[Zawgyi]

Huawei Mate X ကို တရုတ္မွာ တတိယအႀကိမ္ ေရာင္းခ်ေပးလိုက္ၿပီး မိနစ္ပိုင္းအတြင္း ေရာင္းကုန္သြားတယ္လို႔ သိရပါတယ္။ အရင္ အသုတ္ေတြတုန္းကလည္း မိနစ္ပိုင္းအတြင္း ပစၥည္းျပတ္သြားတဲ့အတြက္ ေရာင္းအား အရမ္းလန္းေနပါတယ္။ 8/512GB Model ကို ၁၆,၉၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၃၆ သိန္းေလာက္ရွိပါတယ္။ ေရာင္းအား ပမာဏကို ကုမၸဏီက မေျပာပါဘူး။

တရုတ္မွာ ေရာင္းအား အရမ္းေကာင္းေနတဲ့ အတြက္ Huawei ဟာ ၀ယ္လိုအားကို ေကာင္းစြာ မျဖည့္ဆည္းႏိုင္ ျဖစ္ေနပါတယ္။ အဲဒီအတြက္ တျခား အြန္လိုင္းစတိုးေတြမွာ ေစ်းက ယြမ္ ၆၀,၀၀၀ ေလာက္အထိ ေစ်းေျမာက္ေနၿပီး ျမန္မာေငြ သိန္း ၁၃၀ ေလာက္ေတာင္ ျဖစ္ေနပါတယ္။

Huawei Mate X 5G ကို ျဖန္႔ထားရင္ ၈ လက္မ 2480x2200p OLED Display ကို သံုးႏိုင္ပါတယ္။   ေခါက္ခ်ိဳးထားရင္ အေရွ႕ဘက္မွာ ၆.၆ လက္မ 2480x1148p Display နဲ႔ အေနာက္ဘက္မွာ ၆.၃၈ လက္မ 2480x892p Display ပါပါတယ္။ 8GB RAM နဲ႔ 512GB Storage ပါလာၿပီး 256GB nanoSD Card စိုက္ႏုိင္ပါတယ္။

Android 9 Pie အေျချပဳ EMUI 9.1.1 ေမာင္းႏွင္ထားပါတယ္။ Kirin 980 Chipset နဲ႔ Balong 5000 5G Modem ထည့္သြင္းထားပါတယ္။ ဆက္သြယ္မႈ အပိုင္းမွာ Dual-SIM Support, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, NFC နဲ႔ USB-C ေတြ ပါပါတယ္။ ေဘးဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားပါတယ္။

အေနာက္ဘက္မွာ Leica ရဲ႕ Camera ၄ လံုး တပ္ဆင္ထားၿပီး 40MP Main Lens , 16MP Superwide Lens , 8MP Telephoto Lens နဲ႔ 3D ToF Lens ေတြ ျဖစ္ပါတယ္။ 4,500mAh Battery ထည့္ထားၿပီး 55W Huawei SuperCharge နည္းပညာက အားသြင္းရင္ ဖလန္းဖလန္း ျမန္ပါတယ္။

Ref : gizmochina

[Unicode]

တရုတ်မှာ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားပြန်တဲ့ Huawei Mate X

Huawei Mate X ကို တရုတ်မှာ တတိယအကြိမ် ရောင်းချပေးလိုက်ပြီး မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားတယ်လို့ သိရပါတယ်။ အရင် အသုတ်တွေတုန်းကလည်း မိနစ်ပိုင်းအတွင်း ပစ္စည်းပြတ်သွားတဲ့အတွက် ရောင်းအား အရမ်းလန်းနေပါတယ်။ 8/512GB Model ကို ၁၆,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၃၆ သိန်းလောက်ရှိပါတယ်။ ရောင်းအား ပမာဏကို ကုမ္ပဏီက မပြောပါဘူး။

တရုတ်မှာ ရောင်းအား အရမ်းကောင်းနေတဲ့ အတွက် Huawei ဟာ ဝယ်လိုအားကို ကောင်းစွာ မဖြည့်ဆည်းနိုင် ဖြစ်နေပါတယ်။ အဲဒီအတွက် တခြား အွန်လိုင်းစတိုးတွေမှာ ဈေးက ယွမ် ၆၀,၀၀၀ လောက်အထိ ဈေးမြောက်နေပြီး မြန်မာငွေ သိန်း ၁၃၀ လောက်တောင် ဖြစ်နေပါတယ်။

Huawei Mate X 5G ကို ဖြန့်ထားရင် ၈ လက်မ 2480x2200p OLED Display ကို သုံးနိုင်ပါတယ်။ ခေါက်ချိုးထားရင် အရှေ့ဘက်မှာ ၆.၆ လက်မ 2480x1148p Display နဲ့ အနောက်ဘက်မှာ ၆.၃၈ လက်မ 2480x892p Display ပါပါတယ်။ 8GB RAM နဲ့ 512GB Storage ပါလာပြီး 256GB nanoSD Card စိုက်နိုင်ပါတယ်။

Android 9 Pie အခြေပြု EMUI 9.1.1 မောင်းနှင်ထားပါတယ်။ Kirin 980 Chipset နဲ့ Balong 5000 5G Modem ထည့်သွင်းထားပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ Dual-SIM Support, 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, NFC နဲ့ USB-C တွေ ပါပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ Leica ရဲ့ Camera ၄ လုံး တပ်ဆင်ထားပြီး 40MP Main Lens , 16MP Superwide Lens , 8MP Telephoto Lens နဲ့ 3D ToF Lens တွေ ဖြစ်ပါတယ်။ 4,500mAh Battery ထည့်ထားပြီး 55W Huawei SuperCharge နည်းပညာက အားသွင်းရင် ဖလန်းဖလန်း မြန်ပါတယ်။

Ref : gizmochina