[Unicode]

Huawei က ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်တဲ့ Mate X ကို အောင်မြင်စွာ ရောင်းချခဲ့ပြီးပါပြီ။ အခုတော့ ဒုတိယမြောက် Foldable ဖုန်းကို Huawei စတင် ဖန်တီးနေပါပြီ။ Mate X2 လို့ နာမည်ပေးထားနိုင်ပြီး ဒီနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်း ကြေညာနိုင်ပါတယ်။ ကြေညာဖို့ လများစွာ လိုနေသေးပေမယ့် အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ စတင် ထွက်ပေါ်လာနေပါပြီ။ အခုတော့ Huawei ရဲ့ Patent ၁ ခု ထွက်ပေါ်လာပြီး Mate X2 ရဲ့ ဒီဇိုင်းနဲ့ အဓိက သတင်းအချက်အလက် တချို့ကို သိလာရပါပြီ။

Huawei က EUIPO မှာ Patent အသစ် ၁ ခုကို မှတ်ပုံတင်ထားပြီး အဲဒီ ဖုန်းဟာ Mate X2 ဖြစ်နိုင်ပါတယ်။ Patent က ပုံကြမ်းအရ Mate X2 ရဲ့ ဒီဇိုင်းဟာ ပထမမျိုးဆက်နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် အပြင်ဘက်အစား အတွင်းဘက်ကို ခေါက်ချိုးရတာပါ။ ဒါ့အပြင် အပို မျက်နှာပြင် ထည့်ထားတဲ့ ဒေါင်လိုက် ဘား ၁ ခုပါလာပြီး အဲဒီမှာ အနောက်ကင်မရာ ၄ လုံးနဲ့ အရှေ့ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာ ဒီဇိုင်းပိုင်းမှာ အများကြီး ပြောင်းလဲသွားတာ မြင်ရပါတယ်။ မူလ Mate X မှာ အနောက်ဘက် ကင်မရာ ၃ လုံးပဲ ပါလာပြီး ခေါက်ချိုး ဒီဇိုင်းကြောင့် အရှေ့ ကင်မရာလိုပါ သုံးနိုင်ပါတယ်။

Mate X2 မှာ ဒစ်ဂျစ်တယ် ဘောပင်လည်း ထည့်သွင်းထားတာ မြင်ရပြီး ဒေါင်လိုက် ဘားမှာ ဘောပင်ကို စိုက်နိုင်ပါတယ်။ Galaxy Note Series တွေလိုပဲ Mate X2 ရဲ့ မျက်နှာပြင် အထက်ကနေ ဘောပင်ကို ရွေ့လျားခြင်းဖြင့် အလုပ်တွေ ခိုင်းစေနိုင်မှာပါ။ ထောင့်စွန်းတွေက မူလ Mate X လို မဟုတ်ဘဲ အနည်းငယ် ကွေးညွှတ်နေပါတယ်။ Patent မှာ Mate X2 ရဲ့ Specs တွေကို မဖော်ပြထားပေမယ့် 5G ပါလာမယ်လို့ ထင်ပါတယ်။ ဒါဟာ Patent အဆင့်ပဲ ရှိသေးတဲ့အတွက် Mate X2 ဟာ အဲဒီ ဒီဇိုင်းအတိုင်း ထွက်လာမယ်လို့ မယူဆနိုင်ပါဘူး။

Ref : gizchina

[Zawgyi]

Huawei Mate X2 မွာ ကင္မရာ ၆ လုံးေတာင္ပါလာႏိုင္

Huawei က ကုမၸဏီရဲ႕ ပထမဆုံး Foldable ဖုန္း ျဖစ္တဲ့ Mate X ကို ေအာင္ျမင္စြာ ေရာင္းခ်ခဲ့ၿပီးပါၿပီ။ အခုေတာ့ ဒုတိယေျမာက္ Foldable ဖုန္းကို Huawei စတင္ ဖန္တီးေနပါၿပီ။ Mate X2 လို႔ နာမည္ေပးထားႏိုင္ၿပီး ဒီႏွစ္ ဇူလိုင္လနဲ႔ စက္တင္ဘာလအတြင္း ေၾကညာႏိုင္ပါတယ္။ ေၾကညာဖို႔ လမ်ားစြာ လိုေနေသးေပမယ့္ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြ စတင္ ထြက္ေပၚလာေနပါၿပီ။ အခုေတာ့ Huawei ရဲ႕ Patent ၁ ခု ထြက္ေပၚလာၿပီး Mate X2 ရဲ႕ ဒီဇိုင္းနဲ႔ အဓိက သတင္းအခ်က္အလက္ တခ်ိဳ႕ကို သိလာရပါၿပီ။

Huawei က EUIPO မွာ Patent အသစ္ ၁ ခုကို မွတ္ပုံတင္ထားၿပီး အဲဒီ ဖုန္းဟာ Mate X2 ျဖစ္ႏိုင္ပါတယ္။ Patent က ပုံၾကမ္းအရ Mate X2 ရဲ႕ ဒီဇိုင္းဟာ ပထမမ်ိဳးဆက္နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္ အျပင္ဘက္အစား အတြင္းဘက္ကို ေခါက္ခ်ိဳးရတာပါ။ ဒါ့အျပင္ အပို မ်က္ႏွာျပင္ ထည့္ထားတဲ့ ေဒါင္လိုက္ ဘား ၁ ခုပါလာၿပီး အဲဒီမွာ အေနာက္ကင္မရာ ၄ လုံးနဲ႔ အေရွ႕ ကင္မရာ ၂ လုံး တပ္ဆင္ထားပါတယ္။ ကင္မရာ ဒီဇိုင္းပိုင္းမွာ အမ်ားႀကီး ေျပာင္းလဲသြားတာ ျမင္ရပါတယ္။ မူလ Mate X မွာ အေနာက္ဘက္ ကင္မရာ ၃ လုံးပဲ ပါလာၿပီး ေခါက္ခ်ိဳး ဒီဇိုင္းေၾကာင့္ အေရွ႕ ကင္မရာလိုပါ သုံးႏိုင္ပါတယ္။

Mate X2 မွာ ဒစ္ဂ်စ္တယ္ ေဘာပင္လည္း ထည့္သြင္းထားတာ ျမင္ရၿပီး ေဒါင္လိုက္ ဘားမွာ ေဘာပင္ကို စိုက္ႏိုင္ပါတယ္။ Galaxy Note Series ေတြလိုပဲ Mate X2 ရဲ႕ မ်က္ႏွာျပင္ အထက္ကေန ေဘာပင္ကို ေ႐ြ႕လ်ားျခင္းျဖင့္ အလုပ္ေတြ ခိုင္းေစႏိုင္မွာပါ။ ေထာင့္စြန္းေတြက မူလ Mate X လို မဟုတ္ဘဲ အနည္းငယ္ ေကြးၫႊတ္ေနပါတယ္။ Patent မွာ Mate X2 ရဲ႕ Specs ေတြကို မေဖာ္ျပထားေပမယ့္ 5G ပါလာမယ္လို႔ ထင္ပါတယ္။ ဒါဟာ Patent အဆင့္ပဲ ရွိေသးတဲ့အတြက္ Mate X2 ဟာ အဲဒီ ဒီဇိုင္းအတိုင္း ထြက္လာမယ္လို႔ မယူဆႏိုင္ပါဘူး။

Ref : gizchina