Unicode

Huawei Mate X စမတ်ဖုန်းဟာ အခုနှစ်အတွက် Foldable Phone ၂ လုံးထဲက တစ်လုံးဖြစ်သလို Samsung Galaxy Fold လိုမျိုးပဲ မရောင်းချခင်မှာ လအနည်းငယ်ခန့် Delay ပြုလုပ်ပြီးမှ ရောင်းချနိုင်တာဖြစ်ပါတယ်။ အခုလိုမျိုး Delay ပြုလုပ်ခဲ့တာကလည်း Huawei Mate X ဖုန်းကို ပိုပြီး အကြမ်းခံအောင် ဆောင်ရွက်ခဲ့တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

Huawei အနေနဲ့ အခုလိုမျိုး Delay ပြုလုပ်ပြီးမှ ရောင်းချပေမယ့်လည်း အခုအချိန်မှာတော့ Display ပိုင်းမှာ ပြဿနာတွေတက်နေတဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Weibo Website မှာ အသုံးပြုသူတစ်ဦးက သူ့ရဲ့ Huawei Mate X ဖုန်းရဲ့ Display က လုံးဝမလာတော့ဘဲ ပျက်စီးနေတဲ့ Video ကို တင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ Video မှာတော့ Huawei Mate X ဟာ အလယ်က ခေါက်ချိုးထားတဲ့အနောက်ပိုင်းက အစိမ်းရောင်တွေဖြစ်နေပြီး အရှေ့ဘက်ခြမ်းကတော့ လုံးဝမလာတော့တာပဲဖြစ်ပါတယ်။ ဒါက ယခင်တုန်းက Samsung Galaxy Fold မှာ ဖြစ်ခဲ့သလို Display Error နဲ့ဆင်တူနေတယ်လို့တောင် ပြောလို့ရပါတယ်။

ဒီလိုမျိုး Video တင်ထားတယ်ဆိုပေမယ့် အခုဖြစ်ပွားတဲ့ Error က Hardware Error လား၊ အသုံးပြုသူရဲ့ အမှားကြောင့်လားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ နောက်ပြီး ယခုကိစ္စအတွက်ကိုလည်း Huawei ဘက်ကနေ တရားဝင် သတင်းထုတ်ပြန်ထားခြင်းလည်း မရှိသေးဘူးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate X ဟာ Galaxy Fold လိုမျိုး Display ကို အတွင်းဘက်ခေါက်ချိုးတာမဟုတ်ဘဲ အပြင်ဘက်ကို ခေါက်ချိုးတဲ့အတွက် Display ကို ထိခိုက်နိုင်ခြေက ပိုပြီးများနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း Huawei ကနေ လာမယ့် လပိုင်းအတွင်းမှာ အခု Mate X ကို အဆင့်မြှင့်တင်ထားတဲ့ Huawei Mate Xs နဲ့ Second Gen Mate X2 ကိုလည်း လာမယ့် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ မိတ်ဆက်သွားဦးမှာပါ။

Ref – GSM Arena

Zawgyi

Huawei Mate X စမတ္ဖုန္းဟာ အခုႏွစ္အတြက္ Foldable Phone ၂ လုံးထဲက တစ္လုံးျဖစ္သလို Samsung Galaxy Fold လိုမ်ိဳးပဲ မေရာင္းခ်ခင္မွာ လအနည္းငယ္ခန္႔ Delay ျပဳလုပ္ၿပီးမွ ေရာင္းခ်ႏိုင္တာျဖစ္ပါတယ္။ အခုလိုမ်ိဳး Delay ျပဳလုပ္ခဲ့တာကလည္း Huawei Mate X ဖုန္းကို ပိုၿပီး အၾကမ္းခံေအာင္ ေဆာင္႐ြက္ခဲ့တာေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့တာပါ။

Huawei အေနနဲ႔ အခုလိုမ်ိဳး Delay ျပဳလုပ္ၿပီးမွ ေရာင္းခ်ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ Display ပိုင္းမွာ ျပႆနာေတြတက္ေနတဲ့ပုံစံပါပဲ။ ဘာေၾကာင့္လဲဆိုရင္ Weibo Website မွာ အသုံးျပဳသူတစ္ဦးက သူ႔ရဲ႕ Huawei Mate X ဖုန္းရဲ႕ Display က လုံးဝမလာေတာ့ဘဲ ပ်က္စီးေနတဲ့ Video ကို တင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

အဆိုပါ Video မွာေတာ့ Huawei Mate X ဟာ အလယ္က ေခါက္ခ်ိဳးထားတဲ့အေနာက္ပိုင္းက အစိမ္းေရာင္ေတြျဖစ္ေနၿပီး အေရွ႕ဘက္ျခမ္းကေတာ့ လုံးဝမလာေတာ့တာပဲျဖစ္ပါတယ္။ ဒါက ယခင္တုန္းက Samsung Galaxy Fold မွာ ျဖစ္ခဲ့သလို Display Error နဲ႔ဆင္တူေနတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒီလိုမ်ိဳး Video တင္ထားတယ္ဆိုေပမယ့္ အခုျဖစ္ပြားတဲ့ Error က Hardware Error လား၊ အသုံးျပဳသူရဲ႕ အမွားေၾကာင့္လားဆိုတာကိုေတာ့ မသိရွိရေသးပါဘူး။ ေနာက္ၿပီး ယခုကိစၥအတြက္ကိုလည္း Huawei ဘက္ကေန တရားဝင္ သတင္းထုတ္ျပန္ထားျခင္းလည္း မရွိေသးဘူးျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Huawei Mate X ဟာ Galaxy Fold လိုမ်ိဳး Display ကို အတြင္းဘက္ေခါက္ခ်ိဳးတာမဟုတ္ဘဲ အျပင္ဘက္ကို ေခါက္ခ်ိဳးတဲ့အတြက္ Display ကို ထိခိုက္ႏိုင္ေျခက ပိုၿပီးမ်ားေနတာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း Huawei ကေန လာမယ့္ လပိုင္းအတြင္းမွာ အခု Mate X ကို အဆင့္ျမႇင့္တင္ထားတဲ့ Huawei Mate Xs နဲ႔ Second Gen Mate X2 ကိုလည္း လာမယ့္ ၂၀၂၀ ခုႏွစ္ ဒုတိယႏွစ္ဝက္ထဲမွာ မိတ္ဆက္သြားဦးမွာပါ။

Ref – GSM Arena