Huawei ရဲ့ Flagship စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ Huawei P30 Series ဖုန်းတွေကတည်းက Mono Speaker ပဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါကပြီးခဲ့တဲ့ Huawei P40 Series ဖုန်းတွေအထိ မှန်ကန်တယ်လို့ ပြောနိုင်ပေမယ့် အခုလာမယ့် Huawei Mate 40 Series ဖုန်းတွေမှာတော့ ပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Huawei Mate 40 Series ဖုန်းတွေမှာ လက်ရှိ Xiaomi Mi 10 Series နဲ့ Honor X10 Max ဖုန်းတွေလိုမျိုး ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်ဘောင်တွေမှာ Stereo Speaker Setup ကိုအသုံးပြုလာတော့မှာပဲဖြစ်ပါတယ်။ အဆိုပါသတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ “@RODENT950” ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဖုန်းရဲ့ အပေါ်နဲ့အောက်ဖက်မှာ Symmetrical ဖြစ်တဲ့ Stereo Speaker Setup ကို အသုံးပြုထားတဲ့ Mi 10 Pro ဖုန်းဟာ လက်ရှိမှာ Audio Quality အကောင်းဆုံးစမတ်ဖုန်းအနေနဲ့ သတ်မှတ်ခံထားရပါတယ်။ Huawei အနေနဲ့လည်း Camera ပိုင်းမှာတင်မဟုတ်ဘဲ Audio Quality ပိုင်းမှာပါ Mi 10 Pro ကို Huawei Mate 40 Pro ဖုန်းနဲ့ ကျော်တက်နိုင်ခြေများနေပါတယ်။

ပြီးခဲ့တဲ့ Huawei Mate 20 Series ဖုန်းတွေမှာတော့ Dolby Atmos Audio စနစ်ကိုထောက်ပံ့ပေးနိုင်ခဲ့ပေမယ့် လက်ရှိဖြစ်ပွားနေတဲ့ US အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့် Dolby Atmos စနစ်ကို Mate 40 Series ဖုန်းတွေမှာ သုံးလာနိုင်ပါ့မလားဆိုတာကလည်း တစ်ချက်စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ဒီလိုမျိုး Stereo Speaker Setup ကို အသုံးပြုလာတယ်ဆိုတာနဲ့တင် Huawei က Mate 40 Series ဖုန်းတွေမှာ Audio ပိုင်းကို ပိုအားစိုက်လာမယ်ဆိုတာ သေချာနေပါတယ်။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Huawei Mate 40 Pro ဖုန်းမှာ 2640×1200 Resolution ရှိတဲ့ 90Hz Display ၊ 5nm Architecture ကိုအသုံးပြုထားတဲ့ Kirin 1000 Chipset နဲ့ Camera ပိုင်းမှာ အဆင့်မြှင့်တင်ထားတဲ့ Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ Huawei Mate 40 Series ဖုန်းတွေကိုတော့ လာမယ့် အောက်တိုဘာလအတွင်းမှာ တရားဝင်မိတ်ဆက်သွားမှာပါ။

Ref – Gizmo China