[Unicode]

Huawei က ဒီနှစ်မှာ သူ့ရဲ့ ပထမဆုံး Foldable ဖုန်းကို ကြေညာခဲ့ပါတယ်။ လာမယ့်နှစ်မှာ Huawei က Mate Xs နဲ့ Mate X2 တို့လို Foldable ဖုန်း အသစ် ၂ လုံးကို ချပြတော့မှာပါ။ Mate Xs ဟာ Mate X ကို Kirin 990 5G Processor နဲ့ အဆင့်မြှင့်တင်ထားတဲ့ မော်ဒယ် ဖြစ်ပြီး ပိုကောင်းတဲ့ Hinge Design နဲ့ ပိုမာကျောတဲ့ မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ Mobile World Congress 2020 မှာ အဲဒီ ဖုန်းကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် Mate X2 က ပိုစိတ်ဝင်စားစရာကောင်းပါတယ်။

@RODENT950 က Huawei ဟာ လာမယ့်နှစ် တတိယကွာတား ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ Mate X2 ကို ကြေညာမယ်လို့ သိရပါတယ်။ အဲဒီ Foldable ဖုန်းကို နောက်ထွက်မယ့် Kirin 1000 Processor မောင်းနှင်ထားပြီး IFA 2020 နည်းပညာ ပြပွဲမှာ ချပြနိုင်ပါတယ်။

သူက Mate X2 ရဲ့ ဒီဇိုင်းဟာ Samsung Galaxy Fold နဲ့ တူမယ်လို့ ပြောပါတယ်။ အဲဒီအတွက် အပြင်ဘက် မဟုတ်ဘဲ အတွင်းဘက်ကို ခေါက်ချိုး သုံးရမှာ ဖြစ်ပါတယ်။ သူက အရွယ်ကြီး ဖုန်း မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး Notifications နဲ့ Selfies တွေအတွက် အပြင်ဘက်မှာ အရွယ်သေး မျက်နှာပြင် ၁ ခု ပါမယ်လို့ ပြောပါတယ်။

ပင်မ မျက်နှာပြင်ရဲ့ အရွယ်အစားဟာ ၆.၅ လက်မနဲ့ ၆.၉ လက်မကြားမှာ ရှိနိုင်ပါတယ်။ အဲဒီ ဖုန်းကို ခေါက်ချိုးလိုက်ရင် အရွယ်အစား ကျစ်လစ်မှာ ဖြစ်ပြီး အိတ်ကပ်ထဲ ထည့်သွားနိုင်မှာ ဖြစ်ပါတယ်။

Ref : gizmochina

[Zawgyi]

Huawei Mate X2 Foldable ဖုန္းကို ၂၀၂၀ ခုႏွစ္ ကြာတား ၃ မွာ ေၾကညာႏုိင္

Huawei က ဒီႏွစ္မွာ သူ႔ရဲ႕ ပထမဆံုး Foldable ဖုန္းကို ေၾကညာခဲ့ပါတယ္။ လာမယ့္ႏွစ္မွာ Huawei က Mate Xs နဲ႔ Mate X2 တို႔လို Foldable ဖုန္း အသစ္ ၂ လံုးကို ခ်ျပေတာ့မွာပါ။ Mate Xs ဟာ Mate X ကို Kirin 990 5G Processor နဲ႔ အဆင့္ျမွင့္တင္ထားတဲ့ ေမာ္ဒယ္ ျဖစ္ၿပီး ပိုေကာင္းတဲ့ Hinge Design နဲ႔ ပိုမာေက်ာတဲ့ မ်က္ႏွာျပင္ေတြ ထည့္သြင္းထားပါတယ္။ Mobile World Congress 2020 မွာ အဲဒီ ဖုန္းကို ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ Mate X2 က ပိုစိတ္၀င္စားစရာေကာင္းပါတယ္။

@RODENT950 က Huawei ဟာ လာမယ့္ႏွစ္ တတိယကြာတား ျဖစ္တဲ့ ဇူလိုင္လနဲ႔ စက္တင္ဘာလအတြင္းမွာ Mate X2 ကို ေၾကညာမယ္လို႔ သိရပါတယ္။ အဲဒီ Foldable ဖုန္းကို ေနာက္ထြက္မယ့္ Kirin 1000 Processor ေမာင္းႏွင္ထားၿပီး IFA 2020 နည္းပညာ ျပပြဲမွာ ခ်ျပႏုိင္ပါတယ္။

သူက Mate X2 ရဲ႕ ဒီဇိုင္းဟာ Samsung Galaxy Fold နဲ႔ တူမယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ အျပင္ဘက္ မဟုတ္ဘဲ အတြင္းဘက္ကို ေခါက္ခ်ိဳး သံုးရမွာ ျဖစ္ပါတယ္။ သူက အရြယ္ႀကီး ဖုန္း မ်က္ႏွာျပင္ ထည့္သြင္းထားမွာ ျဖစ္ၿပီး Notifications နဲ႔ Selfies ေတြအတြက္ အျပင္ဘက္မွာ အရြယ္ေသး မ်က္ႏွာျပင္ ၁ ခု ပါမယ္္လို႔ ေျပာပါတယ္။

ပင္မ မ်က္ႏွာျပင္ရဲ႕ အရြယ္အစားဟာ ၆.၅ လက္မနဲ႔ ၆.၉ လက္မၾကားမွာ ရွိႏုိင္ပါတယ္။ အဲဒီ ဖုန္းကို ေခါက္ခ်ိဳးလိုက္ရင္ အရြယ္အစား က်စ္လစ္မွာ ျဖစ္ၿပီး အိတ္ကပ္ထဲ ထည့္သြားႏုိင္မွာ ျဖစ္ပါတယ္။

Ref : gizmochina