[Zawgyi]

Huawei က ဒီႏွစ္အေစာပိုင္းမွာ Mate X ကို ေၾကညာခဲ့ၿပီး ကုမၸဏီရဲ႕ ပထမဆံုး ေခါက္ခ်ိဳး စမတ္ဖုန္း ျဖစ္ပါတယ္။ အခုေတာ့ Huawei က အဲဒီ ဖုန္းရဲ႕ မ်ိဳးဆက္ကို ဖန္တီးေနတယ္လို႔ သတင္းထြက္လာပါတယ္။ USPTO (United States Patent and Trademark Office) မွာ မွတ္ပံုတင္ထားတဲ့ Huawei ရဲ႕ Patent အရ Mate X နဲ႔ ဒီဇိုင္းတူေနတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ ဒစ္ဂ်စ္တယ္ ေဘာပင္ ထည့္သြင္းတဲ့ အခန္းေလး ပါပါတယ္။

LetsGoDigital ရဲ႕ ပံုၾကမ္းအရ အဲဒီ စမတ္ဖုန္းမွာ ပိုပါးလႊာတဲ့ ကင္မရာ၊  ဘက္ထရီေတြနဲ႔ ဒီဇိုင္း ျပင္ဆင္ထားပါတယ္။ စိတ္၀င္စားစရာေကာင္းတာက လက္ရွိမွာ USB-C Port တပ္ဆင္ထားတဲ့ ေနရာကို  ဒစ္ဂ်စ္တယ္ ေဘာပင္ ထည့္သြင္းဖို႔ ဒီဇိုင္းထုတ္ထားပါတယ္။ အဲဒီအတြက္ USB-C Port ရဲ႕ ေနရာကို ေျပာင္းေရႊ႕ထားမွာ ျဖစ္ပါတယ္။

Huawei က သူ႔ရဲ႕ အိုင္ဒီယာကို ေခါက္ခ်ိဳးဖုန္း ထုတ္မယ့္ တျခား ကုမၸဏီေတြ လက္ဦး မသြားေအာင္ မွတ္ပံုတင္ထားတာလည္း ျဖစ္ႏုိင္ပါတယ္။ ဒစ္ဂ်စ္တယ္ ေဘာပင္ဟာ Huawei အတြက္ အဆန္း မဟုတ္ပါဘူး။ Huawei Mate 20 X အပါအ၀င္ စမတ္ဖုန္းနဲ႔ တက္ဘလက္ေတြအတြက္ M-Pen ကို ဖန္တီးေပးထားပါတယ္။

Huawei Mate X ကို ေအာက္တိုဘာလမွာ ေရာင္းေတာ့မွာပါ။ တရုတ္မွာ အေစာဆံုး ေရာင္းခ်ႏုိင္ပါတယ္။ ႏုိ၀င္ဘာလမွာ တစ္ကမာၻလံုးမွာ ၀ယ္ယူႏိုင္မွာပါ။ ဒီသတင္းဟာ Huawei ရဲ႕ Customer Service ကေန မၾကာခင္က ထြက္လာတာ ျဖစ္ပါတယ္။

Ref : gsmarena

[Unicode]

Huawei Mate X 2 မှာ Stylus ပါလာနိုင်

Huawei က ဒီနှစ်အစောပိုင်းမှာ Mate X ကို ကြေညာခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်း ဖြစ်ပါတယ်။ အခုတော့ Huawei က အဲဒီ ဖုန်းရဲ့ မျိုးဆက်ကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ USPTO (United States Patent and Trademark Office) မှာ မှတ်ပုံတင်ထားတဲ့ Huawei ရဲ့ Patent အရ Mate X နဲ့ ဒီဇိုင်းတူနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒစ်ဂျစ်တယ် ဘောပင် ထည့်သွင်းတဲ့ အခန်းလေး ပါပါတယ်။

LetsGoDigital ရဲ့ ပုံကြမ်းအရ အဲဒီ စမတ်ဖုန်းမှာ ပိုပါးလွှာတဲ့ ကင်မရာ၊ ဘက်ထရီတွေနဲ့ ဒီဇိုင်း ပြင်ဆင်ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတာက လက်ရှိမှာ USB-C Port တပ်ဆင်ထားတဲ့ နေရာကို ဒစ်ဂျစ်တယ် ဘောပင် ထည့်သွင်းဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီအတွက် USB-C Port ရဲ့ နေရာကို ပြောင်းရွှေ့ထားမှာ ဖြစ်ပါတယ်။

Huawei က သူ့ရဲ့ အိုင်ဒီယာကို ခေါက်ချိုးဖုန်း ထုတ်မယ့် တခြား ကုမ္ပဏီတွေ လက်ဦး မသွားအောင် မှတ်ပုံတင်ထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒစ်ဂျစ်တယ် ဘောပင်ဟာ Huawei အတွက် အဆန်း မဟုတ်ပါဘူး။ Huawei Mate 20 X အပါအဝင် စမတ်ဖုန်းနဲ့ တက်ဘလက်တွေအတွက် M-Pen ကို ဖန်တီးပေးထားပါတယ်။

Huawei Mate X ကို အောက်တိုဘာလမှာ ရောင်းတော့မှာပါ။ တရုတ်မှာ အစောဆုံး ရောင်းချနိုင်ပါတယ်။ နိုဝင်ဘာလမှာ တစ်ကမ္ဘာလုံးမှာ ဝယ်ယူနိုင်မှာပါ။ ဒီသတင်းဟာ Huawei ရဲ့ Customer Service ကနေ မကြာခင်က ထွက်လာတာ ဖြစ်ပါတယ်။

Ref : gsmarena