[Zawgyi]

Huawei Mate X 5G ကို တရုတ္မွာ ပထမ အသုတ္ စတင္ ေရာင္းခ်ေပးလိုက္ၿပီး ေရာင္းအားက ဖလန္းဖလန္းထေနပါတယ္။ ၁ မိနစ္အတြင္း ပစၥည္းျပတ္သြားတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ေနာက္ တစ္သုတ္ကို ဒီလ ၂၂ ရက္ေန႔မွာ ျပန္လည္ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ Mate X 5G ရဲ႕ 8/512GB Model ကို ၁၆,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၆ သိန္းေလာက္ရွိပါတယ္။ Interstellar Blue ၁ ေရာင္ထဲသာ ထုတ္လုပ္ေပးထားၿပီး တရုတ္မွာ အကန္႔အသတ္နဲ႔ပဲ ေရာင္းမယ္လို႔ ကုမၸဏီက အရင္က ေျပာထားပါတယ္။

Huawei Mate X 5G ကို ျဖန္႔ထားရင္ ၈ လက္မ OLED Display ကို သံုးႏိုင္ပါတယ္။   ေခါက္ခ်ိဳးထားရင္ အေရွ႕ဘက္မွာ ၆.၆ လက္မ Display နဲ႔ အေနာက္ဘက္မွာ ၆.၃၈ လက္မ Display ပါပါတယ္။ Android 9 Pie အေျချပဳ EMUI 9.1.1 ေမာင္းႏွင္ထားပါတယ္။ Kirin 980 Chipset နဲ႔ Balong 5000 5G Modem ထည့္သြင္းထားပါတယ္။ 8GB RAM နဲ႔ 512GB Storage ပါလာၿပီး 256GB nanoSD Card စိုက္ႏုိင္ပါတယ္။

အေနာက္ဘက္မွာ Leica ရဲ႕ Camera ၄ လံုး တပ္ဆင္ထားၿပီး 40MP Main Lens , 16MP Superwide Lens , 8MP Telephoto Lens နဲ႔ 3D ToF Lens ေတြ ျဖစ္ပါတယ္။ 4,500mAh Battery ထည့္ထားၿပီး 55W Huawei SuperCharge နည္းပညာက အားသြင္းရင္ ဖလန္းဖလန္း ျမန္ပါတယ္။

Huawei Mate X 5G မွာ 3.5mm Audio Jack တပ္ဆင္ထားၿပီး ဆက္သြယ္မႈ အပိုင္းမွာ Dual-SIM Support, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, NFC နဲ႔ USB-C ေတြ ပါပါတယ္။ ေဘးဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားပါတယ္။

Ref : gizmochina

[Unicode]

တရုတ်မှာ ၁ မိနစ်အတွင်း ပစ္စည်းပြတ်သွားတဲ့ Huawei Mate X 5G

Huawei Mate X 5G ကို တရုတ်မှာ ပထမ အသုတ် စတင် ရောင်းချပေးလိုက်ပြီး ရောင်းအားက ဖလန်းဖလန်းထနေပါတယ်။ ၁ မိနစ်အတွင်း ပစ္စည်းပြတ်သွားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ နောက် တစ်သုတ်ကို ဒီလ ၂၂ ရက်နေ့မှာ ပြန်လည် ရောင်းချပေးမှာ ဖြစ်ပါတယ်။ Mate X 5G ရဲ့ 8/512GB Model ကို ၁၆,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၆ သိန်းလောက်ရှိပါတယ်။ Interstellar Blue ၁ ရောင်ထဲသာ ထုတ်လုပ်ပေးထားပြီး တရုတ်မှာ အကန့်အသတ်နဲ့ပဲ ရောင်းမယ်လို့ ကုမ္ပဏီက အရင်က ပြောထားပါတယ်။

Huawei Mate X 5G ကို ဖြန့်ထားရင် ၈ လက်မ OLED Display ကို သုံးနိုင်ပါတယ်။ ခေါက်ချိုးထားရင် အရှေ့ဘက်မှာ ၆.၆ လက်မ Display နဲ့ အနောက်ဘက်မှာ ၆.၃၈ လက်မ Display ပါပါတယ်။ Android 9 Pie အခြေပြု EMUI 9.1.1 မောင်းနှင်ထားပါတယ်။ Kirin 980 Chipset နဲ့ Balong 5000 5G Modem ထည့်သွင်းထားပါတယ်။ 8GB RAM နဲ့ 512GB Storage ပါလာပြီး 256GB nanoSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ Leica ရဲ့ Camera ၄ လုံး တပ်ဆင်ထားပြီး 40MP Main Lens , 16MP Superwide Lens , 8MP Telephoto Lens နဲ့ 3D ToF Lens တွေ ဖြစ်ပါတယ်။ 4,500mAh Battery ထည့်ထားပြီး 55W Huawei SuperCharge နည်းပညာက အားသွင်းရင် ဖလန်းဖလန်း မြန်ပါတယ်။

Huawei Mate X 5G မှာ 3.5mm Audio Jack တပ်ဆင်ထားပြီး ဆက်သွယ်မှု အပိုင်းမှာ Dual-SIM Support, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, NFC နဲ့ USB-C တွေ ပါပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

Ref : gizmochina