Huawei က Mate 40 Series ကို ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့ပြီး အဲဒီထဲမှာ Mate 40 , Mate 40 Pro , Mate 40 Pro+ နဲ့ Mate 40 RS Porsche Edition တွေ ပါလာပါတယ်။ အဲဒီဖုန်းတွေ အပြင် Huawei က Mate 30E Pro 5G ကိုပါ ချပြခဲ့ပါတယ်။ ဒါနဲ့တင် Mate 40 Series တွေဟာ မကုန်နိုင်သေးဘဲ Mate 40E ကို မိတ်ဆက်တော့မယ်လို့ သတင်းထွက်လာပါတယ်။

Huawei Mate 40E

Mate 40E ကို Wireless Power Consortium (WPC) မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က OCE-AN00 ဖြစ်ပါတယ်။ အဲဒီ ဖုန်းရဲ့ ဓါတ်ပုံကိုလည်း ပြသထားပြီး Mate 40 နဲ့ ဆင်တူပါတယ်။ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး မျက်နှာပြင် ညာဘက်အထက်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးကို တပ်ဆင်ထားပါတယ်။ ပါဝါနဲ့ အသံခလုတ်တွေကို ညာဘက်မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာပါတယ်။ Leica Branding နဲ့ LED Flash ကိုလည်း တွေ့ရပြီး Audio Jack နဲ့ Infrared Sensor ကို ထိပ်ဖက်၊ SIM Tray ၊ USB-C Port ၊ စပီကာတွေကို အောက်ခြေမှာ တပ်ဆင်ထားပါတယ်။

Huawei Mate 40E

TENAA က စာရင်းအရ အဲဒီဖုန်းမှာ ၆.၅ လက်မ OLED 2376x1080p မျက်နှာပြင် ထည့်သွင်းထားပြီး 2.86GHz Processor ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ထင်ရတာက Kirin 990E 5G or Kirin 990 5G Chipset ဖြစ်မှာပါ။ Mate 40E မှာ E ပါတဲ့အတွက် Kirin 990E 5G ထည့်သွင်းထားနိုင်ပါတယ်။

အဲဒီဖုန်းမှာ 6GB, 8GB , 12GB RAM နဲ့ 128GB , 256GB , 512GB Storage တွေ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ပင်မ ကင်မရာက 50MP ဖြစ်ပြီး 16MP Ultrawide နဲ့ 8MP Telephoto ကင်မရာတွေ ပါလာမှာပါ။ ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ပါလာမှာ ဖြစ်ပြီး 4,100mAh ဘက်ထရီနဲ့ Android 10 ထည့်သွင်းထားမှာပါ။ အဲဒီဖုန်းကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gizmochina