Huawei က Mate Xs Foldable စမတ်ဖုန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပူပူနွေးနွေး ကြေညာထားပါတယ်။ အဲဒီ ဖုန်းမှာ အဆင့်မြှင့်ထားတဲ့ Chipset နဲ့ 5G Support ပါလာပြီး Hinge က အရင်မျိုးဆက်ထက် ပိုမာကျောလာပါတယ်။ နောက်ဆုံးထုတ် EMUI 10 မောင်းနှင်ထားပြီး ဒီဇိုင်းလန်းသလို ဈေးကလည်း မြောက်ပါတယ်။

Richard Yu က Mate Xs ကို ကြေညာချိန်က နောက်လမှာ ရောင်းမယ်လို့ ပြောခဲ့ပေမယ့် နေ့ရက်အတိအကျကို မသိခဲ့ရပါဘူး။ အခုတော့ ဒီလ ၅ ရက်နေ့မှာ Mate Xs ကို တရုတ်မှာ ရောင်းချပေးမယ်ဆိုတာ သိလာရပါပြီ။ တရုတ်မှာ အစောဆုံးရောင်းပေးလိုက်တာ ဖြစ်ပြီး တခြား နိုင်ငံတွေမှာ ရောင်းမယ့်အချိန်ကို မသိရသေးပါဘူး။

Mate Xs မှာ အရင်မျိုးဆက်ရဲ့ အလန်းစား လုပ်ဆောင်ချက် အများစု ပါလာပြီး 55W Fast Charging က အားသွင်းရင် တော်တော်မြန်မှာပါ။ ကင်မရာ ၄ လုံးတောင် ထည့်သွင်းထားပြီး ဖုန်းကို ဖြန့်ထားရင် ၈ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။ ခေါက်ချိုးလိုက်ရင် မျက်နှာပြင် ၂ ခုကို မြင်ရပါတယ်။ Google Services မပါတဲ့အတွက် အနောက်နိုင်ငံတွေမှာ ရောင်းအား ကောင်းပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် Huawei က သူ့ကိုယ်ပိုင် Mobile Services ကို ထည့်သွင်းပေးဖို့ ကြိုးစားနေပါတယ်။

ကမ္ဘာအဝန်းမှာ ၂,၄၉၉ ယူရိုနဲ့ တရုတ်မှာ ယွမ် ၁၆,၉၉၉ နဲ့ ရောင်းမှာဖြစ်ပြီး မြန်မာငွေနဲ့တွက်ရင် သိန်း ၄၀ နဲ့ ၃၅ သိန်းလောက် အသီးသီး ကျသင့်မှာပါ။ Huawei Website နဲ့ Vmall.com မှာ 8/512GB ဖုန်းကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ပစ္စည်းမြန်မြန်ပြတ်သွားမယ်လို့ ထင်ပါတယ်။

Ref : gsmarena