Huawei Device Business Group (BG) (မြန်မာ)မှ နောက်ဆုံးပေါ် Flagship ထုတ်ကုန်လိုင်းဖြစ်သည့် HUAWEI Mate Series အသစ်နှင့် ဈေးနှုန်းသင့်သော စမတ်ဖုန်းစီးရီးဖြစ်သည့် HUAWEI nova Y Series အသစ်တို့အား မြန်မာနိုင်ငံတွင် မကြာမီ မိတ်ဆက်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အသစ်ထွက်ရှိမည့် HUAWEI Mate Series အသစ်သည် Mate Series စမတ်ဖုန်းများထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားပြီး မျှော်မှန်းထားသည်ထက်ပိုသော နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်ထားသည်။

Huawei မှ consumer business အတွင်းလုပ်ကိုင်နေသည်မှာ ၂၀၁၁ ခုနှစ် ကတည်းကဖြစ်ပြီး consumer products များ၏ Research and Development Sector တွင် စဉ်ဆက်မပြတ် ရင်းနှီးမြုပ်နှံခဲ့သည်။ စမတ်ဖုန်းနယ်ပယ်တွင်လည်း Huawei မှ စတင်တီထွင်ဆန်းသစ်ခဲ့သည့် ဒီဇိုင်းနှင့် နည်းပညာပေါင်းများစွာရှိသည်။ Huawei သည် HUAWEI P20 Pro နှင့်အတူ ပထမဆုံး triple-camera setup ကိုစတင်မိတ်ဆက်ခဲ့သည်။ P30 Series တွင် စမတ်ဖုန်းတစ်လုံးနှင့် ရိုက်ကူးနိုင်မည်ဟု ထင်မှတ်မထားလောက်သည့် အံ့ဩဖွယ်ရာ Zoom ချဲ့ရိုက်ကူးခြင်းများ ပြုလုပ်နိုင်သည့် SuperZoom ကို မိတ်ဆက်ခဲ့သည်။ တစ်ကမ္ဘာလုံးတွင် Huawei အား အသုံးပြုသူပေါင်း ၇၃၀ ဘီလီယံကျော်ရှိပြီး ချိတ်ဆက်ထားသောDevices ပေါင်း ၁ ဘီလီယံကျော်ရှိပြီဖြစ်သည်။

ယခုအခါတွင်လည်း တရုတ်နိုင်ငံတွင်အသုံးပြုပါက Beidou Satellite Messaging အား အထောက်အပံ့ပေးသည့် ပထမဆုံး စမတ်ဖုန်းဖြစ်သည့် Mate Series အသစ်အားမိတ်ဆက်တော့မည်ဖြစ်သည်။ ထို့ပြင် ယခု Mate Series အသစ်တွင် EMU13 အားလည်းပွဲဦးထွက် ထည့်သွင်းထုတ်လုပ်ထားသည်။ HUAWEI Mate Series အသစ်သည် အကြမ်းခံသော “Kunlun Glass” ဖြင့်ထုတ်လုပ်ထားသည့်အတွက် ၁၀ ကြိမ်တိုင်အောင် ပြုတ်ကျမှုခံနိုင်သည့်အပြင် Switzerland’s SGS မှ Five-Star-Glass Drop Resistance Certification ကိုရရှိထားသည့် ပထမဆုံးဖုန်းလည်းဖြစ်သည်။ ထို့အပြင် HUAWEI Mate Series အသစ်သည် တရုတ်ပြည်တွင်ရောင်းအားအကောင်းဆုံးဖုန်းဖြစ်သည်။ Pre-order တင်သည့် အရေအတွက်မှာ ၂.၄၅ မီလီယံ ကျော်ခဲ့ပြီး ပထမဆုံးစတင်ရောင်းချသည့်နေ့တွင်လည်း ၁၀ စက္ကန့်အတွင်း Stock ပြတ်သည်အထိ ရောင်းထွက်ခဲ့သည့် ရောင်းအားအကောင်းဆုံးဖုန်းဖြစ်သည်။ သုံးစွဲသူများအနေဖြင့် တန်းစီစောင့်ဆိုင်းကာ တစ်ခဲနက် ဝယ်ယူအားပေးခဲ့ကြသည်။ HUAWEI Mate Series အသစ်အား ယခုလအတွင်း နိုင်ငံတကာဈေးကွက်တွင် ပထမဆုံး စတင်မိတ်ဆက်မည်ဖြစ်သည်။

HUAWEI nova Series များသည် ယနေ့ခေတ်လူငယ်များအကြား ရေပန်းစားသော စမတ်ဖုန်းများဖြစ်သည်။ nova ဟူသော နာမည်သည် လက်တင်ဘာသာစကားမှဆင်းသက်လာခြင်းဖြစ်ပြီး “သစ်လွင်ဆန်းသစ်သော” ဟုအဓိပ္ပါယ်ရသည်။ ငယ်ရွယ်ခြင်း၊ သန်မာခြင်း၊ ယုံကြည်ချက်ရှိခြင်းတို့ကို ကိုယ်စားပြုသည်။ “Innovation” စကားလုံးတွင်လည်း “nova” ပါဝင်သည်။ ထို့ကြောင့် nova series အား ခြုံငုံပြောပါက တီထွင်ဆန်းသစ်ခြင်း၊ ဖက်ရှင်ကျခြင်းနှင့် ကိုယ်ပိုင်ဟန်တို့အား ကိုယ်စားပြုထားပြီး အထူးသဖြင့် လူငယ်များအတွက် ရည်ရွယ်၍ ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်သည်။ တီထွင်ဆန်းသစ်မှုသည် HUAWEI nova series များ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ Huawei သည် ၂၀၁၆ ခုနှစ်မှ စတင်ကာ nova series များအား ဒီဇိုင်း၊ ကင်မရာ၊ Fast-charging solution၊ applications များအပါအဝင် အကောင်းဆုံးနည်းပညာများဖြင့် ထုတ်လုပ်ခဲ့သည်။

ယခုမိတ်ဆက်မည့် ဈေးနှုန်းသင့်တင့်သော HUAWEI nova Y series အသစ်တွင်လည်း အခြား Huawei စမတ်ဖုန်းများနည်းတူ အကောင်းဆုံး ဒီဇိုင်း၊ ကင်မရာနည်းပညာနှင့် ခေတ်မီလုပ်ဆောင်ချက်များဖြင့် ထုတ်လုပ်ထားသည်။ HUAWEI nova Y series အသစ်တွင် အနောက်ဘက်ကင်မရာ ၃ လုံးပါရှိမည်ဖြစ်ပြီး Super Night Shot၊ လှုပ်ရှားနေသည့်အရာများအား အမိအရ ရိုက်ကူးစေနိုင်မည့် AI Snapshot၊ Slow Motion Feature စသည့် ပိုမိုတိုးတက်သောနည်းပညာများဖြင့်ထည့်သွင်းထုတ်လုပ်ထားသည်။ ထို့ပြင် 5000 mAh ဘက်ထရီ၊ 22.5 HUAWEI Super Charge တို့အပြင် PC နှင့် မိုဘိုင်းဖုန်းအလွယ်တကူချိတ်ဆက်နိုင်မည့် Distributed File System ကိုပါ ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ ယခုအသစ်ထွက်ရှိမည့် HUAWEI nova Y Series အား နိုင်ငံတကာဈေးကွက်တွင် မိတ်ဆက်ရာ၌ မြန်မာနိုင်ငံသည် ပထမဆုံးဈေးကွက်များထဲမှတစ်ခုဖြစ်သည်။

ယခုကဲ့သို့ ဆန်းသစ်သော နည်းပညာများဖြင့် ထုတ်လုပ်ထားသည့် Huawei ၏ Mate Series အသစ်နှင့် HUAWEI nova Y series အသစ်တို့အား မြန်မာနိုင်ငံတွင်လည်း မကြာမီမိတ်ဆက်သွားမည်ဖြစ်ကြောင်းသိရသည်။

Press Release – HUAWEI