ရန်ကုန်၊ မြန်မာ – အောက်တိုဘာလ ၁၆ ရက် ၂၀၁၈ ခုနှစ် – Huawei Consumer Business Group (BG) မှ ယနေ့တွင် တစ်နှစ်တာလုံး အလွန်မျှော်လင့်စောင့်စားခဲ့ရသည့် စမတ်ဖုန်း စီးရီးများထဲမှ တစ်ခုဖြစ်သည့် Huawei Mate 20 Series ကို ပြသပေးလိုက်သည်။ Huawei Mate 20 Series ၏ ဆန်းသစ်တီထွင်မှုများသည် Huawei Mate Series သမိုင်းတစ်လျှောက်အရေးပါသည့် မှတ်တိုင်တစ်ခုအဖြစ် ကိုယ်စားပြုလိုက်နိုင်ခဲ့သည်။ စမတ်ဖုန်းလောက၏ လွှမ်းမိုးမှုအရှိဆုံး နှင့် အဆင့်မြင့်မားဆုံးသော နည်းပညာ များဖြင့် ဒီဇိုင်းပြုလုပ်ထားသည့် Huawei ၏ နောက်ဆုံးပေါ် flagship ထုတ်ကုန်များသည် ၂၀၁၈ တွင် ထွက်ရှိထားသည့် အခြားသော စမတ်ဖုန်းများ မှ စံနှုန်းပြု တိုင်းတာရမည့် ဖုန်းတစ်လုံးဖြစ်လာသည်။

Huawei Mate 20 Series ၌ Huawei ၏ အသိပ်သည်းဆုံးနှင့် အမြင့်မားဆုံး system on chip (SoC) တစ်ခုဖြစ်သည့် Kirin 980 ဖြင့် အားဖြည့်ထားသည်။ စွမ်းဆောင်ရည်မြင့်မားသည့် Cortex-A76 အခြေပြု CPU နှင့် Mali-G76 GPU တို့ကို ပေါင်းစည်းထားသည့် 7nm Process နည်းပညာဖြင့် ထုတ်လုပ်ထားသည့် SoC သည် ပိုမိုတိုးတက်ကောင်းမွန်ပြီး ချောမွေ့သည့် သုံးစွဲသူ အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

သုံးစွဲသူများကို အကောင်းဆုံးသော ဘတ္ထရီသက်တမ်းကို ရရှိစေနိုင်ရန်အတွက် 40W Huawei SuperCharge နည်းပညာအသစ် ၊ 15W Huawei ကြိုးမဲ့ အမြန်အားသွင်းခြင်း နှင့် ကြီးမားသော ဘတ္တရီတို့မှ အတူတကွ တွဲဖက်လုပ်ဆောင်ပေးမည်ဖြစ်သည်။ Matrix Camera System တွင် Leica Ultra-Wide Angel Lens ပါဝင်ပြီး ၎င်းမှာ သုံးစွဲသူများအား ပိုမိုကျယ်ပြန့်စွာရိုက်ကူးနိုင်ရုံသာမက ၎င်း၏ macro distance capability အသစ်ကြောင့် ပိုမိုနီးကပ်သော ပုံရိပ်များကိုပါ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ အနောက်ဖက် ဖန်သားပြင်ပေါ်တွင် ပါရှိသည့် Hyper Optical Pattern သည် အလင်းနှင့် အရိပ်တို့ပေါ်မူတည်ကာ ညှို့ယူဖမ်းစားနိုင်မည့် တောက်ပသော optical effect ကို ထုတ်လွှင့်ပေးနိုင်မည်ဖြစ်သည်။ Matrix Camera System သည် အထင်ကရ Four-Point Design အား အခြေပြုထားပြီး အဆိုပါအချက်ကြောင့် Mate 20 Series ထုတ်ကုန်များအား အဝေးကကြည့်လျှင်ပင် အလွယ်တစ်ကူ သိရှိစေနိုင်မည်ဖြစ်သည်။ Huawei Mate 20 Series အား သုံးစွဲသူများမှ ထုတ်ကုန်စွမ်းအား နှင့် ဖျော်ဖြေရေးလုပ်ဆောင်ချက်များအား လွယ်ကူရှင်းလင်းစွာ အသုံးပြုစေနိုင်ရန် အတွက် Android P-based EMUI 9 Operating System ဖြင့် ထုတ်လုပ်ထားသည်။

၆.၅၃ လက်မ၊ ၆.၃၉ လက်မ နှင့် ၇.၂ လက်မ အထိရှိသော မျက်နှာပြင်အရွယ်အစား အမျိုးမျိုးပါဝင်လာမည်ဖြစ်ပြီး Huawei Mate 20 Series တွင် Huawei Mate 20၊ Huawei Mate 20 Pro၊ Huawei Mate 20 X နှင့် Porsche Design Huawei Mate 20 RS စသည်ဖြင့် ဖုန်းအမျိုးအစား ၄မျိုးဖြင့်ထွက်ရှိလာမည်ဖြစ်သည်။

“စမတ်ဖုန်းတွေဟာ ဒီဂျစ်တယ် ကမ္ဘာကို ဝင်ရောက်ဖို့ အရေးပါတဲ့ ဝင်ပေါက်တစ်ခု ဖြစ်ပါတယ်။ Huawei Mate 20 Series တွေဟာ သုံးစွဲသူတွေအတွက် အလွန်အားကောင်းတဲ့ ကင်မရာလုပ်ဆောင်ချက်တွေ ၊ ပြိုင်ဖက်ကင်း ဘတ္ထရီသက်တမ်း နဲ့ ပိုမိုမြင့်မားတဲ့ အသိဉာဏ်တွေနဲ့အတူ အကောင်းမွန်ဆုံးသော “mate (မိတ်ဆွေ)” အဖြစ် ရပ်တည်ပေးနိုင်ဖို့ ဒီဇိုင်းပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ်။” ဟု Huawei Consumer BG ၏ CEO ဖြစ်သူ Richard Yu မှပြောကြားသည်။

စွမ်းရည်မြင့် လုပ်ဆောင်ချက်နှင့် အားသွင်းစနစ် (Ultimate Performance and Battery Life)

စမတ်ဖုန်းများ၏ အဓိက အချက်အချာဖြစ်သည့် SoC သည် အဆိုပါ စမတ်ဖုန်း၏ စွမ်းဆောင်ရည် နှင့်ထိရောက်မှုအတွက် အဓိကကျသည့် အချက်တစ်ခုဖြစ်သည်။ နောက်ဆုံးပေါ် 7nm နည်းပညာလုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်ထားသော လက်သည်းခွံအရွယ်သာရှိသည့် အဆိုပါ SoC တွင် transistor ပေါင်း ၆.၉ ဘီလီယံ ထည့်သွင်းထားပါသည်။ Kirin 970 နှင့်နှိုင်းယှဉ်လျှင်နောက်ဆုံးပေါ် chipset တွင် 75% ပိုမိုအားကောင်းသော CPU ၊ 75% ပိုမိုအားကောင်းသော NPU ၊ 46% ပိုမိုအားကောင်းသော GPU နှင့် 226% ပိုမိုအားကောင်းသော NPU တို့ဖြင့် ဖန်တီးထားသည်။

ထို့အပြင်အား CPU သည် 58 ရာခိုင်နှုန်းသော်လည်းကောင်း၊ GPU အား 178 ရာခိုင်နှုန်းသော်လည်းကောင်း၊ NPU အား 182 ရာခိုင်နှုန်းသော်လည်းကောင်းပိုမိုသည့် ထိရောက်မှုများအားလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ Kirin 980 သည့် Cortex-A76-based-cores သုံးစွဲသည့် ကမ္ဘာ့ပထမဦးဆုံးစီးပွားဖြစ် SoC ဖြစ်ပါသည်။ Kirin 980 သည် Dual-NPU ထည့်သွင်းထားသည့် ပထမဆုံးသော SoC ဖြစ်ပြီး ပိုမိုမြင့်မားသည့် On-Device AI Processing Capability အား ပေးစွမ်းမည်ဖြစ်သည်။

Huawei Mate 20 Pro သည် သုံးစွဲသူများကို download speed 1.4 Gbps အထိရရှိနိုင်စေမည့် 4.5G LTE Cat. 21 standard အားထောက်ပံ့ပေးနိုင်သည့် ကမ္ဘာ့ပထမဆုံးသော စမတ်ဖုန်းဖြစ်သည်။ ထို့အပြင် 2GB အရွယ်အစားကို ဒေါင်းလုတ်လုပ်ရန် ၂ စက္ကန့်သာကြာမြင့်မည့် ကမ္ဘာ့အလျင်မြန်ဆုံး Wi-Fi connection speed ကိုလည်း ထောက်ပံပေးပါသည်။ အဆိုပါ top-end flagship သည် dual-band (L1+L5) GPS positioning နည်းပညာကိုလည်း ထောက်ပံပေးထားသည်။ AI GPS Satellite Selection နည်းပညာသည် scenarios အမျိုးမျိုးအတွက် တိကျသည့် နေရာချထားမှုအား အကောင်းမွန်ဆုံး ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

စွမ်းအားမြင့်စွမ်းဆောင်ရည်တို့အပြင် Huawei Mate 20 စီးရီးသည် ဘက်ထ္ထရီပိုင်းတွင်လည်း ဆန်းသစ်သည့် တိုးတက်မှုအား ပေးဆောင်နိုင်မည်ဖြစ်သည်။ Huawei Mate 20 Pro တွင်ပါဝင်သော High-density 4200mA ဘက်ထရီအား 40W Huawei Supercharger ဖြင့်အားသွင်းပါက ထုတ်ကုန်အား 30 မိနစ်အတွင်း 70 ရာခိုင်နှုန်း အထိအားဖြည့်သွင်းနိုင်ပါသည်။ အဆိုပါ လျင်မြန်သော ဘတ္ထရီအားသွင်းမှုနည်းပညာအား TÜV Rheinland မှ ၎င်း၏ တင်းကျပ်သောလုံခြုံရေးစံနှုန်းများနှင့် ပြည့်မီကြောင်း ထောက်ခံပေးထားကြောင်းသိရသည်။

ထို့ Huawei Mate 20 Pro တွင် အမြန်ဆုံး wireless charging solution တစ်ခုဖြစ်သည့် 15W HUAWEI Wireless Quick Charge ပါဝင်သည့်အပြင် ထုတ်ကုန်အား powerbank တစ်လုံးကဲ့သို့ အသုံးပြုနိုင်မည့် Wireless Reverse Charge လည်း ပါဝင်သည်။

Matrix Camera System

HUAWEI P20 Series ၏ ကင်မရာ စနစ်အား အခြေခံပြီး Huawei သည် Mate 20 အား ပိုမိုကောင်းမွန်သည့် ဖြည့်သွင်းချက်တစ်ခုဖြစ်သော 16mm Leica Ultra-Wide Angle Lens အား ထည့်သွင်းထားသည်။ ယခုကဲ့သို့ ပိုမိုကျယ်ပြန့်သော ရှုထောင့် သည် ရိုက်ကူးလိုက်သော ပုံရိပ်အား ပိုမိုကျယ်ဝန်းစေပြီး သုံးဖက်မြင်ရသကဲ့သို့ ဖြစ်စေမည်ဖြစ်သည်။ အဆိုပါကင်မရာစနစ်အသစ်သည်လည်းမှန်ဘီလူးမှ 2.5cm အကွာ၌ထားရှိသော အရာဝတ္ထု၏ ကြည်လင်ပြတ်သားစွာပုံရိပ်များကိုထုတ်လုပ်ပေးနိုင်သော macro distance လုပ်ဆောင်ချက်ပါဝင်သည်။

ထပ်မံထည့်သွင်းထားသည့် ultra-wide angle lens နှင့် macro တို့သည် ကင်မရာစနစ်၏ feature set ကို ပြီးပြည့်စုံစေရန် ထောက်ပံ့ပေးပြီး မည်သည့်လှုပ်ရှားမှုကိုမဆို အချိန်မရွေး အဆင်သင့်ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ အဆိုပါ Huawei Mate 20 Pro ကို 40MP အဓိကကင်မရာ၊ 20MP ultra-wide angle ကင်မရာနှင့် 8MP telephoto ကင်မရာတို့ဖြင့်တပ်ဆင်ထားကြောင်းသိရှိရပါသည်။ မှန်ဘီလူး သုံးခုပေါင်းစပ်ခြင်းနှင့်အတူ ကြီးမားကျယ်ပြန့်သော focal lengths (16-270mm မှန်ဘီလူး၏ စွမ်းဆောင်ရည်နှင့်ညီမျှ) ကြောင့် ပရော်ဖက်ရှင်နယ် ကင်မရာများနှင့် ရိုက်ကူးသည့် အရည်အသွေးအား ထင်ဟပ်စေမည့် ပုံရိပ်အရည်အသွေးကို ရရှိစေမည်ဖြစ်သည်။

Huawei Mate 20 စီးရီးများတွင် AI Portrait color video လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါသည်။ AIနည်းပညာကို အသုံးပြုခြင်းဖြင့် Huawei Mate 20 စီးရီးများသည် လူပုံရိပ်များကိုသီးသန့်ခွဲခြားသိရှိနိုင်ပြီး ဓာတ်ပုံတွင်ပါဝင်သော လူပုံရိပ်ဘေးမှ အရောင်များ၏ သိသာထင်ရှားမှုကို လျှော့ချပေးခြင်းဖြင့် လူပုံရိပ်ကို ပိုမိုထင်ရှားစေပါသည်။ AI Spotlight Reel လုပ်ဆောင်ချက်သည် ပုံရိပ်များကို မျှဝေထားသောthemeဖြင့် အာရုံခံပြီး montageကို အလိုအလျောက်ပြုလုပ်ပေးခြင်းဖြင့် စိတ်ဝင်စားဖွယ် ဖန်တီးပေးပါသည်။

Huawei Mate 20 Pro နှင့် Porsche Design Huawei Mate 20 RS တို့တွင် 3D Face Unlock ပါဝင်ပါသည်။ အဆိုပါလုပ်ဆောင်ချက် အသုံးပြုသူများသည် 0.6 စက္ကန့်အတွင်း လျင်မြန်စွာနှင့် လုံခြုံစွာ unlock လုပ်နိုင်မည်ဖြစ်ပြီး မှားယွင်းနိုင်ခြေမှာ 1/1,000,000 သာရှိပါသည်။

အရှေ့ဘက်တွင်ပါရှိသော 3D Depth Sensing Camera System ကို အသုံးပြုခြင်းဖြင့် အဆိုပါ ထုတ်ကုန် ၂ခုသည် မျက်နှာအင်္ဂါရပ်များအား တိကျစွာဖတ်ရှုနိုင်မည်ဖြစ်ပြီး အလွန်သေးငယ်သည့် အချက်အထိပါ သိရှိနိုင်မည်ဖြစ်သည်။ User Authentication အပြင် အဆိုပါ sensors များသည် ပိုမိုတိကျ သဘာဝဆန်သော portrait beautification effect များကိုလည်း ပေးစွမ်းနိုင်ကြောင်းသိရှိရပါသည်။

အရည်သွေးမြင့် လူမှုဘဝကို ပုံဖော်ပေးမည့် EMUI 9.0

Huawei Mate 20 Series တွင် Android P ကိုအခြေခံထားသည့် smart operating system ဖြစ်သည့် EMUI 9.0 ပါဝင်လာသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ AI self-learning စနစ်၊ integrated နှင့် granular resource ခွဲခြားသည့်စနစ်နှင့် မြန်ဆန်ချောမွေ့သည့် Android လုပ်ဆောင်မှုစနစ်တို့ကို ထောက်ပံ့ပေးနိုင်သည့် EMUI 9.0 သည် တိုးချဲ့အသုံးပြုခြင်းများတွင်ပါ အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မည့် “အမြဲစိမ်းလန်းနေသည့်” အတွေ့အကြုံများကို ယူဆောင်လာပေးမည် ဖြစ်ပါသည်။

EMUI 9.0 ကို အဖက်ဖက်မှကောင်းမွန်ပြီး အရည်အသွေးမြင့်မားသောဒီဇိုင်းနှင့် ရိုးရှင်းပြေပြစ်သည့် Setting menu တို့နှင့် ချိတ်ဆက်ပေးထားပါသည်။ Gesture Navigation ထောက်ပံ့ရေးစနစ်သည် user များကို ၎င်းတို့၏ device အား လက်နှင့်ထိတွေ့၊ ရွေ့လျားလိုက်ရုံနှင့် အလွယ်တကူ စေခိုင်းနိုင်စေရန် လုပ်ဆောင်ပေးပါသည်။ Huawei Mate 20 Series တွင် အရာဝတ္ထုများအား အမျိုးအစားခွဲခြားသတ်မှတ်ပေးခြင်း နှင့် အစားအသောက်များအား ကယ်လိုရီပမာဏတွက်ချက်ပေးခြင်း ကဲ့သို့သော ပိုမိုအဆင့်မြင့်သည့် AI နည်းပညာလုပ်ဆောင်ချက်များလည်း ပါဝင်လာသည်။

HUAWEI 3.0 သည် သုံးစွဲသူများအား စမတ်ဖုန်း နှင့် PC ကြား ဖိုင်များအား အလွယ်တကူ လျှင်မြန်စွာ လွှဲပြောင်းနိုင်စေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် တိုးတက်ပြောင်းလဲမှုများအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဆိုပါ လုပ်ဆောင်ချက်သည် Huawei ၏ မူပိုင် solution တစ်ခုဖြစ်ပြီး သုံးစွဲသူများမှ ဓာတ်ပုံ နှင့် ဗီဒီယို များ လွှဲပြောင်းပေးသည့်အခါတွင် သူမတူသည့် အတွေ့အကြုံအားပေးစွမ်းနိုင်မည်ဖြစ်သည်။

ခေတ်ရှေ့ပြေးသည့် ဒီဇိုင်း

HUAWEI Mate Series DNA ကို ကိုယ်စားပြုသည့် အနေဖြင့် ထုတ်ကုန်များအားလုံးတွင် High Screen to body ratio ရှိသည့် FullView Display ပါဝင်သည်။ သေသပ်စေ့စပ်စွာ တည်ဆောက်ထားခြင်းကြောင့် ၆.၃၉ လက်မအရွယ်ရှိ Huawei Mate 20 Pro မှ ၇.၂ လက်မအရွယ်ရှိ Huawei Mate 20X အထိ လက်တစ်ဖက်တည်း အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်သည်။

သဘာဝဒြပ်စင်များ၏ အလှတရားများကို Huawei Mate 20 Series ၏ ဒီဇိုင်းများမှ တဆင့်တွေ့မြင်နိုင်မည် ဖြစ်သည်။ Huawei Mate 20 Pro၏ အောက်ဖက်ကိုယ်ထည်ကို ထောင့် ၈ထောင့် မှ ကွေးထားပြီး ကြည့်ရှုသူအတွက် အံ့သြမှုများကို ပေးစွမ်းနိုင်မည့်အပြင် ကိုင်ဆောင်သည့်အခါ၌လည်း ကျေနပ်အားရမှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

Huawei Mate 20 Series ၏ ကျောဘက်ရှိ Matrix Camera array သည် ထူးခြားရဲရင့်သော avant-garde ပုံစံရှိ four-point ဒီဇိုင်းတွင် ကင်အရာ သုံးလုံးနှင့် အာရုံခံကိရိယာ တစ်ခုတို့ ပါဝင်ပြီး သတ္တုဘောင်ဖြင့် ဝန်းရံထားပါသည်။ အဆိုပါ flagship series တွင် ကျောက်မျက်ရတနာကဲ့သို့ တောက်ပသည့် Emerald Green အရောင် ပါဝင်လာမည်ဖြစ်သည်။ ဖန်သားပြင်ကျောဘက်ရှိ Hyper Optical Pattern သည် အလွန်အမင်း အကြမ်းခံစေရန်အတွက် ရှုပ်ထွေးသော hairline ပုံစံအား အသုံးပြုဖန်တီးထားသည့်အတွက် ကြာရှည်ခံသည့်အပြင် ၊ လျှောကျခြင်း နှင့် လက်ဗွေရာ ထင်ကျန်ခြင်းတို့ မှကင်းဝေးစေနိုင်မည်ဖြစ်သည်။ ကြာရှည်စွာ အသုံးပြုထားလျှင်ပင် device များသည် သန့်ရှင်းသပ်ရပ်သည့် ပုံစံကို မပျောက်မပျက် ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါသည်။

Huawei Mate 20 Series အသစ်အပြင် Huawei Watch GT၊ Huawei Band 3 Pro တို့ကို ယူကေ ၊ ပြင်သစ်၊ အီတလီ နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ စသည်တို့အပါအဝင် နိုင်ငံများစွား၌ ရောင်းချပေးသွားမည်ဖြစ်ပါသည်။

Huawei Mate 20 (4GB + 128GB configuration) ကို MSRP ယူရို ၇၉၉ ဖြစ်သော်လည်းကောင်း၊ Huawei Mate 20 (6GB + 128GB configuration) ကို MSRP ယူရို ၈၄၉ ဖြစ်သော်လည်း အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

Huawei Mate 20 Pro (6GB + 128GB configuration) ကို MSRP ယူရို ၁၀၄၉ ဖြင်အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

Huawei Mate 20 X (6GB + 128GB configuration) ကို MSRP ယူရို ၈၉၉ ဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင်လည်းကောင်း၊ The Porsche Design Huawei Mate 20 RS (8GB + 256GB configuration) ကို MSRP ယူရို ၁၆၉၅ ဖြင့်သော်လည်းကောင်း၊ The Porsche Design Huawei Mate 20 RS (8GB + 512GB configuration) ကို MSRP ယူရို ၂၀၉၅ ဖြင့်သော်လည်းကောင်း အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ကာ ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း၌ Huawei Mate 20 နှင့် Huawei Mate 20 Pro အား အောက်တိုဘာလ ၃၁ ရက်နေ့တွင် တရားဝင်မိတ်ဆက်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ဒုတိယအပတ်မှ စတင်ကာ ဈေးကွက်ထဲသို့ ရောက်ရှိလာမည်ဖြစ်သည်။