Zawgyi

Huawei Mate X စမတ္ဖုန္းက ျပီးခဲ့တဲ့ ဇြန္လတုန္းက တရုတ္ႏုိင္ငံမွာ စတင္ေရာင္းခ်ဖို႔စီစဥ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ Huawei Mate X ဖုန္းကို တရုတ္ႏုိင္ငံမွာ ေရာင္းခ်ဖုိ႔ေတာင္မွ စက္တင္ဘာလေနာက္ပုိင္းကို ေရႊ႕ဆုိင္းထားျပီျဖစ္ပါတယ္။

Huawei ရဲ႕ ေျပာေရးဆုိခြင့္ရွိသူရဲ႕ ေျပာၾကားခ်က္အရ Huawei Mate X ကို ႏုိင္ငံတကာေစ်းကြက္မွာ ႏုိဝင္ဘာလဝန္းက်င္မွ ေရာင္းခ်မွာျဖစ္ေပမယ့္ တရုတ္ႏုိင္ငံအတြက္ကိုေတာ့ စက္တင္ဘာနဲ႔ ႏုိဝင္ဘာလၾကားမွာ ေရာင္းခ်သြားမယ္လုိ႔ သိရပါတယ္။ အခုအခ်ိန္မွာေတာ့ ဒီ ျပန္လည္ျပင္ဆင္ထားတဲ့ Huawei Mate X ရဲ႕ သတင္းအေသးစိတ္ကို TENAA Website ကတစ္ဆင့္သိလာရျပီျဖစ္ပါတယ္။

အခု TENAA ရဲ႕ ေဖာ္ျပခ်က္အရ Huawei Mate X စမတ္ဖုန္းက အရြယ္အစားအေနနဲ႔ 61.3 x 146.2 x 11mm ရွိတာ တူညီေနေပမယ့္လည္း Weight အေနနဲ႔ အေစာပိုင္း 287g ကေန 300g အထိ တုိးသြားတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ Power Button က Flat ျဖစ္သြားျပီး Indication Mark တစ္ခုပါ ပါဝင္လာမွာပါ။ Huawei ရဲ႕ ေျပာၾကားခ်က္အရ ေခါက္ခ်ိဳးတဲ့ Hinge ကိုလည္း Improve လုပ္ခဲ့ေသးတယ္လုိ႔ သိရပါတယ္။

Display ပိုင္းအေနနဲ႔ 8″ 2480×2200 Pixels OLED Display ကို သံုးထားျပီး 4500mAh Battery လည္း ဆက္လက္ပါဝင္ဦးမွာျဖစ္ပါတယ္။ ဒီ Huawei Mate X ဖုန္းနဲ႔အတူ 55W Fast Charger လည္း ပါဝင္လာမယ္လုိ႔ သိရပါတယ္။

Specification ပိုင္းေတြအေနနဲ႔ Kirin 980 Chipset ၊ Balong 5000 5G Modem ပါဝင္မွာျဖစ္ျပီး RAM အေနနဲ႔ 6GB ၊ 8GB ကေန 12GB အထိ ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ RAM အေပၚမႈတည္ျပီး Storage ကလည္း 128GB ၊ 256GB ကေန 512GB အထိပါဝင္မွာပါ။ Camera ပိုင္းအေနနဲ႔ Quad Camera ပါဝင္မွာျဖစ္ျပီး Primary 40MP နဲ႔အတူ 16MP Ultrawide ၊ 8MP Telephoto နဲ႔ ToF Sensor ေတြပါဝင္တာကိုေတြ႕ရပါတယ္။ Fingerprint ကိုေဘးဘက္ Power Button မွာပဲ ထည့္သြင္းထားဦးမွာပါ။

အခုလုိမ်ိဳး TENAA Website မွာ ေတြ႕လာရျပီျဖစ္တဲ့အတြက္ Huawei Mate X ဟာ တရုတ္ႏုိင္ငံေစ်းကြက္မွာ မၾကာခင္စတင္ေရာင္းခ်လာႏုိင္ပါတယ္။

Ref – Gizmo China

Unicode

Huawei Mate X စမတ်ဖုန်းက ပြီးခဲ့တဲ့ ဇွန်လတုန်းက တရုတ်နိုင်ငံမှာ စတင်ရောင်းချဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Huawei Mate X ဖုန်းကို တရုတ်နိုင်ငံမှာ ရောင်းချဖို့တောင်မှ စက်တင်ဘာလနောက်ပိုင်းကို ရွှေ့ဆိုင်းထားပြီဖြစ်ပါတယ်။

Huawei ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ Huawei Mate X ကို နိုင်ငံတကာဈေးကွက်မှာ နိုဝင်ဘာလဝန်းကျင်မှ ရောင်းချမှာဖြစ်ပေမယ့် တရုတ်နိုင်ငံအတွက်ကိုတော့ စက်တင်ဘာနဲ့ နိုဝင်ဘာလကြားမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ ဒီ ပြန်လည်ပြင်ဆင်ထားတဲ့ Huawei Mate X ရဲ့ သတင်းအသေးစိတ်ကို TENAA Website ကတစ်ဆင့်သိလာရပြီဖြစ်ပါတယ်။

အခု TENAA ရဲ့ ဖော်ပြချက်အရ Huawei Mate X စမတ်ဖုန်းက အရွယ်အစားအနေနဲ့ 61.3 x 146.2 x 11mm ရှိတာ တူညီနေပေမယ့်လည်း Weight အနေနဲ့ အစောပိုင်း 287g ကနေ 300g အထိ တိုးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Power Button က Flat ဖြစ်သွားပြီး Indication Mark တစ်ခုပါ ပါဝင်လာမှာပါ။ Huawei ရဲ့ ပြောကြားချက်အရ ခေါက်ချိုးတဲ့ Hinge ကိုလည်း Improve လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

Display ပိုင်းအနေနဲ့ 8″ 2480×2200 Pixels OLED Display ကို သုံးထားပြီး 4500mAh Battery လည်း ဆက်လက်ပါဝင်ဦးမှာဖြစ်ပါတယ်။ ဒီ Huawei Mate X ဖုန်းနဲ့အတူ 55W Fast Charger လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

Specification ပိုင်းတွေအနေနဲ့ Kirin 980 Chipset ၊ Balong 5000 5G Modem ပါဝင်မှာဖြစ်ပြီး RAM အနေနဲ့ 6GB ၊ 8GB ကနေ 12GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ RAM အပေါ်မှုတည်ပြီး Storage ကလည်း 128GB ၊ 256GB ကနေ 512GB အထိပါဝင်မှာပါ။ Camera ပိုင်းအနေနဲ့ Quad Camera ပါဝင်မှာဖြစ်ပြီး Primary 40MP နဲ့အတူ 16MP Ultrawide ၊ 8MP Telephoto နဲ့ ToF Sensor တွေပါဝင်တာကိုတွေ့ရပါတယ်။ Fingerprint ကိုဘေးဘက် Power Button မှာပဲ ထည့်သွင်းထားဦးမှာပါ။

အခုလိုမျိုး TENAA Website မှာ တွေ့လာရပြီဖြစ်တဲ့အတွက် Huawei Mate X ဟာ တရုတ်နိုင်ငံဈေးကွက်မှာ မကြာခင်စတင်ရောင်းချလာနိုင်ပါတယ်။

Ref – Gizmo China