Zawgyi

Foldable စမတ္ဖုန္းေတြကို ေစာင့္ေမွ်ာ္ေနၾကတဲ့သူေတြကေတာ့ ၂၀၁၉ ႏွစ္ကုန္ခါနီးမွပဲ ေစ်းကြက္ထဲမွာ ယွဥ္ၿပိဳင္မႈ ေတြကို ျမင္ေတြ႕ရေတာ့မယ့္ပုံပါပဲ။ Huawei ရဲ႕ Mate X Foldable စမတ္ဖုန္းဟာ လာမယ့္ ေအာက္တုိဘာလ ၂၃ ရက္ေန႔မွာ တရုတ္ျပည္တြင္းမွာ မိတ္ဆက္သြားမယ္လို႔ သတင္းထြက္ေနပါတယ္။

Huawei ရဲ႕တရားဝင္ Weibo အေကာင့္ကေန ဒါကို အတည္မျပဳေသးသလို ၂၃ ရက္ေန႔ကို နီးကပ္လာေပမယ့္ တရားဝင္အခ်က္အလက္တစ္ခုမွ မထြက္ေပၚလာေသးတာေၾကာင့္ ေနာက္တစ္ခါထပ္ေရႊ႕ဆုိင္းျပန္ၿပီလားလို႔ ထင္စရာျဖစ္လာခဲ့ပါၿပီ။ ဒါေပမယ့္လည္း ယေန႔မွာေတာ့ Mate X ရဲ႕ေစ်းႏႈန္းေတြ စတင္ေပါက္ၾကားလာခဲ့ပါတယ္။

အခုသတင္းဟာ Huawei Central ကေန ထြက္ေပၚလာတာျဖစ္ၿပီး Mate X ဟာ ဗားရွင္းႏွစ္မ်ဳိးနဲ႔ ထြက္လာမယ္လို႔ ဆုိပါတယ္။ အေျခခံေမာ္ဒယ္က Kirin 980 SoC ကိုအသုံးျပဳလာမွာျဖစ္ကာ ေနာက္တစ္ခုကေတာ့ Balong 5000 5G Modem ပါဝင္တဲ့ Kirin 990 5G ခ်စ္ပ္ဆက္နဲ႔ High-end ေမာ္ဒယ္တုိ႔ပါ။

Kirin 980 ေမာ္ဒယ္ကလည္း Foldable ျဖစ္တာနဲ႔အညီ ေစ်းကေတာ့မေသးပါဘူး။ ရုိးရုိးဗားရွင္းေတာင္ ယြမ္ေငြ ၉၉၉၉ (ျမန္မာေငြ ၂၁ သိန္းခြဲေက်ာ္) က်သင့္မွာျဖစ္ၿပီး 5G ပါျဖစ္ေသးတဲ့ Kirin 990 ဆုိရင္ ယြမ္ ၁၃၉၉၉ (က်ပ္သိန္း ၃၀ ေက်ာ္) သတ္မွတ္လာမယ္လို႔ သတင္းေတြက ဆုိပါတယ္။ ဒါေတာင္မွ အခုႏွစ္အစ ေဖေဖာ္ဝါရီေလာက္မွာ Kirin 980 ဗားရွင္းနဲ႔ ဥေရာပေစ်းကြက္အတြက္ ေၾကညာခဲ့တဲ့ ယူရို ၂၂၉၉ (က်ပ္ ၃၉ သိန္းေက်ာ္) နဲ႔ယွဥ္လိုက္ရင္ အဆမတန္ ေစ်းခ်ဳိသာသြားတာပါ။

Mate X ဟန္းဆက္ေတြမွာ 8GB RAM နဲ႔ 512GB Storage ပါဝင္မွာျဖစ္ပါတယ္။ Kirin 990 5G ဗားရွင္းကေတာ့ ဒီထက္ပုိျမင့္ႏုိင္တယ္လို႔ ေလာေလာဆယ္ယူဆရေပမယ့္ Specs အေသးစိတ္ကိုေတာ့ မျမင္ရေသးပါဘူး။ ေစ်းႏႈန္းေတာင္ ထြက္လာၿပီဆုိေတာ့ ျမင္ေတာ့ျမင္ရေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GizmoChina

Unicode

Foldable စမတ်ဖုန်းတွေကို စောင့်မျှော်နေကြတဲ့သူတွေကတော့ ၂၀၁၉ နှစ်ကုန်ခါနီးမှပဲ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှု တွေကို မြင်တွေ့ရတော့မယ့်ပုံပါပဲ။ Huawei ရဲ့ Mate X Foldable စမတ်ဖုန်းဟာ လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့မှာ တရုတ်ပြည်တွင်းမှာ မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။

Huawei ရဲ့တရားဝင် Weibo အကောင့်ကနေ ဒါကို အတည်မပြုသေးသလို ၂၃ ရက်နေ့ကို နီးကပ်လာပေမယ့် တရားဝင်အချက်အလက်တစ်ခုမှ မထွက်ပေါ်လာသေးတာကြောင့် နောက်တစ်ခါထပ်ရွှေ့ဆိုင်းပြန်ပြီလားလို့ ထင်စရာဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့်လည်း ယနေ့မှာတော့ Mate X ရဲ့ဈေးနှုန်းတွေ စတင်ပေါက်ကြားလာခဲ့ပါတယ်။

အခုသတင်းဟာ Huawei Central ကနေ ထွက်ပေါ်လာတာဖြစ်ပြီး Mate X ဟာ ဗားရှင်းနှစ်မျိုးနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ အခြေခံမော်ဒယ်က Kirin 980 SoC ကိုအသုံးပြုလာမှာဖြစ်ကာ နောက်တစ်ခုကတော့ Balong 5000 5G Modem ပါဝင်တဲ့ Kirin 990 5G ချစ်ပ်ဆက်နဲ့ High-end မော်ဒယ်တို့ပါ။

Kirin 980 မော်ဒယ်ကလည်း Foldable ဖြစ်တာနဲ့အညီ ဈေးကတော့မသေးပါဘူး။ ရိုးရိုးဗားရှင်းတောင် ယွမ်ငွေ ၉၉၉၉ (မြန်မာငွေ ၂၁ သိန်းခွဲကျော်) ကျသင့်မှာဖြစ်ပြီး 5G ပါဖြစ်သေးတဲ့ Kirin 990 ဆိုရင် ယွမ် ၁၃၉၉၉ (ကျပ်သိန်း ၃၀ ကျော်) သတ်မှတ်လာမယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါတောင်မှ အခုနှစ်အစ ဖေဖော်ဝါရီလောက်မှာ Kirin 980 ဗားရှင်းနဲ့ ဥရောပဈေးကွက်အတွက် ကြေညာခဲ့တဲ့ ယူရို ၂၂၉၉ (ကျပ် ၃၉ သိန်းကျော်) နဲ့ယှဉ်လိုက်ရင် အဆမတန် ဈေးချိုသာသွားတာပါ။

Mate X ဟန်းဆက်တွေမှာ 8GB RAM နဲ့ 512GB Storage ပါဝင်မှာဖြစ်ပါတယ်။ Kirin 990 5G ဗားရှင်းကတော့ ဒီထက်ပိုမြင့်နိုင်တယ်လို့ လောလောဆယ်ယူဆရပေမယ့် Specs အသေးစိတ်ကိုတော့ မမြင်ရသေးပါဘူး။ ဈေးနှုန်းတောင် ထွက်လာပြီဆိုတော့ မြင်တော့မြင်ရတော့မယ်လို့ မျှော်လင့်ရပါတယ်။

Ref – GizmoChina