Zawgyi

Huawei ကုမၸဏီဟာ Foldable စမတ္ဖုန္းေတြ တုိက္ပြဲျပင္းထန္ေနစဥ္ အခုႏွစ္အေစာပုိင္းက MWC ပြဲမွာ အားက်မခံ ကိုယ္ပိုင္ Foldable စမတ္ဖုန္း Mate X ကို ျပသခဲ့ပါတယ္။ ဒါေပမယ့္ ေစ်းကြက္အတြင္း တရားဝင္မိတ္ဆက္မႈကို ၿပီးခဲ့တဲ့ လကမွ ျပဳလုပ္ခဲ့ကာ ႏုိဝင္ဘာမွာ စတင္ေရာင္းခ်မယ္လို႔ ဆိုထားခဲ့ပါတယ္။

အခုလပုိင္းအတြင္းမွာ Mate X ေရာင္းခ်မယ့္ရက္စြဲကို ေရႊ႕ဆုိင္းမယ္လို႔ အႀကိမ္ႀကိမ္သတင္းထြက္ေပၚလာခဲ့ေပမယ့္ ယေန႔မွာေတာ့ Huawei ရဲ႕ ပထမဆုံး Foldable စမတ္ဖုန္းကို မူလစီစဥ္ထားတဲ့အတုိင္း ႏုိဝင္ဘာ ၁၅ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမယ္လို႔ ကုမၸဏီက ေၾကညာေပးခဲ့တာပါ။

Huawei Mate X ဟာ လက္ရွိတရုတ္ေစ်းကြက္ကို ေျခဆန္႔လာတဲ့ Galaxy Fold နဲ႔ အဓိကယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ လာမယ့္လအနည္းငယ္အတြင္းမွာ Motorola RAZR Foldable လို ၿပိဳင္ဘက္အသစ္ေတြကို ထပ္မံရင္ဆုိင္ရဦးမယ့္ အျပင္ Samsung ကလည္း Galaxy Fold ရဲ႕ 5G ဗားရွင္းကို Galaxy W20 5G အမည္နဲ႔ ထပ္မိတ္ဆက္လာဦးမွာပါ။

Mate X ဟာ စတင္ေရာင္းခ်တဲ့အခ်ိန္မွာ ကန္႔သတ္ထားတဲ့ အေရအတြက္နဲ႔ပဲ ေရာင္းခ်သြားမွာျဖစ္လို႔ အလွ်င္အျမန္ ကုန္သြားမယ္လို႔ ေမွ်ာ္မွန္းရပါတယ္။ ေလာေလာဆယ္ 8/512 GB ေမာ္ဒယ္တစ္မ်ဳိးပဲ ရရွိဦးမွာပါ။ လက္ရွိေစ်းကြက္ထဲမွာ မိတ္ဆက္ထားတဲ့ Galaxy Fold, Moto RAZR တုိ႔ထက္ သာလြန္တာကေတာ့ Mate X ဟာ စထြက္လာတည္းက 5G ေထာက္ပ့ံေပးပါတယ္။

Huawei Mate X Foldable စမတ္ဖုန္းဟာ တရုတ္ယြမ္ ၁၆၉၉၉ (ျမန္မာေငြ ၃၇ သိန္းနီးပါး) နဲ႔ေရာင္းခ်သြားမွာ ျဖစ္ၿပီး လာမယ့္ႏွစ္ထဲမွာေတာ့ Kirin 990 5G ခ်စ္ပ္ဆက္အသစ္ကို အသုံးျပဳလာမယ့္ Mate Xs အမည္ရ Foldable စမတ္ဖုန္းအသစ္ကို ထပ္မံမိတ္ဆက္လာဦးမွာပါ။

Ref – Gizmo China

Unicode

Huawei ကုမ္ပဏီဟာ Foldable စမတ်ဖုန်းတွေ တိုက်ပွဲပြင်းထန်နေစဉ် အခုနှစ်အစောပိုင်းက MWC ပွဲမှာ အားကျမခံ ကိုယ်ပိုင် Foldable စမတ်ဖုန်း Mate X ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ဈေးကွက်အတွင်း တရားဝင်မိတ်ဆက်မှုကို ပြီးခဲ့တဲ့ လကမှ ပြုလုပ်ခဲ့ကာ နိုဝင်ဘာမှာ စတင်ရောင်းချမယ်လို့ ဆိုထားခဲ့ပါတယ်။

အခုလပိုင်းအတွင်းမှာ Mate X ရောင်းချမယ့်ရက်စွဲကို ရွှေ့ဆိုင်းမယ်လို့ အကြိမ်ကြိမ်သတင်းထွက်ပေါ်လာခဲ့ပေမယ့် ယနေ့မှာတော့ Huawei ရဲ့ ပထမဆုံး Foldable စမတ်ဖုန်းကို မူလစီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာ ၁၅ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ကုမ္ပဏီက ကြေညာပေးခဲ့တာပါ။

Huawei Mate X ဟာ လက်ရှိတရုတ်ဈေးကွက်ကို ခြေဆန့်လာတဲ့ Galaxy Fold နဲ့ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်လအနည်းငယ်အတွင်းမှာ Motorola RAZR Foldable လို ပြိုင်ဘက်အသစ်တွေကို ထပ်မံရင်ဆိုင်ရဦးမယ့် အပြင် Samsung ကလည်း Galaxy Fold ရဲ့ 5G ဗားရှင်းကို Galaxy W20 5G အမည်နဲ့ ထပ်မိတ်ဆက်လာဦးမှာပါ။

Mate X ဟာ စတင်ရောင်းချတဲ့အချိန်မှာ ကန့်သတ်ထားတဲ့ အရေအတွက်နဲ့ပဲ ရောင်းချသွားမှာဖြစ်လို့ အလျှင်အမြန် ကုန်သွားမယ်လို့ မျှော်မှန်းရပါတယ်။ လောလောဆယ် 8/512 GB မော်ဒယ်တစ်မျိုးပဲ ရရှိဦးမှာပါ။ လက်ရှိဈေးကွက်ထဲမှာ မိတ်ဆက်ထားတဲ့ Galaxy Fold, Moto RAZR တို့ထက် သာလွန်တာကတော့ Mate X ဟာ စထွက်လာတည်းက 5G ထောက်ပံ့ပေးပါတယ်။

Huawei Mate X Foldable စမတ်ဖုန်းဟာ တရုတ်ယွမ် ၁၆၉၉၉ (မြန်မာငွေ ၃၇ သိန်းနီးပါး) နဲ့ရောင်းချသွားမှာ ဖြစ်ပြီး လာမယ့်နှစ်ထဲမှာတော့ Kirin 990 5G ချစ်ပ်ဆက်အသစ်ကို အသုံးပြုလာမယ့် Mate Xs အမည်ရ Foldable စမတ်ဖုန်းအသစ်ကို ထပ်မံမိတ်ဆက်လာဦးမှာပါ။

Ref – Gizmo China