Huawei ဟာ တစ်နှစ်ကို P Series နဲ့ Mate Series ဆိုပြီး Flagship Series စမတ်ဖုန်း ၂ မျိုး မိတ်ဆက်နေကျ ဖြစ်ပါတယ်။ အခုလည်း Huawei ကနေ လာမယ့် အောက်တိုဘာလဝန်းကျင်မှာ Huawei Mate 40 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပြီးတော့ အခုအချိန်မှာ အဆိုပါ Mate 40 Series ဖုန်းတွေမှာပါဝင်လာမယ့် Feature တစ်ခုက ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါ Feature အသစ်ဟာ Camera နဲ့ သက်ဆိုင်တယ်ဆိုပေမယ့်လည်း Camera Sensor နဲ့ပတ်သက်တာမျိုးမဟုတ်ဘဲ Software User Interface ပိုင်းလို့ ပြောရမှာပါ။ Huawei ကတော့ ဒီ Camera Interface အသစ်ကို Side-Touch ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။

ဒီလိုမျိုး Side Touch Camera Interface ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀၁၉ ခုနှစ်ထဲက China National Intellectual Property Adminstration (CNIPA) မှာ မူပိုင်ခွင့်တင်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ၂၀၂၀ ကမှ Approve ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အဆိုပါ Side-Touch Camera Interface အလုပ်လုပ်မယ့် ဓါတ်ပုံတွေပါ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါ Side-Touch Camera Interface ဟာ Camera ကို အသုံးပြုနေတဲ့အချိန်မှာ ဖုန်းရဲ့ ဘေးဘက် Curved Display မှာ Camera Mode တွေအများအပြားကို ပြောင်းလဲနိုင်တဲ့ Shortcut တွေကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။ ဒါကလည်း Huawei ကနေ အခုနောက်ပိုင်း Flagship ဖုန်းတွေမှာ Waterfall Display ကို အသုံးပြုနေတဲ့အတွက် ဖြစ်နိုင်ခြေများပြားနေပါတယ်။

Huawei Mate 40 Series ဖုန်းတွေဟာ လက်ရှိသိရှိထားရတဲ့သတင်းတွေအရ 108MP Primary Sensor ကိုပါ ပြောင်းလဲအသုံးပြုသွားမှာဖြစ်တဲ့အတွက် Huawei အနေနဲ့ Camera ပိုင်းကို သိသိသာသာကို ထပ်ပြီးအဆင့်မြှင့်တင်လာဦးမယ့်ပုံစံပါပဲ။

Ref – Gizmo China