[Zawgyi]

၂၀၁၉ ခုႏွစ္ဟာ Foldable ဖုန္းေတြေဈးကြက္ထဲစတင္ၿပိဳင္ဆိုင္ၾကတဲ့ ႏွစ္တစ္ႏွစ္လို႔ ဆိုႏိုင္ပါတယ္။ အထူးသျဖင့္ စမတ္ဖုန္းထုတ္လုပ္မႈနယ္ပယ္မွာ အရွိန္အဝါႀကီးမားတဲ့ Samsung နဲ႔ Huawei တို႔ရဲ႕ Galaxy Fold နဲ႔ Mate X တို႔က ၿပိဳင္ပြဲကို စတင္ဖြင့္လွစ္ခဲ့ၾကသူေတြျဖစ္ခဲ့ၾကပါတယ္။

Samsung က သူ႔ရဲ႕ Galaxy Fold ကို ေဈးကြက္ထဲ ဦးေအာင္ပို႔ႏိုင္ခဲ့သလို၊ အေမရိကန္အပါအဝင္ ႏိုင္ငံတကာေဈးကြက္ကိုလည္း ပို႔ေဆာင္ႏိုင္ခဲ့ပါတယ္။ အျခားတစ္ဘက္မွာေတာ့ Huawei ဟာ တ႐ုတ္−အေမရိကန္ ကုန္သြယ္ေရးစစ္ေၾကာင့္ Google framework နဲ႔ Android ကို အသုံးမျပဳႏိုင္တာေၾကာင့္ ေဈးကြက္အေတာ္မ်ားမ်ားကို ထိုးေဖာက္ဖို႔အတြက္ ႐ုန္းကန္ရေတာ့မွာ ျဖစ္ပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ တ႐ုတ္ႏိုင္ငံေဈးကြက္မွာ ျဖန႔္ခ်ိလိုက္တဲ့ Mate X ေတြကေတာ့ အားရစရာေကာင္းတဲ့ တုံ႔ျပန္မႈကို ရရွိခဲ့ပါတယ္။ အေမရိကန္ေဒၚလာ ၂၄၀၀ ဝန္းက်င္ေလာက္ တန္ဖိုးရွိတဲ့ Mate X ဟာ ၿပိဳင္ဘက္ Galaxy Fold လိုပဲ မ်က္ႏွာျပင္ပိုင္းမွာေတာ့ အားနည္းခ်က္အခ်ိဳ႕ ရွိေနတာပဲ ျဖစ္ပါတယ္။

Mate X ဟာ မ်က္ႏွာျပင္ကို အျပင္ဘက္မွာထားရွိတဲ့အျပင္ မာေက်ာတဲ့ ဖုံးအုပ္မႈလည္း မရွိတာေၾကာင့္ အလြယ္တကူ ပြန္းစင္းရာေတြ ျဖစ္ေပၚႏိုင္ၿပီး ထိခိုက္ပ်က္စီးႏိုင္တဲ့ အလားအလာရွိတယ္ဆိုတာကေတာ့ ျငင္းလို႔မရႏိုင္ပါဘူး။ မ်က္ႏွာျပင္ ပြန္းစင္းသြားရင္၊ ပ်က္စီးသြားရင္ အသစ္နဲ႔လဲလိုက္လို႔ရတာပဲဆိုၿပီး ေျပာႏိုင္ပါတယ္။ ဒါေပမယ့္ မ်က္ႏွာျပင္အသစ္ လဲလွယ္ရင္ ဘယ္ေလာက္ကုန္က်မလဲဆိုတာကိုလည္း သိထားဖို႔လိုပါတယ္။

Huawei ဟာ Mate X ရဲ႕ မ်က္ႏွာျပင္ေတြကို ေဒၚလာ ၁၀၀၀ ဝန္းက်င္ႏႈန္းနဲ႔ လဲလွယ္တပ္ဆင္ေပးမွာ ျဖစ္ပါတယ္။ ဘက္ထရီအစားထိုးလဲလွယ္ရင္ ေဒၚလာ ၄၀၊ ဘက္ထရီကာဗာ အစားထိုးလဲလွယ္ရင္ ေဒၚလာ ၅၀၊ ကင္မရာျပဳျပင္ရင္ ေဒၚလာ ၁၀၀ နဲ႔ Motherboard ျပဳျပင္တာ၊ လဲလွယ္တာဆိုရင္ေတာ့ ေဒၚလာ ၅၀၀ ႏႈန္းထားက်သင့္မွာျဖစ္ေပမယ့္ မ်က္ႏွာျပင္လဲလွယ္ႏႈန္းထားကေတာ့ အေတာ္ေလးကို ႀကီးမားတယ္လို႔ ဆိုရပါလိမ့္မယ္။

Samsung ကေတာ့ မ်က္ႏွာျပင္နဲ႔ပတ္သက္ၿပီး ျပႆနာေတြႀကဳံခဲ့ရသလို၊ ျပင္ဆင္ၿပီးသြားၿပီလို႔ဆိုေပမယ့္ ျပင္ပစမ္းသပ္မႈမွာ အဖြင့္အပိတ္ျပဳလုပ္တာအတြက္ အာမခံထားတဲ့ႀကိမ္ေရမျပည့္ခင္ မ်က္ႏွာျပင္ပ်က္စီးသြားခဲ့ပါေသးတယ္။ Mate X ရဲ႕မ်က္ႏွာျပင္ကေရာ ႀကံခိုင္မႈပိုင္းမွာ ဘယ္ေလာက္ထိ စိတ္ေက်နပ္စရာရလဒ္ကို ေပးႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ပါဦးမယ္။

Ref: Phone Arena

[Unicode]

မျက်နှာပြင်လဲလှယ်ရင် မြန်မာငွေ ၁၅ သိန်းဝန်းကျင် ကုန်ကျမယ့် Huawei Mate X

၂၀၁၉ ခုနှစ်ဟာ Foldable ဖုန်းတွေဈေးကွက်ထဲစတင်ပြိုင်ဆိုင်ကြတဲ့ နှစ်တစ်နှစ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် စမတ်ဖုန်းထုတ်လုပ်မှုနယ်ပယ်မှာ အရှိန်အဝါကြီးမားတဲ့ Samsung နဲ့ Huawei တို့ရဲ့ Galaxy Fold နဲ့ Mate X တို့က ပြိုင်ပွဲကို စတင်ဖွင့်လှစ်ခဲ့ကြသူတွေဖြစ်ခဲ့ကြပါတယ်။

Samsung က သူ့ရဲ့ Galaxy Fold ကို ဈေးကွက်ထဲ ဦးအောင်ပို့နိုင်ခဲ့သလို၊ အမေရိကန်အပါအဝင် နိုင်ငံတကာဈေးကွက်ကိုလည်း ပို့ဆောင်နိုင်ခဲ့ပါတယ်။ အခြားတစ်ဘက်မှာတော့ Huawei ဟာ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ကြောင့် Google framework နဲ့ Android ကို အသုံးမပြုနိုင်တာကြောင့် ဈေးကွက်အတော်များများကို ထိုးဖောက်ဖို့အတွက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နိုင်ငံဈေးကွက်မှာ ဖြန့်ချိလိုက်တဲ့ Mate X တွေကတော့ အားရစရာကောင်းတဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂၄၀၀ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ Mate X ဟာ ပြိုင်ဘက် Galaxy Fold လိုပဲ မျက်နှာပြင်ပိုင်းမှာတော့ အားနည်းချက်အချို့ ရှိနေတာပဲ ဖြစ်ပါတယ်။

Mate X ဟာ မျက်နှာပြင်ကို အပြင်ဘက်မှာထားရှိတဲ့အပြင် မာကျောတဲ့ ဖုံးအုပ်မှုလည်း မရှိတာကြောင့် အလွယ်တကူ ပွန်းစင်းရာတွေ ဖြစ်ပေါ်နိုင်ပြီး ထိခိုက်ပျက်စီးနိုင်တဲ့ အလားအလာရှိတယ်ဆိုတာကတော့ ငြင်းလို့မရနိုင်ပါဘူး။ မျက်နှာပြင် ပွန်းစင်းသွားရင်၊ ပျက်စီးသွားရင် အသစ်နဲ့လဲလိုက်လို့ရတာပဲဆိုပြီး ပြောနိုင်ပါတယ်။ ဒါပေမယ့် မျက်နှာပြင်အသစ် လဲလှယ်ရင် ဘယ်လောက်ကုန်ကျမလဲဆိုတာကိုလည်း သိထားဖို့လိုပါတယ်။

Huawei ဟာ Mate X ရဲ့ မျက်နှာပြင်တွေကို ဒေါ်လာ ၁၀၀၀ ဝန်းကျင်နှုန်းနဲ့ လဲလှယ်တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။ ဘက်ထရီအစားထိုးလဲလှယ်ရင် ဒေါ်လာ ၄၀၊ ဘက်ထရီကာဗာ အစားထိုးလဲလှယ်ရင် ဒေါ်လာ ၅၀၊ ကင်မရာပြုပြင်ရင် ဒေါ်လာ ၁၀၀ နဲ့ Motherboard ပြုပြင်တာ၊ လဲလှယ်တာဆိုရင်တော့ ဒေါ်လာ ၅၀၀ နှုန်းထားကျသင့်မှာဖြစ်ပေမယ့် မျက်နှာပြင်လဲလှယ်နှုန်းထားကတော့ အတော်လေးကို ကြီးမားတယ်လို့ ဆိုရပါလိမ့်မယ်။

Samsung ကတော့ မျက်နှာပြင်နဲ့ပတ်သက်ပြီး ပြဿနာတွေကြုံခဲ့ရသလို၊ ပြင်ဆင်ပြီးသွားပြီလို့ဆိုပေမယ့် ပြင်ပစမ်းသပ်မှုမှာ အဖွင့်အပိတ်ပြုလုပ်တာအတွက် အာမခံထားတဲ့ကြိမ်ရေမပြည့်ခင် မျက်နှာပြင်ပျက်စီးသွားခဲ့ပါသေးတယ်။ Mate X ရဲ့မျက်နှာပြင်ကရော ကြံခိုင်မှုပိုင်းမှာ ဘယ်လောက်ထိ စိတ်ကျေနပ်စရာရလဒ်ကို ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ပါဦးမယ်။

Ref: Phone Arena