Huawei ရဲ့ Mate Series စမတ်ဖုန်းတွေဟာ ဈေးနှုန်းအရရော စွမ်းဆောင်ရည်အရရော မြင့်မားတဲ့စမတ်ဖုန်းတွေနဲ့ လူသိများနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကနေ Huawei Mate SE နာမည်နဲ့ Budget Mate Series စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

Huawei Mate SE ဟာ Honor ကနေ ထုတ်လုပ်ထားတဲ့ Honor 7X စမတ်ဖုန်းနဲ့ တူညီပြီးတော့ Kirin 659 Processor ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် 5.9″ Display လည်းပါဝင်မှာဖြစ်ပြီတော့ RAM အနေနဲ့ 4GB နဲ့ Storage ကို 64GB ကို မြှင့်တင်ထားတာမှာဖြစ်ပါတယ်။

Huawei Mate SE ဟာ လက်ရှိအချိန်မှာ us Amazon Store မှာတင် ဝယ်ယူရရှိနိုင်နေပြီးတော့ ဒေါ်လာ ၂၃၀ ပဲကျသင့်တတဲ့အတွက် ပေးရတဲ့ဈေးနဲ့တော့ တော်တော်လေးကိုတန်တယ်လို့ ပြောလို့ရမှာပါ။