Huawei ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Mate X Foldable ဖုန်းကို စတင်မိတ်ဆက်ခဲ့ပြီးတော့ အခုအချိန်မှာဆိုရင် Mate Xs စမတ်ဖုန်းကို ရောင်းချနေတာဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်ကုန်ပိုင်းမှာတော့ သိသိသာသာ တိုးတက်မှုတွေရှိလာမယ့် Huawei Mate X2 Foldable ဖုန်းကို မိတ်ဆက်သွားတော့မှာပါ။

အဆိုပါ Huawei Mate X2 Foldable ဖုန်းဟာ အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Huawei Mate X လိုမျိုး အပြင်ဘက်ကို ခေါက်ချိုးထားတဲ့ Display ကို အသုံးပြုလာမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား Samsung Galaxy Fold လိုမျိုးပဲ အတွင်းဘက်ကိုပဲ ခေါက်ချိုးရတော့မှာဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Huawei ကနေ Mate X2 ဖုန်းအတွက် Display Panel ထုတ်လုပ်မှုတွေကို လာမယ့် စက်တင်ဘာလမှာ စတင်သွားမယ်လို့ သိရပါတယ်။ Display Screen Size အနေနဲ့ကတော့ Mate X အတိုင်းပဲ ဖြန့်လိုက်တဲ့အချိန်မှာ 8.03″ ရှိမှာဖြစ်ပြီး Resolution အနေနဲ့ 2480 x 2220 Pixels ရှိမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ Report တွေအရလည်း Mate X2 Foldable ဖုန်းအတွက် Display Panel ကို Samsung Display ကနေ အနည်းဆုံးအရေအတွက် ၃ သိန်းနဲ့အထက်ကို လာမယ့် ၂၀၂၀ တတိယ ၃ လပတ်မှာ တင်ပို့သွားမယ်လို့ သိရတယ်။ အဆိုပါ Display ဟာ 8.3″ CPI (Transparent Polymide) Panel အမျိုးအစားလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Huawei Mate X2 Foldable ဖုန်းဟာ 40MP Primary Sensor ၊ 40MP Ultrawide Sensor 12MP Telephoto Sensor နဲ့ ToF Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုလာမယ့်အပြင် 3x Optical Zoom နဲ့ OIS လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ အသုံးပြုလာမယ့် Processor ကိုတော့ အသေးစိတ်မသိရှိရသေးပေမယ့် RAM 8GB ကနေ အမြင့်ဆုံး RAM 16GB နဲ့ RAM ပေါ်မူတည်ပြီး Storage ကလည်း 128GB ကနေ 512GB အထိ ရှိမယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 6000mAh Battery ပါဝင်မှာဖြစ်ပြီး 65W Fast Charging ကို Support ပေးနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate X2 ဟာ မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ Samsung Galaxy Z Fold 2 နဲ့ အဓိကယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China