Huawei ကနေ Mate 40 Series စမတ်ဖုန်းတွေကို လာမယ့်အောက်တိုဘာလမှာ မိတ်ဆက်လာမှာဖြစ်ပြီး အစောဆုံး 5nm Architecture ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတွေလည်းဖြစ်လာမှာပါ။ အဆိုပါ Huawei Mate 40 Series ဖုန်းတွေဟာ အစောပိုင်းတုန်းက Under-Display Camera နည်းပညာကိုပါ အသုံးပြုလာမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာ Chinese Microblogging Website တစ်ခုကနေ Weibo စာမျက်နှာမှာ Huawei Mate 40 ဖုန်းမှာ Under-Display Camera ကိုထည့်သွင်းလာမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအစား မနှစ်တုန်းကလိုမျိုး Notch ကိုပဲ အသုံးပြုလာမလား၊ Huawei P40 ဖုန်းတွေလိုမျိုး Punch-hole Design ပြုလုပ်လာမလားဆိုတာကိုလည်း အတည်ပြုပေးခဲ့ခြင်းမရှိပြန်ပါဘူး။

Huawei ဟာ အစောပိုင်းတုန်းကထွက်ရှိခဲ့တဲ့သတင်းတွေအရ Visionox ရဲ့ Under-Display Camera နည်းပညာကို ယခုနှစ်အတွက် တစ်ဦးတည်းရယူထားတယ်လို့သိရှိရတဲ့အတွက် Huawei Mate 40 Series ဖုန်းတွေမှာ ထည့်သွင်းလာနိုင်တယ်ဆိုပြီး ယူဆနေကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ ပထမဆုံး Under-Display Camera ပါဝင်တဲ့ဖုန်းက ဘယ်ဖုန်းဖြစ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ Huawei ကနေ အဆိုပါ Mate 40 Series ဖုန်းတွေနဲ့အတူ နောက်ထပ် Foldable ဖုန်းအသစ်ကိုပါ မိတ်ဆက်လာနိုင်တဲ့အတွက် အဆိုပါ Foldable ဖုန်းမှာပဲ Under-Display Camera နည်းပညာကို ထည့်သွင်းလာနိုင်ပါတယ်။

Ref – Gizmo China