[Unicode]
Huawei က ဖိလစ်ပိုင် Facebook Page မှာ MateBook D 15 ရဲ့ Teaser ဗီဒီယို ၁ ခုကို မျှဝေလိုက်တဲ့အတွက် မကြာခင် အဲဒီနိုင်ငံမှာ ရောင်းတော့မယ်လို့ ထင်ပါတယ်။ Huawei က ၂၀၁၉ ခုနှစ် မေလမှာ MateBook 13 ကို ဖိလစ်ပိုင်မှာ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ နောက်မျိုးဆက် မော်ဒယ်ကို ချပြတော့မှာပါ။
MateBook D 15 Ryzen Edition ကို အလူမီနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အရွယ်အစား အပြည့်အစုံမှာ 357.8 x 229.9 x 16.9 mm ဖြစ်ပါတယ်။ အလေးချိန်က ၁.၆၂ ကီလိုဂရမ် ဖြစ်ပြီး Full HD Resolution ပါတဲ့ ၁၅.၆ လက်မ IPS မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Screen-to-body Ratio က ၈၇ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် လက်ပ်တော့ထဲမှာတော့ မျက်နှာပြင် ဘေးဘောင်‌တွေ အရမ်းပါးလွှာတယ်လို့ ဆိုနိုင်ပါတယ်။ Trackpad ပါတဲ့ Full-sized ကီးဘုတ် ပါလာပြီး HD ကင်မရာ ထည့်ထားတဲ့အတွက် ဗီဒီယို Call ပြောနိုင်ပါတယ်။
AMD Ryzen 5 3500U Processor မောင်းနှင်ထားပြီး 65W USB-C Pocket Charger ထောက်ပံ့တဲ့ 42Wh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ၃၀ မိနစ်အားသွင်းရင် ၅၃ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ Wi-Fi 802.11ac, 2×2 MIMO နဲ့ Bluetooth 5.0 ဆက်သွယ်မှုတွေ ပါပါတယ်။ ကီးဘုတ်က ပါဝါ ခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ USB-A 3.0 ၁ ခု၊ USB-A 2.0 ၂ ခု၊ USB-C ၁ ခု၊ HDMI နဲ့ 3.5mm Headphone/mic တွေ ပါပြီး Windows 10 OS မောင်းနှင်ထားပါတယ်။
Ref : gizmochina
[Zawgyi]
Huawei MateBook D ကို ဖိလစ်ပိုင်မှာ ရောင်းတော့မည်
Ref : gizmochina