[Zawgyi]

ေမာ္ဒယ္နံပါတ္ SPM – AL00 နဲ႔ SPN – TL00 အမည္ရွိ စမတ္ဖုန္းေတြရဲ႕ အခ်က္အလက္ေတြဟာ TENAA ကေနတဆင့္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းေတြကို တ႐ုတ္ႏိုင္ငံမွာ Huawei nova 5i Pro အမည္နဲ႔ မိတ္ဆက္ႏိုင္ၿပီး ကမာၻအႏွံ႔အျပားမွာ Huawei Mate 30 Lite အမည္နဲ႔ မိတ္ဆက္ႏိုင္ေၾကာင္း ကြၽမ္းက်င္ပညာရွင္မ်ားက ခန႔္မွန္းေျပာဆိုထားၾကပါတယ္။

TENAA အခ်က္အလက္မ်ားအရ Mate 30 Lite မွာ Resolution 1080 x 2340 pixels ရွိတဲ့ 6.26” LCD Display ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ Mate 30 Lite ရဲ႕ ရွင္းလင္းျပတ္သားတဲ့ ဓာတ္ပုံေတြဟာ အခုခ်ိန္ထိ ေပၚထြက္လာျခင္း မရွိေသးပါဘူး။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ဇြန္လတုန္းက ထြက္ေပၚခဲ့တဲ့ Mate 30 Lite (Diagram) ဓာတ္ပုံမွာေတာ့ ေနာက္ေက်ာဘက္မွာ Quad Camera Setup ကိုတပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာ Punch-hole Display ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ အဆိုပါ Punch-hole ထဲမွာ 32MP Selfie Camera ကို ထည့္သြင္းတပ္ဆင္ထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Fingerprint Sensor ကိုလည္း ေနာက္ေက်ာဘက္မွာပဲ တပ္ဆင္ထားတာ ေတြ႕ရပါေသးတယ္။

ေနာက္ေက်ာဘက္မွာရွိတဲ့ Quad Camera Setup ထဲမွာေတာ့ 48MP Main Camera ကို 8MP (Ultra-wide) Lens + 2MP (Depth) Sensor + 2MP (Macro) Camera ေတြနဲ႔ တြဲဖက္တပ္ဆင္ထားႏိုင္ပါတယ္။ Processor အပိုင္းအတြက္ Kirin 810 (7nm) ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 6GB/8GB ၂မ်ိဴး ထုတ္လုပ္ထားမယ္လို႔ သိရပါတယ္။ Memory Storage ကိုလည္း 128GB နဲ႔ 256GB ဆိုၿပီး ၂မ်ိဴး ထည့္သြင္းေပးထားႏိုင္ပါတယ္။

TENAA ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ Mate 30 Lite မွာ ဘက္ထရီ 3900mAh ပါဝင္လာမွာပါ။ ဒါေပမယ့္ 4000mAh လည္း ပါဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ အျမန္အားသြင္းစနစ္လည္း ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Huawei Mate 30 Lite ကို ဒီလကုန္ခါနီးမွာ ျမင္ေတြ႕ႏိုင္ဖြယ္ရွိေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Huawei Mate 30 Lite ရဲ့ အချက်အလက်တွေ ထွက်ပေါ်လာပြီ

မော်ဒယ်နံပါတ် SPM – AL00 နဲ့ SPN – TL00 အမည်ရှိ စမတ်ဖုန်းတွေရဲ့ အချက်အလက်တွေဟာ TENAA ကနေတဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေကို တရုတ်နိုင်ငံမှာ Huawei nova 5i Pro အမည်နဲ့ မိတ်ဆက်နိုင်ပြီး ကမ္ဘာအနှံ့အပြားမှာ Huawei Mate 30 Lite အမည်နဲ့ မိတ်ဆက်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းပြောဆိုထားကြပါတယ်။

TENAA အချက်အလက်များအရ Mate 30 Lite မှာ Resolution 1080 x 2340 pixels ရှိတဲ့ 6.26” LCD Display ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ Mate 30 Lite ရဲ့ ရှင်းလင်းပြတ်သားတဲ့ ဓာတ်ပုံတွေဟာ အခုချိန်ထိ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လတုန်းက ထွက်ပေါ်ခဲ့တဲ့ Mate 30 Lite (Diagram) ဓာတ်ပုံမှာတော့ နောက်ကျောဘက်မှာ Quad Camera Setup ကိုတပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာ Punch-hole Display ကို အသုံးပြုထားတာ တွေ့ရပါတယ်။ အဆိုပါ Punch-hole ထဲမှာ 32MP Selfie Camera ကို ထည့်သွင်းတပ်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Fingerprint Sensor ကိုလည်း နောက်ကျောဘက်မှာပဲ တပ်ဆင်ထားတာ တွေ့ရပါသေးတယ်။

နောက်ကျောဘက်မှာရှိတဲ့ Quad Camera Setup ထဲမှာတော့ 48MP Main Camera ကို 8MP (Ultra-wide) Lens + 2MP (Depth) Sensor + 2MP (Macro) Camera တွေနဲ့ တွဲဖက်တပ်ဆင်ထားနိုင်ပါတယ်။ Processor အပိုင်းအတွက် Kirin 810 (7nm) ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 6GB/8GB ၂မျိူး ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ Memory Storage ကိုလည်း 128GB နဲ့ 256GB ဆိုပြီး ၂မျိူး ထည့်သွင်းပေးထားနိုင်ပါတယ်။

TENAA ရဲ့ ဖော်ပြချက်အရဆိုရင် Mate 30 Lite မှာ ဘက်ထရီ 3900mAh ပါဝင်လာမှာပါ။ ဒါပေမယ့် 4000mAh လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Huawei Mate 30 Lite ကို ဒီလကုန်ခါနီးမှာ မြင်တွေ့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina