖုန္းကို ေ႐ြးခ်ယ္သင့္တယ္ဆိုတာကို ေဖာ္ျပသြားမွာပဲျဖစ္ပါတယ္။

အခု စမတ္ဖုန္း ၃ မ်ိဳးစလုံးက လုံးဝ Flagship Level Build Quality ရွိေနေပမယ့္ Design ပိုင္းအရေတာ့ တမ်ိဳးစီလို႔ ေျပာလို႔ရပါတယ္။ Apple ကေတာ့ အေရွ႕ဘက္ Design က ၿပီးခဲ့တဲ့ iPhone X တုန္းက Design ကိုပဲ ဆက္လက္အသုံးျပဳထားေပမယ့္ အေနာက္ဖက္ကေတာ့ လုံးဝ ေျပာင္းလဲထားၿပီး Soft Touch Coating Glass ကို ေျပာင္းလဲအသုံးျပဳထားတာျဖစ္ပါတယ္။ Samsung Galaxy Note 10+ ကေတာ့ Notch ပါဝင္ျခင္းမရွိပဲ Infinity-O Selfie Camera နဲ႔အတူ အေနာက္ဖက္ကလည္း ပုံမွန္ Gorilla Glass 6 ကိုပဲ အသုံးျပဳထားတာပါ။ Huawei Mate 30 Pro ကေတာ့ Notch ပါဝင္တဲ့ Waterfall Curved Display ကို ထည့္သြင္းထားၿပီး Volume Keys ေတြလည္း မပါေတာ့တဲ့အတြက္ ဒီ Flagship ဖုန္းေတြထဲမွာ ပိုၿပီး ထူးျခားတဲ့ Design ရွိေနတယ္လို႔ ေျပာလို႔ရပါတယ္။

Display ပိုင္းမွာကေတာ့ အခု ဖုန္းေတြအကုန္လုံး Flagship ဖုန္းေတြျဖစ္တာနဲ႔အညီ OLED Display ကိုပဲ အသုံးျပဳထားၿပီးေတာ့ Resolution အေနနဲ႔လည္း Samsung Galaxy Note 10+ က Quad HD+ ၊ iPhone 11 Pro Max က Super Retina XDR နဲ႔ Mate 30 Pro ကေတာ့ Full HD+ ရွိမွာျဖစ္ပါတယ္။ Display Pixel Density အေနနဲ႔ Note 10+ က အျမင့္ဆုံးျဖစ္သလို Screen Size ကလည္း 6.8″ အထိရွိမွာျဖစ္တဲ့အတြက္ Display အေကာင္းဆုံး Flagship ဖုန္းကို ရွာေနတယ္ဆိုရင္ Samsung Galaxy Note 10+ ကိုပဲ Recommend ေပးရမွာပါ။

Performance ပိုင္းအေနနဲ႔ကေတာ့ အခု Flagship ဖုန္းေတြအကုန္လုံးက ကိုယ္ပိုင္ Processor ကိုပဲ အသုံးျပဳထားၾကတာျဖစ္ပါတယ္။ Samsung Note 10+ က 7nm Exynos 9825 Processor ၊ Huawei Mate 30 Pro က 7nm+ HiSilicon Kirin 990 Processor နဲ႔ Apple iPhone 11 Pro ကလည္း 7nm+ A13 Bionic Chip ေတြကို အသုံးျပဳထားၿပီး စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ Apple A13 Bionic Chip က အေကာင္းဆုံးျဖစ္ေနၿပီးေတာ့ အေနာက္မွာ Huawei Kirin 990 Processor ရွိေနမွာပါ။

အခုလိုမ်ိဳး Design, Display နဲ႔ Performance ေတြလိုမ်ိဳးပဲ Flagship ဖုန္းေတြထဲမွာ အေရးႀကီးဆုံး အပိုင္းျဖစ္တဲ့ Camera ပိုင္းမွာေတာ့ ဒီ စမတ္ဖုန္းေတြက ကြာျခားခ်က္မ်ားျပားတာကို ေတြ႕ရပါတယ္။ Specs ပိုင္းအေနနဲ႔ကေတာ့ Apple iPhone 11 Pro က 12MP Triple Camera Setup ကို အသုံးျပဳထားၿပီး ပုံမွန္ Wide ၊ Telephoto အျပင္ Ultrawide Lens ပါ ပါဝင္လာတာျဖစ္ပါတယ္။ Samsung Galaxy Note 10+ ကေတာ့ 12MP Dual Aperture Primary Sensor ၊ 12MP Telephoto Sensor နဲ႔ 16MP Ultrawide Sensor ေတြပါဝင္မွာျဖစ္ၿပီး 3D DepthVision Sensor ပါ ပါဝင္ဦးမွာပါ။ Huawei Mate 30 Pro ကေတာ့ Specs ပိုင္းအရ အေကာင္းဆုံးျဖစ္ေနၿပီးေတာ့ 40MP f1.6 Primary Sensor ၊ 40MP Ultrawide Sensor နဲ႔ 8MP 3x Optical Zoom Telephoto Sensor ေတြကို တပ္ဆင္ထားတာျဖစ္ပါတယ္။ ဒ့ါအျပင္ Huawei Mate 30 Pro မွာလည္း 3D ToF Sensor ပါဝင္ဦးမွာပါ။

Image Quality ပိုင္းမွာေတာ့ ပုံမွန္ Point & Shoot အေနနဲ႔ Apple iPhone 11 Pro က ၿပီးခဲ့တဲ့ iPhone ေတြနဲ႔ ယွဥ္ရင္ သိသိသာသာပိုေကာင္းလာၿပီးေတာ့ Details ပိုင္းေတြပိုေကာင္းလာတဲ့ Deep Fusion လို Feature ေတြက သေဘာက်စရာလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ Camera ကို Manual Mode အျပင္ Slow-motion Video ေတြကိုပါ ႐ိုက္ကူးခ်င္တဲ့သူေတြအတြက္ကေတာ့ LEICA နဲ႔ ပူးေပါင္းထားတဲ့ Huawei Mate 30 Pro က မယုံၾကည္ႏိုင္ေလာက္ေအာင္ကို ေကာင္းမြန္လြန္းလွတဲ့ 7680fps Slo-mo Video ေတြကို ႐ိုက္ကူးႏိုင္တဲ့အတြက္ ေ႐ြးခ်ယ္စရာျဖစ္မွာပါ။ ဒီေနရာမွာေတာ့ အခု စမတ္ဖုန္း ၃ မ်ိဳးစလုံးက စိတ္ေက်နပ္စရာ စြမ္းေဆာင္ရည္ကို ေပးႏိုင္မွာျဖစ္ေပမယ့္ iPhone 11 Pro နဲ႔ Huawei Mate 30 Pro က ပိုၿပီး ေ႐ြးခ်ယ္သင့္တယ္လို႔ ေျပာလို႔ရပါတယ္။

Battery ပိုင္းအေနနဲ႔ကေတာ့ iPhone 11 Pro Max က 3969mAh ၊ Note 10+ က 4300mAh နဲ႔ Huawei Mate 30 Pro က 4500mAh Battery ပါဝင္မွာျဖစ္ပါတယ္။ အခု ဖုန္း ၃ မ်ိဳးစလုံးဟာ တေနကုန္ Battery ခံမွာျဖစ္သလို အားျပန္သြင္းတဲ့အခ်ိန္မွာေတာ့ iPhone 11 Pro Max က 18W Charging ပဲ ျပန္သြင္းႏိုင္ေပမယ့္ Note 10+ က 45W Charging ၊ Mate 30 Pro က 40W Charging ေတြနဲ႔ ပိုၿပီး ျမန္ျမန္ဆန္ဆန္သြင္းႏိုင္မွာျဖစ္ပါတယ္၊ ဒါေပမယ့္ Note 10+ က ပုံမွန္အေနနဲ႔ 25W Charging ပဲသြင္းႏိုင္မွာျဖစ္ၿပီး 45W Charger ကို သီးသန္႔ဝယ္ယူရမွာပါ။ HUAWEI Mate30 Pro မွာေတာ့ သူ႔ရဲ႕ 40W Charger ကို တစ္ပါတည္း ထည့္သြင္းေပးထားတဲ့ အတြက္ သပ္သပ္ထပ္မံဝယ္ယူစရာ လိုအပ္မွာမဟုတ္ပါဘူး။ အခုဖုန္းေတြအကုန္လုံးက Wireless Charging ကို Support ျပဳလုပ္တယ္ဆိုေပမယ့္ Huawei Mate 30 Pro တစ္ခုပဲ 27W Fast Charging ကို Support ျပဳလုပ္တာျဖစ္ပါတယ္။ ေနာက္ၿပီး Huawei Mate 30 Pro နဲ႔ Galaxy Note 10+ ဖုန္းေတြမွာ Reverse Wireless Charging Feature လည္းပါဝင္ဦးမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဘက္ထရီပိုင္း စြမ္းေဆာင္ရည္ပိုင္းမွာ ႏႈိင္းယွဥ္မယ္ဆိုရင္ HUAWEI ရဲ႕ Mate30 Pro က လက္ရွိအေနအထားမွာ စိတ္ေက်နပ္စရာ အေကာင္းဆုံး စြမ္းေဆာင္ရည္ကို ေပးစြမ္းႏိုင္မွာပဲျဖစ္ပါတယ္။

ေစ်းႏႈန္းအေနနဲ႔ေတာ့ Huawei Mate 30 Pro ဟာ လက္ရွိအခ်ိန္မွာ 1,499,000 MMK နဲ႔ Pre-order မွာယူႏိုင္ၿပီျဖစ္ၿပီး Huawei Watch GT2 ကိုပါ လက္ေဆာင္ရရွိဦးမွာျဖစ္ပါတယ္။ Galaxy Note 10+ အေနနဲ႔ကေတာ့ ေငြက်ပ္ ၁၅ သိန္းကေန ၁၈ သိန္းဝန္းက်င္ရွိမွာျဖစ္ၿပီးေတာ့ iPhone 11 Pro Max ကေတာ့ လက္ရွိေစ်းအေနနဲ႔ သိန္း ၂၀ အထက္ရွိမွာပါ။ အဲ့ဒီအတြက္ ကိုယ္က Apple iOS Ecosystem ထဲကဆိုရင္ေတာ့ iPhone 11 Pro Max က အေကာင္းဆုံးျဖစ္မွာပါ၊ ဒီလိုမွမဟုတ္ဘဲ အေကာင္းဆုံး Flagship ဖုန္းတစ္ခုကို လိုက္ရွာေနတယ္ဆိုရင္ Huawei Mate 30 Pro က ပိုၿပီး ေ႐ြးခ်ယ္သင့္တဲ့ဖုန္းတစ္ခုလို႔ ေျပာလို႔ရပါတယ္။

Unicode

လက်ရှိအချိန်မှာ အကောင်းဆုံးဆိုတဲ့ Flagship ဖုန်းကို ရွေးချယ်ဖို့ စိတ်ကူးနေတဲ့သူဆိုရင် လက်ရှိစျေးကွက်ထဲမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ စမတ်ဖုန်း ၃ မျိုးရှိနေပါတယ်။ ဒါတွေကတေ့ာ Samsung Galaxy Note 10+ ၊ iPhone 11 Pro Max နဲ့ Huawei Mate 30 Pro ဖုန်းတွေပဲဖြစ်ပါတယ်။ အခု Article မှာတော့ ဘယ် Flagship ဖုန်းက ဘယ်နေရာမှာ ပိုသာပြီးတော့ ဘယ်သူတွေက ဘယ်ဖုန်းကို ရွေးချယ်သင့်တယ်ဆိုတာကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

အခု စမတ်ဖုန်း ၃ မျိုးစလုံးက လုံးဝ Flagship Level Build Quality ရှိနေပေမယ့် Design ပိုင်းအရတော့ တမျိုးစီလို့ ပြောလို့ရပါတယ်။ Apple ကတော့ အရှေ့ဘက် Design က ပြီးခဲ့တဲ့ iPhone X တုန်းက Design ကိုပဲ ဆက်လက်အသုံးပြုထားပေမယ့် အနောက်ဖက်ကတော့ လုံးဝ ပြောင်းလဲထားပြီး Soft Touch Coating Glass ကို ပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ Samsung Galaxy Note 10+ ကတော့ Notch ပါဝင်ခြင်းမရှိပဲ Infinity-O Selfie Camera နဲ့အတူ အနောက်ဖက်ကလည်း ပုံမှန် Gorilla Glass 6 ကိုပဲ အသုံးပြုထားတာပါ။ Huawei Mate 30 Pro ကတော့ Notch ပါဝင်တဲ့ Waterfall Curved Display ကို ထည့်သွင်းထားပြီး Volume Keys တွေလည်း မပါတော့တဲ့အတွက် ဒီ Flagship ဖုန်းတွေထဲမှာ ပိုပြီး ထူးခြားတဲ့ Design ရှိနေတယ်လို့ ပြောလို့ရပါတယ်။

Display ပိုင်းမှာကတော့ အခု ဖုန်းတွေအကုန်လုံး Flagship ဖုန်းတွေဖြစ်တာနဲ့အညီ OLED Display ကိုပဲ အသုံးပြုထားပြီးတော့ Resolution အနေနဲ့လည်း Samsung Galaxy Note 10+ က Quad HD+ ၊ iPhone 11 Pro Max က Super Retina XDR နဲ့ Mate 30 Pro ကတော့ Full HD+ ရှိမှာဖြစ်ပါတယ်။ Display Pixel Density အနေနဲ့ Note 10+ က အမြင့်ဆုံးဖြစ်သလို Screen Size ကလည်း 6.8″ အထိရှိမှာဖြစ်တဲ့အတွက် Display အကောင်းဆုံး Flagship ဖုန်းကို ရှာနေတယ်ဆိုရင် Samsung Galaxy Note 10+ ကိုပဲ Recommend ပေးရမှာပါ။

Performance ပိုင်းအနေနဲ့ကတော့ အခု Flagship ဖုန်းတွေအကုန်လုံးက ကိုယ်ပိုင် Processor ကိုပဲ အသုံးပြုထားကြတာဖြစ်ပါတယ်။ Samsung Note 10+ က 7nm Exynos 9825 Processor ၊ Huawei Mate 30 Pro က 7nm+ HiSilicon Kirin 990 Processor နဲ့ Apple iPhone 11 Pro ကလည်း 7nm+ A13 Bionic Chip တွေကို အသုံးပြုထားပြီး စွမ်းဆောင်ရည်ပိုင်းမှာတော့ Apple A13 Bionic Chip က အကောင်းဆုံးဖြစ်နေပြီးတော့ အနောက်မှာ Huawei Kirin 990 Processor ရှိနေမှာပါ။

အခုလိုမျိုး Design, Display နဲ့ Performance တွေလိုမျိုးပဲ Flagship ဖုန်းတွေထဲမှာ အရေးကြီးဆုံး အပိုင်းဖြစ်တဲ့ Camera ပိုင်းမှာတော့ ဒီ စမတ်ဖုန်းတွေက ကွာခြားချက်များပြားတာကို တွေ့ရပါတယ်။ Specs ပိုင်းအနေနဲ့ကတော့ Apple iPhone 11 Pro က 12MP Triple Camera Setup ကို အသုံးပြုထားပြီး ပုံမှန် Wide ၊ Telephoto အပြင် Ultrawide Lens ပါ ပါဝင်လာတာဖြစ်ပါတယ်။ Samsung Galaxy Note 10+ ကတော့ 12MP Dual Aperture Primary Sensor ၊ 12MP Telephoto Sensor နဲ့ 16MP Ultrawide Sensor တွေပါဝင်မှာဖြစ်ပြီး 3D DepthVision Sensor ပါ ပါဝင်ဦးမှာပါ။ Huawei Mate 30 Pro ကတော့ Specs ပိုင်းအရ အကောင်းဆုံးဖြစ်နေပြီးတော့ 40MP f1.6 Primary Sensor ၊ 40MP Ultrawide Sensor နဲ့ 8MP 3x Optical Zoom Telephoto Sensor တွေကို တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒ့ါအပြင် Huawei Mate 30 Pro မှာလည်း 3D ToF Sensor ပါဝင်ဦးမှာပါ။

Image Quality ပိုင်းမှာတော့ ပုံမှန် Point & Shoot အနေနဲ့ Apple iPhone 11 Pro က ပြီးခဲ့တဲ့ iPhone တွေနဲ့ ယှဥ်ရင် သိသိသာသာပိုကောင်းလာပြီးတော့ Details ပိုင်းတွေပိုကောင်းလာတဲ့ Deep Fusion လို Feature တွေက သဘောကျစရာလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် Camera ကို Manual Mode အပြင် Slow-motion Video တွေကိုပါ ရိုက်ကူးချင်တဲ့သူတွေအတွက်ကတော့ LEICA နဲ့ ပူးပေါင်းထားတဲ့ Huawei Mate 30 Pro က မယုံကြည်နိုင်လောက်အောင်ကို ကောင်းမွန်လွန်းလှတဲ့ 7680fps Slo-mo Video တွေကို ရိုက်ကူးနိုင်တဲ့အတွက် ရွေးချယ်စရာဖြစ်မှာပါ။ ဒီနေရာမှာတော့ အခု စမတ်ဖုန်း ၃ မျိုးစလုံးက စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်ကို ပေးနိုင်မှာဖြစ်ပေမယ့် iPhone 11 Pro နဲ့ Huawei Mate 30 Pro က ပိုပြီး ရွေးချယ်သင့်တယ်လို့ ပြောလို့ရပါတယ်။

Battery ပိုင်းအနေနဲ့ကတော့ iPhone 11 Pro Max က 3969mAh ၊ Note 10+ က 4300mAh နဲ့ Huawei Mate 30 Pro က 4500mAh Battery ပါဝင်မှာဖြစ်ပါတယ်။ အခု ဖုန်း ၃ မျိုးစလုံးဟာ တနေကုန် Battery ခံမှာဖြစ်သလို အားပြန်သွင်းတဲ့အချိန်မှာတော့ iPhone 11 Pro Max က 18W Charging ပဲ ပြန်သွင်းနိုင်ပေမယ့် Note 10+ က 45W Charging ၊ Mate 30 Pro က 40W Charging တွေနဲ့ ပိုပြီး မြန်မြန်ဆန်ဆန်သွင်းနိုင်မှာဖြစ်ပါတယ်၊ ဒါပေမယ့် Note 10+ က ပုံမှန်အနေနဲ့ 25W Charging ပဲသွင်းနိုင်မှာဖြစ်ပြီး 45W Charger ကို သီးသန့်ဝယ်ယူရမှာပါ။ HUAWEI Mate30 Pro မှာတော့ သူ့ရဲ့ 40W Charger ကို တစ်ပါတည်း ထည့်သွင်းပေးထားတဲ့ အတွက် သပ်သပ်ထပ်မံဝယ်ယူစရာ လိုအပ်မှာမဟုတ်ပါဘူး။ အခုဖုန်းတွေအကုန်လုံးက Wireless Charging ကို Support ပြုလုပ်တယ်ဆိုပေမယ့် Huawei Mate 30 Pro တစ်ခုပဲ 27W Fast Charging ကို Support ပြုလုပ်တာဖြစ်ပါတယ်။ နောက်ပြီး Huawei Mate 30 Pro နဲ့ Galaxy Note 10+ ဖုန်းတွေမှာ Reverse Wireless Charging Feature လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီပိုင်း စွမ်းဆောင်ရည်ပိုင်းမှာ နှိုင်းယှဉ်မယ်ဆိုရင် HUAWEI ရဲ့ Mate30 Pro က လက်ရှိအနေအထားမှာ စိတ်ကျေနပ်စရာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့တော့ Huawei Mate 30 Pro ဟာ လက်ရှိအချိန်မှာ 1,499,000 MMK နဲ့ Pre-order မှာယူနိုင်ပြီဖြစ်ပြီး Huawei Watch GT2 ကိုပါ လက်ဆောင်ရရှိဦးမှာဖြစ်ပါတယ်။ Galaxy Note 10+ အနေနဲ့ကတော့ ငွေကျပ် ၁၅ သိန်းကနေ ၁၈ သိန်းဝန်းကျင်ရှိမှာဖြစ်ပြီးတော့ iPhone 11 Pro Max ကတော့ လက်ရှိစျေးအနေနဲ့ သိန်း ၂၀ အထက်ရှိမှာပါ။ အဲ့ဒီအတွက် ကိုယ်က Apple iOS Ecosystem ထဲကဆိုရင်တော့ iPhone 11 Pro Max က အကောင်းဆုံးဖြစ်မှာပါ၊ ဒီလိုမှမဟုတ်ဘဲ အကောင်းဆုံး Flagship ဖုန်းတစ်ခုကို လိုက်ရှာနေတယ်ဆိုရင် Huawei Mate 30 Pro က ပိုပြီး ရွေးချယ်သင့်တဲ့ဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။