[Zawgyi]

Huawei Mate 30 Pro ဟာ ေကြးခုံးေနတဲ့မ်က္ႏွာျပင္နဲ႔ ျပဳလုပ္လာမွာ ျဖစ္ပါတယ္။ အခုျမင္ေတြ႕ရတဲ့ ဓါတ္ပုံအရေတာ့ ေဘးႏွစ္ဖက္က မ်က္ႏွာျပင္ေကြးႏွစ္ခုဟာ ၉၀ဒီဂရီနီးပါးျဖစ္ေနမယ္လို႔ဆိုတာကို လက္ခံရမွာ ျဖစ္ပါတယ္။ ဒီအတိုင္းသာ အမွန္ဆိုရင္ေတာ့ လက္ရွိေဈးကြက္မွာ ေရာင္းခ်ေနတဲ့ ေကြးခုံးမ်က္ႏွာျပင္ပါတဲ့ ဖုန္းေတြထက္ ပိုၿပီး ေကြးခုံးမႈပမာဏ မ်ားလာမယ္လို႔ ဆိုရပါလိမ့္မယ္။

OLED မ်က္ႏွာျပင္ဟာ ေထာင့္ျဖတ္အတိုင္းအတာအားျဖင့္ 6.71-inch ရွိတယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အခုလို ေဘးႏွစ္ဖက္ကို ေကြးခုံးမ်က္ႏွာျပင္လုပ္လိုက္တဲ့အတြက္ ခလုတ္ေတြက ဘယ္ေနရာေရာက္သြားမလဲလို႔ ေမးခြန္းထုတ္စရာ ရွိပါတယ္။ ျမင္ေတြ႕ရတဲ့ မ်က္ႏွာျပင္ပုံစံအရ ေဘးေဘာင္ေတြတစ္ေလွ်ာက္မွာ ခလုတ္ေတြထားဖို႔ ေနရာအလုံအေလာက္မရွိဘူးလို႔ ယူဆရပါတယ္။ Samsung Galaxy Note Edge လိုမ်ိဳး Simulate button အသုံးျပဳလာမလားဆိုတာ စိတ္ဝင္စားစရာပါ။

ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းတစ္ခုက Huawei ကို ကုန္ၾကမ္းေတြ ေထာက္ပံ့ေပးေနတဲ့ အတြင္းလူဆီက ထြက္လာတဲ့ သတင္းပါ။ အဲဒါက တ႐ုတ္ကုမၸဏီဟာ Glass Unibody အျဖစ္ထုတ္လုပ္ဖို႔ စိတ္အားထက္သန္ ေနတယ္ဆိုတာပါပဲ။ အမွန္တကယ္သာ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ေရွ႕ေရာေနာက္ပါ ဖန္သားျပင္အတိနဲ႔ စမတ္ဖုန္းတစ္လုံးအျဖစ္ ျမင္ေတြ႕လာရမွာပါ။

မ်က္ႏွာျပင္ကိုေခါက္လို႔ရတဲ့ Foldable ဖုန္းေတြ ေပၚလာမယ္ဆိုတာ မျဖစ္ႏိုင္ေသးဘူးလို႔ ထင္ခဲ့ၾကေပမယ့္ အမွန္တကယ္ ထုတ္လုပ္ႏိုင္လာတဲ့ေခတ္မွာ ကိုယ္ထည္ေရာမ်က္ႏွာျပင္ပါ ဖန္သားျပင္အတိနဲ႔စမတ္ဖုန္းဆိုတာကေတာ့ သိပ္ေဝးမေနဘူးလို႔ ဆိုရပါလိမ့္မယ္။ ဒါေပမယ့္ Ice က ထြက္ေပၚလာတဲ့ သတင္းအရ ခပ္ႀကီးႀကီး Notch တစ္ခုကေတာ့ ပါဝင္လာမယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

သာမန်ထက် ပိုပြီးကွေးခုံးတဲ့မျက်နှာပြင်နဲ့ထွက်လာမယ့် Huawei Mate 30 Pro

Huawei Mate 30 Pro ဟာ ကွေးခုံးနေတဲ့မျက်နှာပြင်နဲ့ ပြုလုပ်လာမှာ ဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့ ဓါတ်ပုံအရတော့ ဘေးနှစ်ဖက်က မျက်နှာပြင်ကွေးနှစ်ခုဟာ ၉၀ဒီဂရီနီးပါးဖြစ်နေမယ်လို့ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ အမှန်ဆိုရင်တော့ လက်ရှိဈေးကွက်မှာ ရောင်းချနေတဲ့ ကွေးခုံးမျက်နှာပြင်ပါတဲ့ ဖုန်းတွေထက် ပိုပြီး ကွေးခုံးမှုပမာဏ များလာမယ်လို့ ဆိုရပါလိမ့်မယ်။

OLED မျက်နှာပြင်ဟာ ထောင့်ဖြတ်အတိုင်းအတာအားဖြင့် 6.71-inch ရှိတယ်လို့ မျှော်လင့်ရပါတယ်။ အခုလို ဘေးနှစ်ဖက်ကို ကွေးခုံးမျက်နှာပြင်လုပ်လိုက်တဲ့အတွက် ခလုတ်တွေက ဘယ်နေရာရောက်သွားမလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ မြင်တွေ့ရတဲ့ မျက်နှာပြင်ပုံစံအရ ဘေးဘောင်တွေတစ်လျှောက်မှာ ခလုတ်တွေထားဖို့ နေရာအလုံအလောက်မရှိဘူးလို့ ယူဆရပါတယ်။ Samsung Galaxy Note Edge လိုမျိုး Simulate button အသုံးပြုလာမလားဆိုတာ စိတ်ဝင်စားစရာပါ။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခုက Huawei ကို ကုန်ကြမ်းတွေ ထောက်ပံ့ပေးနေတဲ့ အတွင်းလူဆီက ထွက်လာတဲ့ သတင်းပါ။ အဲဒါက တရုတ်ကုမ္ပဏီဟာ Glass Unibody အဖြစ်ထုတ်လုပ်ဖို့ စိတ်အားထက်သန် နေတယ်ဆိုတာပါပဲ။ အမှန်တကယ်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ရှေ့ရောနောက်ပါ ဖန်သားပြင်အတိနဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် မြင်တွေ့လာရမှာပါ။

မျက်နှာပြင်ကိုခေါက်လို့ရတဲ့ Foldable ဖုန်းတွေ ပေါ်လာမယ်ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ထင်ခဲ့ကြပေမယ့် အမှန်တကယ် ထုတ်လုပ်နိုင်လာတဲ့ခေတ်မှာ ကိုယ်ထည်ရောမျက်နှာပြင်ပါ ဖန်သားပြင်အတိနဲ့စမတ်ဖုန်းဆိုတာကတော့ သိပ်ဝေးမနေဘူးလို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် Ice က ထွက်ပေါ်လာတဲ့ သတင်းအရ ခပ်ကြီးကြီး Notch တစ်ခုကတော့ ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: GSMArena