Zawgyi

Huawei ရဲ႕ Mate 20 Pro နဲ႔ P30 Pro လုိမ်ိဳး Flagship စမတ္ဖုန္းေတြရဲ႕ အဓိကအားသာခ်က္ကိုေျပာပါဆုိရင္ ကင္မရာပိုင္းကိုိုပဲ ေထာက္ျပရမွာပါ။ ဒါေပမယ့္ ဒါက ကင္မရာပိုင္းဆုိတာထက္ ဓါတ္ပံုပိုင္းလုိ႔ ေျပာတာက ပိုမွန္ပါလိမ့္မယ္။

ဘာေၾကာင့္လဲဆုိရင္ လက္ရွိေနာက္ဆံုးထြက္ထားတဲ့ Flagship ဖုန္းျဖစ္တဲ့ Huawei P30 Pro အထိကို Video Recording ျပဳလုပ္တဲ့အခ်ိန္မွာ 4K Video ကို 30fps ထက္ ပုိျပီး Record လုပ္လုိ႔မရတာေၾကာင့္ျဖစ္ပါတယ္။ ဒါက Huawei ရဲ႕ ကိုယ္ပိုင္ Kirin 980 Processor ရဲ႕ အၾကီးမားဆံုးအားနည္းခ်က္တစ္ခုဆုိရင္လည္းမမွားပါဘူး။

ဒါေပမယ့္ ျပီးခဲ့တဲ့ရက္သတၱပတ္ပိုင္းတုန္းက ျပဳလုပ္ခဲ့တဲ့ Huawei Developer’s Conference မွာ Huawei ကေန လာမယ့္ Next Generation High-end Chipset တစ္ခုျဖစ္တဲ့ Kirin 990 မွာ 4K Video ကို 60fps ႏႈန္းနဲ႔ ရုိက္ကူးႏုိင္မယ္လုိ႔ အတည္ျပဳသြားခဲ့ပါတယ္။ အဲ့ဒီအတြက္ စမတ္ဖုန္းနဲ႔ ဓါတ္ပံုတင္မဟုတ္ဘဲ Video မွာ ေကာင္းေကာင္းရုိက္ကူးခ်င္တဲ့သူေတြအတြက္ကေတာ့ ဝမ္းသာစရာပါ။

4K Video ကို 60fps နဲ႔ ရုိက္ကူးႏုိင္တာက Apple အေနနဲ႔ ျပီးခဲ့တဲ့ iPhone 8 နဲ႔ Samsung Galaxy S9 လုိ ဖုန္းေတြမွာ စျပီးပါဝင္ခဲ့တဲ့အတြက္ Huawei အေနနဲ႔ ဓါတ္ပံုပိုင္းမွာ အေကာင္းဆံုးဆုိျပီး သတ္မွတ္ခံထားရေပမယ့္ Video ပိုင္းမွာေတာ့ ေနာက္ေကာက္က်ေနခဲ့တာျဖစ္ပါတယ္။

အခု Huawei Kirin 990 Chipset ကို လာမယ့္ Huawei Mate 30 Pro မွာ အသံုးျပဳလာမွာျဖစ္ျပီး ေအာက္တုိဘာလဝန္းက်င္မွာ တရားဝင္မိတ္ဆက္လာႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Huawei ရဲ့ Mate 20 Pro နဲ့ P30 Pro လိုမျိုး Flagship စမတ်ဖုန်းတွေရဲ့ အဓိကအားသာချက်ကိုပြောပါဆိုရင် ကင်မရာပိုင်းကိုပဲ ထောက်ပြရမှာပါ။ ဒါပေမယ့် ဒါက ကင်မရာပိုင်းဆိုတာထက် ဓါတ်ပုံပိုင်းလို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင် လက်ရှိနောက်ဆုံးထွက်ထားတဲ့ Flagship ဖုန်းဖြစ်တဲ့ Huawei P30 Pro အထိကို Video Recording ပြုလုပ်တဲ့အချိန်မှာ 4K Video ကို 30fps ထက် ပိုပြီး Record လုပ်လို့မရတာကြောင့်ဖြစ်ပါတယ်။ ဒါက Huawei ရဲ့ ကိုယ်ပိုင် Kirin 980 Processor ရဲ့ အကြီးမားဆုံးအားနည်းချက်တစ်ခုဆိုရင်လည်းမမှားပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ Huawei Developer’s Conference မှာ Huawei ကနေ လာမယ့် Next Generation High-end Chipset တစ်ခုဖြစ်တဲ့ Kirin 990 မှာ 4K Video ကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းနဲ့ ဓါတ်ပုံတင်မဟုတ်ဘဲ Video မှာ ကောင်းကောင်းရိုက်ကူးချင်တဲ့သူတွေအတွက်ကတော့ ဝမ်းသာစရာပါ။

4K Video ကို 60fps နဲ့ ရိုက်ကူးနိုင်တာက Apple အနေနဲ့ ပြီးခဲ့တဲ့ iPhone 8 နဲ့ Samsung Galaxy S9 လို ဖုန်းတွေမှာ စပြီးပါဝင်ခဲ့တဲ့အတွက် Huawei အနေနဲ့ ဓါတ်ပုံပိုင်းမှာ အကောင်းဆုံးဆိုပြီး သတ်မှတ်ခံထားရပေမယ့် Video ပိုင်းမှာတော့ နောက်ကောက်ကျနေခဲ့တာဖြစ်ပါတယ်။

အခု Huawei Kirin 990 Chipset ကို လာမယ့် Huawei Mate 30 Pro မှာ အသုံးပြုလာမှာဖြစ်ပြီး အောက်တိုဘာလဝန်းကျင်မှာ တရားဝင်မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena