Huawei နောက်ထုတ်မယ့် Mate Series ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ ကြေညာနိုင်ပါတယ်။ အဲဒီထဲက Mate 40 Pro မှာ HiSilicon Kirin 1020 SoC မောင်းနှင်ထားမယ်လို့ အရင်က သတင်းထွက်ခဲ့ပေမယ့် အခုတော့ 5nm Fabrication Process ကို အခြေပြု တည်ဆောက်ထားတဲ့ Kirin 1000 SoC ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

နာမည်ကျော် Leakster ဖြစ်သူ @Rodent950 ကနေ ဒီသတင်းထွက်လာတာ ဖြစ်ပြီး တွစ်တာက ပို့စ်မှာ သူက Huawei Mate 40 Pro မှာ Kirin 1000 SoC ပါမယ်လို့ ရေးသားထားပါတယ်။ အဲဒီ Chipset ကို TSMC က ထုတ်လုပ်မှာ ဖြစ်ပြီး စွမ်းရည်မြင့် 5G Chipset ဖြစ်ပါတယ်။

အမေရိကန် အစိုးရက TSMC ကို Huawei အား Chip ရောင်းခွင့် ပိတ်ပင်ပြီးနောက်မှာ ဒီသတင်းထွက်လာတာ ဖြစ်ပါတယ်။ အမေရိကန် အစိုးရရဲ့ အခု ပိတ်ပင်မှု မတိုင်ခင်မှာ Huawei က 5nm Chip တွေ မှာယူထားတာ ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာ Huawei ဟာ TSMC ကနေ Chip တွေ ဝယ်ယူဖို့ မသေချာတော့ပါဘူး။

အဲဒီ စွမ်းရည်မြင့် Chipset ရဲ့ သတင်းအချက်အလက်‌ အသေးစိတ်ကို လက်ရှိမှာ မသိရသေးပါဘူး။ Kirin 1000 SoC မှာ Cortex-A78 Core တွေပါမယ်လို့ သတင်းထွက်နေပေမယ့် မသေချာသေးပါဘူး။ မကြာခင်မှာ Mate 40 Pro ရဲ့ သတင်းတွေ ပိုသိလာရမှာပါ။

Ref : gizmochina