Huawei Mate 9 စမတ်ဖုန်းဟာ Mate Series တွေကို အောင်မြင်စေခဲ့တဲ့ဖုန်း Series တစ်ခုလို့တောင် ပြောလို့ရပါတယ်။ Huawei Mate 9 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ထဲကထွက်ရှိခဲ့တာဖြစ်ပေမယ့် အခုအချိန်အထိကို Software Update တွေရရှိနေတုန်းပါပဲ။

အခုလည်း Huawei ကနေ Mate 9 စမတ်ဖုန်းတွေအတွက် Update အသစ်ကိုထုတ်ပေးခဲ့ပြီး EMUI 10 တော့မဟုတ်ပေမယ့်လည်း စိတ်ဝင်စားဖွယ် Feature အသစ်တွေပါဝင်ခဲ့ပါတယ်။ အဆိုပါ Update ဟာ EMUI 9.1.0.228 အနေနဲ့ ရရှိလာတာဖြစ်ပြီး လက်ရှိတရုတ်နိုင်ငံမှာ အရင်ဆုံးရရှိသွားမယ်လို့သိရပါတယ်။

အဆိုပါ Software Update ကို Download ဆွဲမယ်ဆိုရင် File Size က 3.2GB ဝန်းကျင်ရှိမှာဖြစ်ပြီး အဓိကအသစ်ပါဝင်လာတဲ့ Feature တွေကတော့ Screen Sharing နဲ့ Smart Charging Mode တွေပဲဖြစ်ပါတယ်။ Screen Sharing Feature ဟာ Video Call ပြောနေတဲ့အချိန်မှာ Camera တင်မဟုတ်ဘဲ ကိုယ့်ဖုန်း Screen ကိုပါ တဖက်လူကို မျှဝေပေးနိုင်တဲ့ Feature ဖြစ်ပြီး တခြားသောစမတ်ဖုန်းအများအပြားမှာပါဝင်ခြင်းမရှိသေးတဲ့ အသုံးဝင်တဲ့ Feature တစ်ခုလို့လည်းပြောရမှာပါ။

နောက်ထပ် Feature ကတော့ ညဘက်ဖုန်းအားသွင်းထားမယ်ဆိုရင် Overcharging ဖြစ်တာကို ကာကွယ်ပေးနိုင်မယ့် Smart Charging Mode ပဲဖြစ်ပါတယ်။ အဆိုပါ Smart Charging Mode ဟာ Battery ကို 100% မပြည့်ခင်မှာ တဖြည်းဖြည်းအားသွင်းနှုန်းကို လျော့ချပေးသွားမှာဖြစ်ပြီး Battery ရဲ့ သက်တမ်းကိုထိန်းပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ယခု Software Update နဲ့အတူ May 2020 Android Security Patch လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တဲ့ Huawei Mate 9 စမတ်ဖုန်းတွေအနေနဲ့ အခုအချိန်အထိကို Software Update ရရှိနေတာကတော့ တော်တော်လေးကို သဘောကျဖို့ကောင်းနေပါတယ်။

Ref – Gizmo China