တရုတ် နည်းပညာ ဘလော့ ၁ ခုက မကြာခင်ကပဲ iPhone 12 နဲ့ 12 Pro ကို ဖြုတ်ပြီး အတွင်းပိုင်းကို ပြသခဲ့ပါတယ်။ အခုတော့ Huawei Mate 40 Pro အလှည့်ကျရောက်လို့ လာပါပြီ။ အဲဒီ ဖုန်းကို အပူပေးပြီး ဖရိမ်နဲ့ ဖန်မျက်နှာပြင်ကြားထဲ နည်းနည်း ဟလာမှ ပါးလွှာတဲ့ Tool ၁ ခုနဲ့ ဖြုတ်ခဲ့တာ ဖြစ်ပါတယ်။

Huawei Mate 40 Pro disassembled, have a peak inside

Huawei Mate 40 Pro ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေဟာ Modular ဒီဇိုင်း ဖြစ်တဲ့အတွက် ၁ ခုချင်းစီကို သီးသန့်တပ်ဆင်ထားတာ ဖြစ်ပါတယ်။ Main Board , Wireless Charging Coil , 4,400mAh ဘက်ထရီ , USB-C Connector နဲ့ ကင်မရာတွေကို မြင်ရပါတယ်။

Huawei Mate 40 Pro disassembled, have a peak inside

ပင်မ ကင်မရာနဲ့ မြင်ကွင်းကျယ် ကင်မရာတွေကို ချိတ်ဆက်ထားပေမယ့် 5x Periscope Zoom ကင်မရာကိုတော့ သီးခြား တပ်ဆင်ထားပါတယ်။

Huawei Mate 40 Pro ဟာ အတွေ့အကြုံ နည်းနည်း ရှိသူတွေတောင် ပြင်ဆင်ရတာ လွယ်ကူမယ်လို့ ထင်ရပါတယ်။ အောက်ဘက်က Pull Tab ကို ဆွဲကာ ဘက်ထရီကို လဲလှယ်နိုင်သလို USB-C Connector ကို အစားထိုးရတာလည်း လွယ်ကူပါတယ်။ ဒါပေမယ့် Huawei Mate 40 Pro ပိုင်ရှင်တွေဟာ Warranty မပျက်ချင်ဘူးဆိုရင် ကိုယ့်ဘာသာ မပြင်ဘဲ Huawei Service Center တွေဆီ သွားသင့်ပါတယ်။

Huawei ဟာ မကြာခင်ကပဲ Mate 40 Series တွေကို ပူပူနွေးနွေး ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေဟာ စွမ်းဆောင်ရည် အရမ်းမြင့်မားတဲ့ အတွက် ပြိုင်ဖက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေအတွက် အဓိက စိန်ခေါ်သူ ဖြစ်လာပါတယ်။

Ref : gsmarena