Huawei ဟာ Foldable စမတ်ဖုန်းစျေးကွက်ကို Huawei Mate X ဖုန်းနဲ့ အစောဆုံးမိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ Samsung နဲ့အပြိုင် Foldable ဖုန်းတွေ ဆက်တိုက်ထုတ်လုပ်နိုင်ခြင်းမရှိတော့ပါဘူး။ နောက်ဆုံးအနေနဲ့ Huawei ဟာ Mate Xs Foldable ဖုန်းကိုပဲ မိတ်ဆက်ထားတာဖြစ်ပါတယ်။

တဖက်မှာတော့ Samsung ဟာ Galaxy Fold ၊ Galaxy Z Flip ၊ Z Flip 5G အပြင် အခုနောက်ဆုံး Galaxy Z Fold 2 အထိကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် Huawei အနေနဲ့ Design ပြောင်းလဲမှုပြုလုပ်ထားတဲ့ Huawei Mate X2 ဖုန်းကို မိတ်ဆက်ရတော့မယ့်အချိန်ဖြစ်နေပြီလို့တောင် ပြောရမှာပါ။

အစောပိုင်းရရှိတဲ့သတင်းတွေအရတော့ Huawei Mate X2 ဟာ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ်ဆိုပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရတော့ နောက်နှစ်မှပဲ မိတ်ဆက်နိုင်တော့မယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ Display Analyst နဲ့ Display Search ရဲ့ Founder ဖြစ်တဲ့ Ross Young ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး ယခုနှစ်မှာ Huawei Mate X2 ကို မိတ်ဆက်နိုင်ခြင်းမရှိတော့တာကလည်း လက်ရှိ US အစိုးရရဲ့ ပိတ်ဆို့မှုတွေကြောင့်ဖြစ်ပါတယ်။ Huawei Mate X2 လိုမျိုးပဲ Huawei Mate 40 Series ကိုပါ Global စျေးကွက်မှာ ယခုနှစ်အတွင်း မြင်တွေ့ရဖို့မရှိဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ရှိနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ အခုအချိန်မှာတော့ အခက်အခဲကြီးကြီးမားမားကြုံတွေ့နေရပြီဖြစ်ပါတယ်။

Ref – Gizmo China