[Zawgyi]

Galaxy Fold ကေတာ့ ကိုရီးယားေဈးကြက္အျပင္ အေမရိကန္ေဈးကြက္မွာလည္း ေရာင္းခ်ၿပီးခဲ့ပါၿပီ။ ေနာက္ထပ္လည္း ဥေရာပေဈးကြက္ေတြဆီ ျဖန႔္ခ်ိဖို႔ျပင္ဆင္ေနတာပါ။ ၿပိဳင္ဘက္ျဖစ္တဲ့ Huawei ကလည္း Mate X ျဖန႔္ခ်ိမယ့္အခ်ိန္ကို Galaxy Fold တာထြက္ခ်ိန္နဲ႔ သိပ္အေဝးႀကီး ကြာဟသြားခ်င္ပုံ မရပါဘူး။

Huawei ဟာ Mate X ကို MWC 2019 မွာတုန္းက မိတ္ဆက္ခဲ့တာပါ။ ကနဦးတုန္းကေတာ့ Mate X ျဖန႔္ခ်ိခ်ိန္ကို ေမလလို႔ သတ္မွတ္ထားခဲ့ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေ႐ႊ႕ဆိုင္းထားခဲ့ၿပီး အခုေနာက္ဆုံးထြက္သတင္းအရဆိုရင္ေတာ့ ေအာက္တိုဘာလကုန္ပိုင္းေလာက္မွာ ျဖန႔္ခ်ိမွာ ျဖစ္ပါတယ္။

ကုမၸဏီရဲ႕ CEO ျဖစ္တဲ့ Richard Yu ကေတာ့ ဒီေအာက္တိုဘာလထဲမွာ Mate X ကို ျဖန႔္ခ်ိမယ္လို႔အတည္ျပဳသြားခဲ့ပါတယ္။ ဒါေၾကာင့္ ေစာမယ္ဆိုရင္ ေအာက္တိုဘာလလယ္ေလာက္ ျဖစ္သြားႏိုင္ပါတယ္။ တ႐ုတ္ဘက္ကလာတဲ့သတင္းအရဆိုရင္လည္း Mate X ကို အလုံးအရင္းလိုက္ ထုတ္လုပ္ေနၿပီျဖစ္သလို၊ သတ္မွတ္ထားတဲ့အခ်ိန္အတိုင္း ထုတ္ႏိုင္လိမ့္မယ္လို႔လည္း သိရပါတယ္။

Sina Technology ကုမၸဏီကေန ထြက္ေပၚလာတဲ့သတင္းအရ ေခါက္ခ်ိဳးမ်က္ႏွာျပင္ကို ထုတ္လုပ္ရတာက “အလြန္ပဲ ခက္ခဲ” တယ္လို႔ သိရပါတယ္။ ဒါဟာ အံ့ၾသစရာေကာင္းေလာက္ေအာင္ ခက္ခဲတဲ့ ဖြံ႕ၿဖိဳးေျပာင္းလဲမႈတစ္ခုျဖစ္တယ္လို႔လည္း ဆိုပါတယ္။ Mate X ျဖန႔္ခ်ိဖို႔ ေႏွာင့္ေႏွးရတဲ့ အေၾကာင္းရင္းႏွစ္ခ်က္က ေခါက္လို႔ရတဲ့မ်က္ႏွာျပင္ရဲ႕ အၾကမ္းခံႏိုင္မႈနဲ႔ ပတၱာပိုင္းဆိုင္ရာ ျပႆနာတို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္တစ္ခ်က္က User Interface ပိုင္းဆိုင္ရာ ျပႆနာ ျဖစ္ပါတယ္။ Huawei ဟာ App ေတြအားလုံးနီးပါးနဲ႔ အဆင္ေျပေအာင္လို႔ ဂ႐ုစိုက္ေနတာလည္း ျဖစ္ပါတယ္။ ဒါမွ အသုံးျပဳသူေတြအေနနဲ႔ စိတ္အေႏွာင့္အယွက္ မႀကဳံရမွာလည္း ျဖစ္ပါတယ္။ Mate X ရဲ႕ ေဈးႏႈန္းကေတာ့ $2,250 (၃၄ သိန္းခြဲ) ဝန္းက်င္ ျဖစ္ႏိုင္ပါတယ္။

Ref: GSM Arena

[Unicode]

Huawei Mate X ကို အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာ ရောင်းချတော့မယ်

Galaxy Fold ကတော့ ကိုရီးယားဈေးကွက်အပြင် အမေရိကန်ဈေးကွက်မှာလည်း ရောင်းချပြီးခဲ့ပါပြီ။ နောက်ထပ်လည်း ဥရောပဈေးကွက်တွေဆီ ဖြန့်ချိဖို့ပြင်ဆင်နေတာပါ။ ပြိုင်ဘက်ဖြစ်တဲ့ Huawei ကလည်း Mate X ဖြန့်ချိမယ့်အချိန်ကို Galaxy Fold တာထွက်ချိန်နဲ့ သိပ်အဝေးကြီး ကွာဟသွားချင်ပုံ မရပါဘူး။

Huawei ဟာ Mate X ကို MWC 2019 မှာတုန်းက မိတ်ဆက်ခဲ့တာပါ။ ကနဦးတုန်းကတော့ Mate X ဖြန့်ချိချိန်ကို မေလလို့ သတ်မှတ်ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ဆိုင်းထားခဲ့ပြီး အခုနောက်ဆုံးထွက်သတင်းအရဆိုရင်တော့ အောက်တိုဘာလကုန်ပိုင်းလောက်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Richard Yu ကတော့ ဒီအောက်တိုဘာလထဲမှာ Mate X ကို ဖြန့်ချိမယ်လို့အတည်ပြုသွားခဲ့ပါတယ်။ ဒါကြောင့် စောမယ်ဆိုရင် အောက်တိုဘာလလယ်လောက် ဖြစ်သွားနိုင်ပါတယ်။ တရုတ်ဘက်ကလာတဲ့သတင်းအရဆိုရင်လည်း Mate X ကို အလုံးအရင်းလိုက် ထုတ်လုပ်နေပြီဖြစ်သလို၊ သတ်မှတ်ထားတဲ့အချိန်အတိုင်း ထုတ်နိုင်လိမ့်မယ်လို့လည်း သိရပါတယ်။

Sina Technology ကုမ္ပဏီကနေ ထွက်ပေါ်လာတဲ့သတင်းအရ ခေါက်ချိုးမျက်နှာပြင်ကို ထုတ်လုပ်ရတာက “အလွန်ပဲ ခက်ခဲ” တယ်လို့ သိရပါတယ်။ ဒါဟာ အံ့သြစရာကောင်းလောက်အောင် ခက်ခဲတဲ့ ဖွံ့ဖြိုးပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ Mate X ဖြန့်ချိဖို့ နှောင့်နှေးရတဲ့ အကြောင်းရင်းနှစ်ချက်က ခေါက်လို့ရတဲ့မျက်နှာပြင်ရဲ့ အကြမ်းခံနိုင်မှုနဲ့ ပတ္တာပိုင်းဆိုင်ရာ ပြဿနာတို့ ဖြစ်တယ်လို့ သိရပါတယ်။

နောက်တစ်ချက်က User Interface ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်။ Huawei ဟာ App တွေအားလုံးနီးပါးနဲ့ အဆင်ပြေအောင်လို့ ဂရုစိုက်နေတာလည်း ဖြစ်ပါတယ်။ ဒါမှ အသုံးပြုသူတွေအနေနဲ့ စိတ်အနှောင့်အယှက် မကြုံရမှာလည်း ဖြစ်ပါတယ်။ Mate X ရဲ့ ဈေးနှုန်းကတော့ $2,250 (၃၄ သိန်းခွဲ)ဝန်းကျင် ဖြစ်နိုင်ပါတယ်။

Ref: GSM Arena