[Zawgyi]

Huawei က ရွန္ဇန္မွာ ျပဳလုပ္ခဲ့တဲ့ မီဒီယာေတြ႕ဆံုပြဲ ၁ ခုမွာ Mate X အေၾကာင္း ေျပာခဲ့ၿပီး သတင္းေကာင္းေရာ၊ သတင္းဆိုးေရာ ပါပါတယ္။ ေခါက္ခ်ိဳးဖုန္း Mate X ေရာင္းခ်မယ့္ အခ်ိန္ကို စက္တင္ဘာလကေန ႏို၀င္ဘာလကို ေနာက္ဆုတ္လိုက္တာကေတာ့ ေစာင့္ေမွ်ာ္ေနသူေတြအတြက္ စိတ္မေကာင္းစရာ သတင္းပါ။ ဒါေပမယ့္ အဲဒီဖုန္းရဲ႕ ဒီဇိုင္းကို အနည္းငယ္ ျပင္ဆင္ထားမွာပါ။

Mate X မွာ စိန္ေခၚမႈ အခ်ိဳ႕ ရွိေနေသးတဲ့အတြက္ Huawei က အေလာတႀကီး မလုပ္ဘဲ ျပႆနာေတြကို ေျဖရွင္းၿပီးခ်ိန္ ႏုိ၀င္ဘာလေလာက္မွ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဖုန္းရဲ႕ ေခါက္ခ်ိဳး အဆက္ေနရာကို ျပင္ဆင္ထားၿပီး ပါ၀ါခလုတ္က ပါးလႊာလာမွာ ျဖစ္ပါတယ္။ သတင္းေကာင္းကေတာ့ Huawei က Mate X ရဲ႕ ေနာက္မ်ိဳးဆက္ ဖုန္းကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေရာင္းခ်မွာ ျဖစ္ၿပီး အေနာက္ဘက္ သတၱဳ ကာဗာကို ဖန္နဲ႔ အစားထိုးထားမွာ ျဖစ္တဲ့ အတြက္ မ်က္ႏွာျပင္ ဧရိယာ ပိုက်ယ္လာမွာ ျဖစ္ပါတယ္။

ဒီႏွစ္ထဲမွာေတာ့ ႏိုင္ငံအမ်ားစုမွာ Mate X ကို ၀ယ္ယူႏုိင္မယ့္ပံုေတာ့ မေပၚပါဘူး။ လာမယ့္ႏွစ္က်မွ ေခါက္ခ်ိဳး ဖုန္းေတြရဲ႕ ၿပိဳင္ပြဲက ပိုၾကည့္လို႔ ေကာင္းလာမွာပါ။ Huawei Mate X ကို ဒီႏွစ္ဇြန္မွာေရာင္းခ်ဖို႔ စီစဥ္ထားေပမယ့္ Samsung Galaxy Fold လိုဘဲ ဒီဇုိင္းပုိင္း ျပႆနာရွိေနတာေၾကာင့္ စက္တင္ဘာလကို ေနာက္ဆုတ္ခဲ့တာပါ။ အခုေတာ့ ႏို၀င္ဘာလကို ထပ္ၿပီး ေနာက္ဆုတ္လိုက္တာပါ။

Huawei Mate X ကို ေၾကညာထားတာ ငါးလတိုင္တိုင္ရွိၿပီ ျဖစ္ပါတယ္။  ေဖေဖာ္၀ါရီလတုန္းက က်င္းပခဲ့တဲ့ MWC 2019 တုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ Samsung ကေတာ့ Galaxy Fold ရဲ႕  မ်က္ႏွာျပင္ျပႆနာပုိင္းကုိ ျပင္ဆင္မႈလုပ္ေဆာင္ထားၿပီးျဖစ္ကာ လာမယ့္စက္တင္ဘာလမွာ ေရာင္းခ်သြားမယ္လို႔ တရား၀င္ ေၾကညာထားပါတယ္။

Ref : gsmarena

[Unicode]

နိုဝင်ဘာလကျမှ ရောင်းနိုင်တဲ့ Huawei Mate X

Huawei က ရှန်ဇန်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲ ၁ ခုမှာ Mate X အကြောင်း ပြောခဲ့ပြီး သတင်းကောင်းရော၊ သတင်းဆိုးရော ပါပါတယ်။ ခေါက်ချိုး ဖုန်း Mate X ရောင်းချမယ့် အချိန်ကို စက်တင်ဘာလကနေ နိုဝင်ဘာလကို နောက်ဆုတ်လိုက်တာကတော့ စောင့်မျှော်နေသူတွေအတွက် စိတ်မကောင်းစရာ သတင်းပါ။ အဲဒီ ဖုန်းရဲ့ ဒီဇိုင်းကို အနည်းငယ် ပြင်ဆင်ထားမှာပါ။

Mate X မှာ စိန်ခေါ်မှု အချို့ ရှိနေသေးတဲ့အတွက် Huawei က အလောတကြီး မလုပ်ဘဲ ပြဿနာတွေကို ဖြေရှင်းပြီးချိန် နိုဝင်ဘာလလောက်မှ ရောင်းချမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ခေါက်ချိုး အဆက်နေရာကို ပြင်ဆင်ထားပြီး ပါဝါခလုတ်က ပါးလွှာလာမှာ ဖြစ်ပါတယ်။ သတင်းကောင်းကတော့ Huawei က Mate X ရဲ့ နောက်မျိုးဆက် ဖုန်းကို လာမယ့်နှစ် အစောပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး အနောက်ဘက် သတ္တု ကာဗာကို ဖန်နဲ့ အစားထိုးထားမှာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဧရိယာ ပိုကျယ်လာမှာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာတော့ နိုင်ငံအများစုမှာ Mate X ကို ဝယ်ယူနိုင်မယ့်ပုံတော့ မပေါ်ပါဘူး။ လာမယ့်နှစ်ကျမှ ခေါက်ချိုး ဖုန်းတွေရဲ့ ပြိုင်ပွဲက ပိုကြည့်လို့ ကောင်းလာမှာပါ။ Huawei Mate X ကို ဒီနှစ်ဇွန်မှာရောင်းချဖို့ စီစဉ်ထားပေမယ့် Samsung Galaxy Fold လိုဘဲ ဒီဇိုင်းပိုင်း ပြဿနာရှိနေတာကြောင့် စက်တင်ဘာလကို နောက်ဆုတ်ခဲ့တာပါ။ အခုတော့ နိုဝင်ဘာလကို ထပ်ပြီး နောက်ဆုတ်လိုက်တာပါ။

Huawei Mate X ကို ကြေညာထားတာ ငါးလတိုင်တိုင်ရှိပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ MWC 2019 တုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Samsung ကတော့ Galaxy Fold ရဲ့ မျက်နှာပြင်ပြဿနာပိုင်းကို ပြင်ဆင်မှုလုပ်ဆောင်ထားပြီးဖြစ်ကာ လာမယ့်စက်တင်ဘာလမှာ ရောင်းချသွားမယ်လို့ တရားဝင် ကြေညာထားပါတယ်။

Ref : gsmarena