Huawei ကနေ မနေ့ကတုန်းက Huawei P20 စမတ်ဖုန်းတွေအပြင် Huawei Mate RS စမတ်ဖုန်းကိုပပါ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ အခု ကြေငြာသွားတဲ့ Mate RS စမတ်ဖုန်းဟာ Huawei Mate 10 စမတ်ဖုန်းကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီးတော့ လက်ရှိအကောင်းဆုံးသော Huawei ဖုန်းတစ်ခုလည်းဖြစ်လာပါတယ်။

Huawei Mate RS စမတ်ဖုန်းဟာ Huawei Mate 10 စမတ်ဖုန်းလိုမျိုး Kirin 970 Processor နဲ့ အသုံးပြုထားတဲ့အပြင် Design လည်း Huawei Mate 10 နဲ့ တူညီတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Camera မှာတော့ Huawei P20 Pro လိုမျိး 40MP + 20MP + 8MP Camera ၃ လုံးကို ဖုန်းရဲ့ နောက်ကျောဘက်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် RAM ကလည်း 6GB ပါဝင်မှာဖြစ်ပါတယ်။

Huawei Mate RS စမတ်ဖုန်းဟာ Display အနေနဲ့ 6″ OLED Display ပါဝင်မှာဖြစ်ပြီးတော့ 2K Display ပါဝင်မှာပါ။ Storage အနေနဲ့လည်း 512GB ပါဝင်တဲ့ ပထမဆုံးဖုန်းဖြစ်လာမှာပါ။

တစ်ခုထူးခြားချက်ကတော့ Huawei Mate RS စမတ်ဖုန်းမှာ Fingerprint Scanner ကို ဖုန်းရဲ့ နောက်ကျောဘက်မှာထားရှိထားတဲ့အပြင် Display အောက်မှာပါ ထားထားနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းအရတော့ ယူရို ၂၀၀၀ ကျသင့်မှာဖြစ်ပြီးတော့ မြန်မာငွေ ၃၅ သိန်းလောက်ကို ကျသင့်မှာဖြစ်ပါတယ်။