[Zawgyi]

တီထြင္ဆန္းသစ္သည့္ SuperSensing Cine Camera သည္ အလုံးစုံေသာ ကင္မရာလုပ္ေဆာင္ခ်က္တြင္ အျမင့္မားဆုံး အဆင့္သတ္မွတ္ခ်က္ႏွင့္ DxOMark အမွတ္ေပးဇယားတြင္ အျမင့္မားဆုံး အမွတ္ ရရွိထားသည္။

Huawei ၏ Mate 30 Pro မွ DxOMark တြင္ အျမင့္မားဆုံးေသာ ရမွတ္ကို စက္တင္ဘာ ၂၆ ရက္ေန႔တြင္ ရရွိခဲ့ၿပီး မွတ္ေက်ာက္ထပ္မံတင္ႏိုင္ခဲ့သည္။ Mate 30 Pro တြင္ ပါဝင္သည့္ SuperSensing Cine Camera သည္ ရလဒ္ေပါင္း ၁၂၁ မွတ္ျဖင့္ ပထမ ေနရာကို ရယူႏိုင္ခဲ့သည္။ Huawei Mate 30 Pro သည္ ေကာင္းမြန္သည့္ လုပ္ေဆာင္ခ်က္မ်ားစြာျဖင့္ မွတ္ေက်ာက္တစ္ခုတင္ႏိုင္ၿပီး ယွဥ္ၿပိဳင္သူမ်ားအတြက္ စံႏႈန္းအား အဆင့္ျမင့္တင္ႏိုင္ခဲ့သည္။

DxOMark သည္ စမတ္ဖုန္းျဖင့္ ႐ိုက္ကူးလိုက္သည့္ ပုံရိပ္တစ္ခုျခင္း၏ အရည္အေသြးအား သတ္မွတ္ခ်က္ခ်လွ်က္ရွိသည့္ ဓာတ္ပုံပညာရပ္ပိုင္းဆိုင္ရာ အဆင့္သတ္မွတ္သည့္ စနစ္ တစ္ခုျဖစ္ၿပီး ၎မွ Huawei Mate 30 Pro ၏ Super Sensing ကင္မရာ ႏွင့္ Cine Camera မ်ားပါဝင္ ေပါင္းစည္းထားသည့္ quad-camera စနစ္အား DxOMark ကင္မရာ အမွတ္ေပး စနစ္တြင္ အျမင့္ဆုံး အျဖစ္ သတ္မွတ္လိုက္သည္။ နံပါတ္ ၁ ဟူေသာ ေနရာအား ရရွိခဲ့သည့္ Huawei ၏ ေနာက္ဆုံးေပၚ စမတ္ဖုန္းသည္ ထုတ္ကုန္အမွတ္တံဆိပ္ ၏ “စမတ္ဖုန္းဓာတ္ပုံ႐ိုက္ကူးမႈ၏ ဘုရင္တစ္ဆူ” ဟူေသာ ရပ္တည္မႈအား ထပ္မံ အားျဖည့္ေပးလိုက္ႏိုင္သည္။

DxOMark မွ “ DxOMark မွ ကင္မရာ အဆင့္သတ္မွတ္ခ်က္ အမွတ္ေပါင္း ၁၂၁ ရရွိခဲ့တဲ့ Huawei Mate 30 Pro ဟာ စမတ္ဖုန္း ကင္မရာ အဆင့္သတ္မွတ္ခ်က္ မွာ ထိပ္ဆုံးဆိုတဲ့ ေနရာကို ရယူႏိုင္ခဲ့တာပါ။ အခုလို သတ္မွတ္ခ်က္အသစ္ကို ရရွိတယ္ဆိုတာကလည္း အံ့ၾသဖြယ္ေကာင္းေလာက္တဲ့ ဓာတ္ပုံအမွတ္ေပါင္း (photo score) ၁၃၁ မွတ္ေၾကာင့္ ျဖစ္ၿပီးေတာ့ ဒါကလည္း ယခင္ဦးေဆာင္ေနတဲ့ model ထက္ ၅ မွတ္ပိုမိုမ်ားျပားေနျခင္းျဖစ္ပါတယ္။” ဟု ေျပာၾကားခဲ့သည္။

Huawei Mate 30 Pro ရဲ႕ အဆင့္ျမင့္မားတဲ့ ကင္မရာစနစ္မွာ 40 MP SuperSensing Camera ၊ 40 MP Cine Camera ၊ 8 MP Telephoto Camera ႏွင့္ 3D Depth Sensing Camera မ်ားပါဝင္သည္။ SuperSensing Cine Camera သည္ အံ့ၾသသင့္ဖြယ္ေကာင္းသည့္ Ultra-Wide Night Shots ၊ HDR+ ျဖင့္ Ultra-Wide Angle Shots ႏွင့္ Pro-Bokeh Effect ျဖင့္ Portrait Shots မ်ားအား ႐ိုက္ကူးေစႏိုင္မည့္ Dual-Main Camera System ပါဝင္သည္။

40MP SuperSensing Camera တြင္ ပါဝင္သည့္ RYYB color array သည္ ပိုမိုသည့္ အလင္းေရာင္မ်ားအား စုပ္ယူႏိုင္ရန္ ဒီဇိုင္းျပဳလုပ္ဖန္တီးထားျခင္းျဖစ္ၿပီး ၎အခ်က္ေၾကာင့္ပင္ Huawei Mate 30 Pro မွ အလင္းအေရာင္အလြန္နည္းပါးသည့္အခ်ိန္တြင္ပင္ လြန္စြာတိက်ၿပီး ၾကည္လင္ျပတ္သားသည့္ ပုံရိပ္မ်ားအား ေပးစြမ္းႏိုင္မည္ျဖစ္သည္။ ISP 5.0 Image Signal Processor ထည့္သြင္းထားသည့္ Huawei Mate 30 Pro သည္ ဓာတ္ပုံ ႏွင့္ ဗီဒီယိုမ်ားအား အျမင့္မားဆုံးေသာ အရည္အေသြးျဖင့္ ႐ိုက္ကူးပုံေဖာ္ႏိုင္မည္ျဖစ္သည္။

Huawei Mate 30 Pro သည္ ပေရာ္ဖက္ရွင္နယ္ဆန္သည့္ ဗီဒီယိုမ်ားအား cinematic tones ျဖင့္ ႐ိုက္ကူးေစႏိုင္မည္ျဖစ္သည္။ Cine Camera တြင္ ISO 51200 အထိ ေပးစြမ္းႏိုင္မည့္ 1/1.54 လက္မ အ႐ြယ္ရွိသည့္ Sensor ပါဝင္ၿပီး အျမင့္ဆုံး 7680 fps အထိ ႐ိုက္ကူးေစႏိုင္မည့္ Ultra Slow-Motion Video လုပ္ေဆာင္ခ်က္ ႏွင့္ 4K Low-Light Ultra-Wide Time-lapse ဗီဒီယိုမ်ားပါ ႐ိုက္ကူးေစႏိုင္မည္ျဖစ္သည္။

Mate 30 Series အား စက္တင္ဘာလအတြင္းတြင္ မိတ္ဆက္ခဲ့ၿပီးေနာက္ Huawei သည္ စမတ္ဖုန္း တစ္လုံး၏ လုပ္ေဆာင္ႏိုင္စြမ္းဟူသည့္ အဓိပၸါယ္ဖြင့္ဆိုခ်က္အား ျပန္လည္ ေရးသားႏိုင္ခဲ့ၿပီး သုံးစြဲသူမ်ားအား ဓာတ္ပုံပညာရပ္ ႏွင့္ ဗီဒီယိုပညာရပ္ ႏွင့္ ပတ္သက္သည့္ စည္းမ်ဥ္းစည္းေဘာင္မ်ားအား ျပန္လည္ အဓိပၸါယ္ဖြင့္ဆိုႏိုင္ေစခဲ့သည္။

DxOMark စမ္းသပ္ခ်က္မ်ားႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားအား သိရွိလိုပါက www.dxomark.com သို႔ ဝင္ေရာက္ ၾကည့္ရႈႏိုင္ပါသည္။

[Unicode]

Huawei မှ Mate 30 Pro ဖြင့် Smartphone Photography လောကတွင် ဆက်လက် ဦးဆောင်လျှက်ရှိ

တီထွင်ဆန်းသစ်သည့် SuperSensing Cine Camera သည် အလုံးစုံသော ကင်မရာလုပ်ဆောင်ချက်တွင် အမြင့်မားဆုံး အဆင့်သတ်မှတ်ချက်နှင့် DxOMark အမှတ်ပေးဇယားတွင် အမြင့်မားဆုံး အမှတ် ရရှိထားသည်။

Huawei ၏ Mate 30 Pro မှ DxOMark တွင် အမြင့်မားဆုံးသော ရမှတ်ကို စက်တင်ဘာ ၂၆ ရက်နေ့တွင် ရရှိခဲ့ပြီး မှတ်ကျောက်ထပ်မံတင်နိုင်ခဲ့သည်။ Mate 30 Pro တွင် ပါဝင်သည့် SuperSensing Cine Camera သည် ရလဒ်ပေါင်း ၁၂၁ မှတ်ဖြင့် ပထမ နေရာကို ရယူနိုင်ခဲ့သည်။ Huawei Mate 30 Pro သည် ကောင်းမွန်သည့် လုပ်ဆောင်ချက်များစွာဖြင့် မှတ်ကျောက်တစ်ခုတင်နိုင်ပြီး ယှဉ်ပြိုင်သူများအတွက် စံနှုန်းအား အဆင့်မြင့်တင်နိုင်ခဲ့သည်။

DxOMark သည် စမတ်ဖုန်းဖြင့် ရိုက်ကူးလိုက်သည့် ပုံရိပ်တစ်ခုခြင်း၏ အရည်အသွေးအား သတ်မှတ်ချက်ချလျှက်ရှိသည့် ဓာတ်ပုံပညာရပ်ပိုင်းဆိုင်ရာ အဆင့်သတ်မှတ်သည့် စနစ် တစ်ခုဖြစ်ပြီး ၎င်းမှ Huawei Mate 30 Pro ၏ Super Sensing ကင်မရာ နှင့် Cine Camera များပါဝင် ပေါင်းစည်းထားသည့် quad-camera စနစ်အား DxOMark ကင်မရာ အမှတ်ပေး စနစ်တွင် အမြင့်ဆုံး အဖြစ် သတ်မှတ်လိုက်သည်။ နံပါတ် ၁ ဟူသော နေရာအား ရရှိခဲ့သည့် Huawei ၏ နောက်ဆုံးပေါ် စမတ်ဖုန်းသည် ထုတ်ကုန်အမှတ်တံဆိပ် ၏ “စမတ်ဖုန်းဓာတ်ပုံရိုက်ကူးမှု၏ ဘုရင်တစ်ဆူ” ဟူသော ရပ်တည်မှုအား ထပ်မံ အားဖြည့်ပေးလိုက်နိုင်သည်။

DxOMark မှ “ DxOMark မှ ကင်မရာ အဆင့်သတ်မှတ်ချက် အမှတ်ပေါင်း ၁၂၁ ရရှိခဲ့တဲ့ Huawei Mate 30 Pro ဟာ စမတ်ဖုန်း ကင်မရာ အဆင့်သတ်မှတ်ချက် မှာ ထိပ်ဆုံးဆိုတဲ့ နေရာကို ရယူနိုင်ခဲ့တာပါ။ အခုလို သတ်မှတ်ချက်အသစ်ကို ရရှိတယ်ဆိုတာကလည်း အံ့သြဖွယ်ကောင်းလောက်တဲ့ ဓာတ်ပုံအမှတ်ပေါင်း (photo score) ၁၃၁ မှတ်ကြောင့် ဖြစ်ပြီးတော့ ဒါကလည်း ယခင်ဦးဆောင်နေတဲ့ model ထက် ၅ မှတ်ပိုမိုများပြားနေခြင်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

Huawei Mate 30 Pro ရဲ့ အဆင့်မြင့်မားတဲ့ ကင်မရာစနစ်မှာ 40 MP SuperSensing Camera ၊ 40 MP Cine Camera ၊ 8 MP Telephoto Camera နှင့် 3D Depth Sensing Camera များပါဝင်သည်။ SuperSensing Cine Camera သည် အံ့သြသင့်ဖွယ်ကောင်းသည့် Ultra-Wide Night Shots ၊ HDR+ ဖြင့် Ultra-Wide Angle Shots နှင့် Pro-Bokeh Effect ဖြင့် Portrait Shots များအား ရိုက်ကူးစေနိုင်မည့် Dual-Main Camera System ပါဝင်သည်။

40MP SuperSensing Camera တွင် ပါဝင်သည့် RYYB color array သည် ပိုမိုသည့် အလင်းရောင်များအား စုပ်ယူနိုင်ရန် ဒီဇိုင်းပြုလုပ်ဖန်တီးထားခြင်းဖြစ်ပြီး ၎င်းအချက်ကြောင့်ပင် Huawei Mate 30 Pro မှ အလင်းအရောင်အလွန်နည်းပါးသည့်အချိန်တွင်ပင် လွန်စွာတိကျပြီး ကြည်လင်ပြတ်သားသည့် ပုံရိပ်များအား ပေးစွမ်းနိုင်မည်ဖြစ်သည်။ ISP 5.0 Image Signal Processor ထည့်သွင်းထားသည့် Huawei Mate 30 Pro သည် ဓာတ်ပုံ နှင့် ဗီဒီယိုများအား အမြင့်မားဆုံးသော အရည်အသွေးဖြင့် ရိုက်ကူးပုံဖော်နိုင်မည်ဖြစ်သည်။

Huawei Mate 30 Pro သည် ပရော်ဖက်ရှင်နယ်ဆန်သည့် ဗီဒီယိုများအား cinematic tones ဖြင့် ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Cine Camera တွင် ISO 51200 အထိ ပေးစွမ်းနိုင်မည့် 1/1.54 လက်မ အရွယ်ရှိသည့် Sensor ပါဝင်ပြီး အမြင့်ဆုံး 7680 fps အထိ ရိုက်ကူးစေနိုင်မည့် Ultra Slow-Motion Video လုပ်ဆောင်ချက် နှင့် 4K Low-Light Ultra-Wide Time-lapse ဗီဒီယိုများပါ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

Mate 30 Series အား စက်တင်ဘာလအတွင်းတွင် မိတ်ဆက်ခဲ့ပြီးနောက် Huawei သည် စမတ်ဖုန်း တစ်လုံး၏ လုပ်ဆောင်နိုင်စွမ်းဟူသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်အား ပြန်လည် ရေးသားနိုင်ခဲ့ပြီး သုံးစွဲသူများအား ဓာတ်ပုံပညာရပ် နှင့် ဗီဒီယိုပညာရပ် နှင့် ပတ်သက်သည့် စည်းမျဉ်းစည်းဘောင်များအား ပြန်လည် အဓိပ္ပါယ်ဖွင့်ဆိုနိုင်စေခဲ့သည်။

DxOMark စမ်းသပ်ချက်များနှင့် ပတ်သက်သည့် အချက်အလက်များအား သိရှိလိုပါက www.dxomark.com သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။