[Zawgyi]

Huawei ရဲ႕ Foldable စမတ္ဖုန္းဟာ စက္တင္ဘာလထက္ ေနာက္မက်ဘဲ ေဈးကြက္ထဲကို ေရာက္ရွိမယ္လို႔ Huawei ရဲ႕ အလုပ္အမႈေဆာင္နဲ႔ အေနာက္ဥေရာပေဒသဆိုင္ရာ ဥကၠ႒ Vincent Pang က ေျပာခဲ့ဖူးပါတယ္။ ဒီသတင္းထြက္ၿပီး မေရွးမေႏွာင္းမွာပဲ တ႐ုတ္ျပည္တြင္းအေရာင္းဆိုင္ေတြမွာ Mate X ပိုစတာေတြကို ေနရာခ်ထားခဲ့တဲ့အတြက္ အမွန္တကယ္ထြက္မယ့္ရက္က နီးလာၿပီလို႔ ထင္ခဲ့ရပါတယ္။

ဒါေပမယ့္ လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က ထြက္ေပၚလာတဲ့သတင္းမွာေတာ့ Mate X ေတြဟာ ႏိုဝင္ဘာလထဲေရာက္မွပဲ မိတ္ဆက္ေတာ့မယ္လို႔ သိလိုက္ရျပန္ပါတယ္။ တ႐ုတ္နည္းပညာကုမၸဏီႀကီးဟာ ၿပိဳင္ဘက္ Samsung လိုမ်ိဳး မီဒီယာသမားေတြဆီမွာ အားနည္းခ်က္ေတြေပၚေပါက္လာတာမ်ိဳး အျဖစ္မခံႏိုင္တဲ့အတြက္ ပိုၿပီးေသခ်ာေအာင္ အခ်ိန္ထပ္ၿပီးယူလိုက္တာလို႔ ဆိုပါတယ္။

ေဈးကြက္ထဲပို႔မယ့္အခ်ိန္ကို ေနာက္ဆုတ္လိုက္တယ္ဆိုေပမယ့္ Mate X နဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကေတာ့ TENAA ေပၚကို ေရာက္လာခဲ့ၿပီ ျဖစ္ပါတယ္။ TENAA ေပၚမွာ ျမင္ေတြ႕ရတဲ့ အခ်က္အလက္ေတြဟာ ကနဦးသတင္းထြက္ထားတဲ့အတိုင္းျဖစ္ၿပီး ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲလို႔ ဆိုရမွာပါ။ 8-inch မ်က္ႏွာျပင္ဟာ 2200 x 2480 pixel နဲ႔ျဖစ္သလို 4,400 mAh ဘက္ထရီပမာဏစတာေတြကိုလည္း အတည္ျပဳႏိုင္ခဲ့ပါတယ္။

ေက်ာဘက္ကိုယ္ထည္နဲ႔ ကင္မရာေတြတည္ရွိပုံကို ျမင္ေတြ႕ရၿပီဆိုေပမယ့္ ၾကည္လင္ျပတ္သားတဲ့ ႐ုပ္ပုံေတာ့ မရရွိေသးပါဘူး။ ဒါ့အျပင္ ရႈေထာင့္အမ်ိဳးမ်ိဳးကေန ျမင္ေတြ႕ရႏိုင္တဲ့ ႐ုပ္ပုံေတြထြက္ေပၚလာဖို႔လည္း ေစာင့္ဆိုင္းရဦးမွာပါ။ ကနဦးျမင္ေတြ႕ရတာေတြနဲ႔ႏႈိင္းယွဥ္ရင္ ဒီဇိုင္းပိုင္းကေတာ့ ေျပာင္းလဲသြားတယ္လို႔ ဆိုရမွာပါ။ ပတၱာနဲ႔ အဖြင့္အပိတ္ခလုတ္ ရဲ႕အေျပာင္းအလဲကေတာ့ အနီးကပ္ၾကည္လင္ျပတ္သားတဲ့႐ုပ္ပုံေတြ ထြက္ေပၚလာမွပဲ ေသခ်ာျမင္ႏိုင္မွာ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ TENAA မွာေတြ႕ရၿပီဆိုေတာ့ တကယ္ထြက္လာမယ့္ရက္နဲ႔ ပိုၿပီးနီးကပ္လာၿပီလို႔ ဆိုရမွာပါ။

Ref: GSM Arena

[Unicode]

TENAA ပေါ်ရောက်လာပြီဖြစ်တဲ့ Huawei Mate X

Huawei ရဲ့ Foldable စမတ်ဖုန်းဟာ စက်တင်ဘာလထက် နောက်မကျဘဲ ဈေးကွက်ထဲကို ရောက်ရှိမယ်လို့ Huawei ရဲ့ အလုပ်အမှုဆောင်နဲ့ အနောက်ဥရောပဒေသဆိုင်ရာ ဥက္ကဋ္ဌ Vincent Pang က ပြောခဲ့ဖူးပါတယ်။ ဒီသတင်းထွက်ပြီး မရှေးမနှောင်းမှာပဲ တရုတ်ပြည်တွင်းအရောင်းဆိုင်တွေမှာ Mate X ပိုစတာတွေကို နေရာချထားခဲ့တဲ့အတွက် အမှန်တကယ်ထွက်မယ့်ရက်က နီးလာပြီလို့ ထင်ခဲ့ရပါတယ်။


ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ရက်လောက်က ထွက်ပေါ်လာတဲ့သတင်းမှာတော့ Mate X တွေဟာ နိုဝင်ဘာလထဲရောက်မှပဲ မိတ်ဆက်တော့မယ်လို့ သိလိုက်ရပြန်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီကြီးဟာ ပြိုင်ဘက် Samsung လိုမျိုး မီဒီယာသမားတွေဆီမှာ အားနည်းချက်တွေပေါ်ပေါက်လာတာမျိုး အဖြစ်မခံနိုင်တဲ့အတွက် ပိုပြီးသေချာအောင် အချိန်ထပ်ပြီးယူလိုက်တာလို့ ဆိုပါတယ်။

ဈေးကွက်ထဲပို့မယ့်အချိန်ကို နောက်ဆုတ်လိုက်တယ်ဆိုပေမယ့် Mate X နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကတော့ TENAA ပေါ်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ TENAA ပေါ်မှာ မြင်တွေ့ရတဲ့ အချက်အလက်တွေဟာ ကနဦးသတင်းထွက်ထားတဲ့အတိုင်းဖြစ်ပြီး မျှော်လင့်ထားတဲ့အတိုင်းပဲလို့ ဆိုရမှာပါ။ 8-inch မျက်နှာပြင်ဟာ 2200 x 2480 pixel နဲ့ဖြစ်သလို 4,400 mAh ဘက်ထရီပမာဏစတာတွေကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။


ကျောဘက်ကိုယ်ထည်နဲ့ ကင်မရာတွေတည်ရှိပုံကို မြင်တွေ့ရပြီဆိုပေမယ့် ကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတော့ မရရှိသေးပါဘူး။ ဒါ့အပြင် ရှုထောင့်အမျိုးမျိုးကနေ မြင်တွေ့ရနိုင်တဲ့ ရုပ်ပုံတွေထွက်ပေါ်လာဖို့လည်း စောင့်ဆိုင်းရဦးမှာပါ။ ကနဦးမြင်တွေ့ရတာတွေနဲ့နှိုင်းယှဉ်ရင် ဒီဇိုင်းပိုင်းကတော့ ပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။ ပတ္တာနဲ့ အဖွင့်အပိတ်ခလုတ် ရဲ့အပြောင်းအလဲကတော့ အနီးကပ်ကြည်လင်ပြတ်သားတဲ့ရုပ်ပုံတွေ ထွက်ပေါ်လာမှပဲ သေချာမြင်နိုင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် TENAA မှာတွေ့ရပြီဆိုတော့ တကယ်ထွက်လာမယ့်ရက်နဲ့ ပိုပြီးနီးကပ်လာပြီလို့ ဆိုရမှာပါ။

Ref: GSM Arena