Huawei ကနေ ယခုနှစ်အစောပိုင်းမှာ Mate X ကို အနည်းငယ်အဆင့်မြှင့်တင်ထားတဲ့ Mate XS ကို စျေးကွက်အတွင်းမှာ ရောင်းချခဲ့ပါတယ်။ အခုလည်း Huawei ကနေ နောက်ထပ် Foldable ဖုန်းတစ်လုံးဖြစ်လာမယ့် Huawei Mate X2 ဖုန်းကို ယခုနှစ်အတွင်းမှာ မိတ်ဆက်လာဦးမှာပါ။

ဒါပေမယ့်လည်း အဆိုပါ Huawei Mate X2 ဖုန်းကိုမိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးဘဲ လာမယ့်အောက်တိုဘာလမှာပဲ Huawei Mate 40 Series ဖုန်းတွေနဲ့အတူလည်း မိတ်ဆက်လာနိုင်ပါတယ်။ အဆိုပါ Huawei Mate X2 ရဲ့ အဓိကပြောင်းလဲချက်တစ်ခုကတော့ Display ပိုင်းပဲဖြစ်ပြီး Huawei ကနေ ထုတ်လုပ်တဲ့စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ 120Hz Refresh Rate ကို Support ပြုလုပ်လာမယ်လို့ သိရပါတယ်။

အဆိုပါသတင်းကို Display Supply Chain Consultants (DSCC) ရဲ့ CEO နဲ့ Founder အဖြစ်တာဝန်ယူထားတဲ့ Ross Young ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ယခု ၂၀၂၀ ခုနှစ်အတွင်းမှာ ထွက်ရှိဖို့ရှိနေတဲ့ 120Hz Refresh Rate Display နဲ့ ဖုန်းတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ယခင်တုန်းကထွက်ပေါ်လာတဲ့ 120Hz ဖုန်းစာရင်းမှာ Huawei Mate X2 ပါဝင်ခြင်းမရှိခဲ့ပေမယ့် အခုအချိန်မှထွက်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။

Huawei ဟာ ယခင်တုန်းကလည်း Huawei Mate 40 Series ဖုန်းတွေမှာ 120Hz Refresh Rate ကိုထည့်သွင်းလာမယ်ဆိုပြီး သတင်းထွက်ရှိခဲ့ဖူးပေမယ့်လည်း အခုအချိန်မှာတော့ Huawei P40 Series ဖုန်းတွေလိုမျိုးပဲ 90Hz Refresh Rate ကိုပဲ Support လုပ်သွားမယ်လို့ သိရှိရတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei Mate X2 Foldable ဖုန်းအသစ်က Design ပိုင်းတွေရော ဘာတွေများပြောင်းလဲထားဦးမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China