Huawei နောက်ထုတ်မယ့် Mate40 Pro ရဲ့ ဓါတ်ပုံများစွာ မြင်တွေ့ခဲ့ကြရပြီးပြီ ဖြစ်ပြီး P40 Series မှာလို ဆေးတောင့်ပုံ Punch Hole ပါလာမှာပါ။ အခုလည်း အဲဒီဖုန်းရဲ့ ဓါတ်ပုံ ၁ ပုံထွက်လာပြီး Cut Out အရွယ်အစားကတော့ P40 Pro ထက် ပိုသေးသွားပါတယ်။

Mate30 Pro မှာလိုပဲ မျက်နှာပြင်ဘေးဘက်တွေက ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပြီး အခုထွက်လာတဲ့ဓါတ်ပုံအရ မျက်နှာပြင် အထက်နဲ့ အောက်က ဘောင်တွေဟာလည်း ကွေးနေတာ မြင်ရပါတယ်။ Mate40 Pro မှာ 5nm Kirin 1000 Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး မကြာခင်ကလည်း Mate40 Series ရဲ့ ကင်မရာ ဓါတ်ပုံတွေ ထွက်လာပါသေးတယ်။

Mate40 Series တွေမှာ ကင်မရာတွေကို စက်ဝိုင်းပုံ အကွက်ထဲမှာ ထည့်ထားပြီး ရိုးရိုး Mate40 မှာ အနောက်ကင်မရာ ၄ လုံးနဲ့ Pro မှာ ၅ လုံး ပါလာမှာပါ။ 108MP Main ကင်မရာထည့်သွင်းထားမှာ ဖြစ်ပြီး Pro မှာ 5x Optical နဲ့ 55x Digital Zoom ထောက်ပံ့တဲ့ Periscope ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။

Ref : gsmarena