Zawgyi
Huawei အနေနဲ့ Mate စီးရီးတွေရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 20, Mate 20 Pro နဲ့ Mate 20 Lite တို့ကို မိတ်ဆက်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
Ref: gizmochina
Unicode
Android 9.0 Pie နဲ့ ပွဲထွက်လာမယ့် Huawei Mate 20 နဲ့ Mate 20 Pro
Huawei အနေနဲ့ Mate စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 20, Mate 20 Pro နဲ့ Mate 20 Lite တို့ကို မိတ်ဆက်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ မော်ဒယ်နံပါတ် LYA-L29 အမည်ရှိ Huawei Mate 20 နဲ့ မော်ဒယ်နံပါတ် HMA-L29 အမည်ရှိ Huawei Mate 20 Pro တို့ဟာ Android 9.0 Pie နဲ့ ပွဲထွက်လာမယ့်အကြောင်းကို Eurasian Economic Comission (EEC) ရဲ့ Certiifcate များအရ သိရပါတယ်။ Mate 20 Lite ကတော့ Android Oreo နဲ့ဘဲ ပွဲထွက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။
Huawei Mate 20 နဲ့ Mate 20 Pro တို့ရဲ့ Processor အပိုင်းအတွက် ကမ္ဘာ့ ပထမဦးဆုံး 7nm Chipset ဖြစ်လာနိုင်ဖွယ်ရှိတဲ့ HiSilicon Kirin 980 SoC ကို အသုံးပြုထားနိုင်ဖွယ် ရှိပါတယ်။ Mate 20 Lite ရဲ့ Processor အပိုင်းကိုတော့ Kirin 710 Chipset ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Mate 20 ရဲ့ Display အပိုင်းအတွက် ၆.၂၈ လက်မ အရွယ်ရှိ AMOLED Display ကို အသုံးပြုထားနိုင်ဖွယ်ရှိပြီး 4200mAh ဘက်ထရီ ထည့်သွင်းထားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် နောက်ကျောဘက် ကင်မရာမှာ P20 Pro လိုမျိူး Triple Camera Setup ကို တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Waterdrop Display ကို အသုံးပြုထားနိုင်တယ်လို့ သိရပါတယ်။ Mate 20 Pro ကတော့ Under-display Fingerprint Sensor နဲ့ ပွဲထွက်လာနိုင်ကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။
Ref:gizmochina