[Zawgyi]

Huawei အေနနဲ႔ သူတို႔ရဲ႕ Flagship စီးရီးျဖစ္တဲ့ Mate 30 စမတ္ဖုန္းေတြကို လာမယ့္ ေအာက္တိုဘာလထဲမွာ မိတ္ဆက္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေအာက္တိုဘာလ ေရာက္ဖို႔ အခ်ိန္ ၃လေက်ာ္ လိုအပ္ေနေသးေပမယ့္ Huawei Mate 30 နဲ႔ ပတ္သက္တဲ့ သတင္းေတြကေတာ့ ခဏတိုင္းလိုလို ထြက္ေပၚေနပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Mate 30 ရဲ႕ ေနာက္ေက်ာဘက္ Camera Setup ဒီဇိုင္းဟာ Mate 20 လိုမ်ိဴး ေလးေဒါင့္ပုံစံ မဟုတ္ေတာ့ဘဲ စက္ဝိုင္းပုံစံ ေျပာင္းလဲသြားမယ္ဆိုတဲ့ သတင္းကို ေရးသားခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းက Camera Sensors နဲ႔ Flash Light ေတြကို စက္ဝိုင္းပုံစံခြက္ထဲမွာ ဘယ္လိုမ်ိဴး ထည့္သြင္းတပ္ဆင္ထားႏိုင္တယ္ဆိုတာကို အတိအက် မသိခဲ့ရပါဘူး။ အခုေတာ့ အဲ့ဒီေမးခြန္းအတြက္ အေျဖတစ္ခု ထြက္ေပၚလာပါၿပီ။

Huawei Mate 30 Pro ရဲ႕ ေနာက္ေက်ာဘက္ဒီဇိုင္းလို႔ ယူဆရတဲ့ Render ဓာတ္ပုံဟာ တ႐ုတ္ႏိုင္ငံသား Leakster တစ္ဦးထံကေန ထြက္ေပၚလာပါတယ္။ ထြက္ေပၚလာတဲ့ ပုံအရဆိုရင္ Camera Sensors နဲ႔ Flash Light ေတြကို စက္ဝိုင္းပုံစံခြက္ထဲမွာ “ X “ ပုံသ႑ာန္နဲ႔ ထည့္သြင္းတပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ( ခင္ဗ်ားတို႔ေတာ့ မသိဘူး၊ က်ဴပ္ကေတာ့ အဲ့ဒီ Camera Setup ဒီဇိုင္းေလးကို သေဘာက်မိတယ္ ) ဒါ့အျပင္ ဓာတ္ပုံကို ျပဴးၿပဲၾကည့္မယ္ဆိုရင္ LEICA အမွတ္တံဆိပ္နဲ႔ SUMMILUX-H Lens ေတြကို အသုံးျပဳထားၿပီး Optical Zoom က 5x အထိ ေထာက္ပံ့ေပးထားတာကို ေတြ႕ရမွာပါ။ Camera Sensor ေတြရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ အခုခ်ိန္ထိ အတိအက် မသိရေသးပါဘူး။

တစ္ဖက္မွာလည္း Huawei Mate 30 Pro ရဲ႕ Front Panel ဓာတ္ပုံဟာ Weibo မွာ ေပၚထြက္ခဲ့ပါေသးတယ္။ ဒါေပမယ့္ အဆိုပါ ဓာတ္ပုံမွာ Panel ထိပ္ပိုင္းေတြကို ဖ်က္ထားပါတယ္။ ဒါ့ေၾကာင့္ Mate 30 Pro က Notch နဲ႔လား ဒါမွမဟုတ္ Punch-hole နဲ႔လား ဆိုတာကို ေျပာျပဖို႔ မလြယ္ေတာ့ပါဘူး။ Front Panel ဓာတ္ပုံကေန သိလိုက္ရတာကေတာ့ Mate 30 Pro ဟာ Mate 20 Pro လိုမ်ိဴး Curved Display ကိုပဲ အသုံးျပဳထားမွာ ျဖစ္ၿပီး Chin က Mate 20 Pro ထက္ ပိုေသးသြားတာ ေတြ႕ရပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Mate 30 Pro မွာ 3D Face Unlock စနစ္ မပါဝင္ေတာ့ဘူးလို႔ ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Gizmochina

[Unicode]

Huawei Mate 30 Pro ရဲ့ ကျောဘက်ကင်မရာဒီဇိုင်း ပေါက်ကြားထွက်ပေါ်လာ

Huawei အနေနဲ့ သူတို့ရဲ့ Flagship စီးရီးဖြစ်တဲ့ Mate 30 စမတ်ဖုန်းတွေကို လာမယ့် အောက်တိုဘာလထဲမှာ မိတ်ဆက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အောက်တိုဘာလ ရောက်ဖို့ အချိန် ၃လကျော် လိုအပ်နေသေးပေမယ့် Huawei Mate 30 နဲ့ ပတ်သက်တဲ့ သတင်းတွေကတော့ ခဏတိုင်းလိုလို ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Mate 30 ရဲ့ နောက်ကျောဘက် Camera Setup ဒီဇိုင်းဟာ Mate 20 လိုမျိူး လေးဒေါင့်ပုံစံ မဟုတ်တော့ဘဲ စက်ဝိုင်းပုံစံ ပြောင်းလဲသွားမယ်ဆိုတဲ့ သတင်းကို ရေးသားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက Camera Sensors နဲ့ Flash Light တွေကို စက်ဝိုင်းပုံစံခွက်ထဲမှာ ဘယ်လိုမျိူး ထည့်သွင်းတပ်ဆင်ထားနိုင်တယ်ဆိုတာကို အတိအကျ မသိခဲ့ရပါဘူး။ အခုတော့ အဲ့ဒီမေးခွန်းအတွက် အဖြေတစ်ခု ထွက်ပေါ်လာပါပြီ။

Huawei Mate 30 Pro ရဲ့ နောက်ကျောဘက်ဒီဇိုင်းလို့ ယူဆရတဲ့ Render ဓာတ်ပုံဟာ တရုတ်နိုင်ငံသား Leakster တစ်ဦးထံကနေ ထွက်ပေါ်လာပါတယ်။ ထွက်ပေါ်လာတဲ့ ပုံအရဆိုရင် Camera Sensors နဲ့ Flash Light တွေကို စက်ဝိုင်းပုံစံခွက်ထဲမှာ “ X “ ပုံသဏ္ဍာန်နဲ့ ထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပါတယ်။ ( ခင်ဗျားတို့တော့ မသိဘူး၊ ကျူပ်ကတော့ အဲ့ဒီ Camera Setup ဒီဇိုင်းလေးကို သဘောကျမိတယ် ) ဒါ့အပြင် ဓာတ်ပုံကို ပြူးပြဲကြည့်မယ်ဆိုရင် LEICA အမှတ်တံဆိပ်နဲ့ SUMMILUX-H Lens တွေကို အသုံးပြုထားပြီး Optical Zoom က 5x အထိ ထောက်ပံ့ပေးထားတာကို တွေ့ရမှာပါ။ Camera Sensor တွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

တစ်ဖက်မှာလည်း Huawei Mate 30 Pro ရဲ့ Front Panel ဓာတ်ပုံဟာ Weibo မှာ ပေါ်ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဆိုပါ ဓာတ်ပုံမှာ Panel ထိပ်ပိုင်းတွေကို ဖျက်ထားပါတယ်။ ဒါ့ကြောင့် Mate 30 Pro က Notch နဲ့လား ဒါမှမဟုတ် Punch-hole နဲ့လား ဆိုတာကို ပြောပြဖို့ မလွယ်တော့ပါဘူး။ Front Panel ဓာတ်ပုံကနေ သိလိုက်ရတာကတော့ Mate 30 Pro ဟာ Mate 20 Pro လိုမျိူး Curved Display ကိုပဲ အသုံးပြုထားမှာ ဖြစ်ပြီး Chin က Mate 20 Pro ထက် ပိုသေးသွားတာ တွေ့ရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Mate 30 Pro မှာ 3D Face Unlock စနစ် မပါဝင်တော့ဘူးလို့ ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Gizmochina