[Unicode]

Huawei က ပြီးခဲ့တဲ့ လမှာ MateBook D လက်ပ်တော့ အသစ်တွေကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက Windows 10 ထည့်သွင်းထားမယ်လို့ ပြောပေမယ့် လက်ရှိမှာ အဲဒီ Windows မော်ဒယ်တွေကို ဝယ်လို့ မရသေးပါဘူး။ အခုတော့ Huawei က Windows မော်ဒယ်တွေကို မကြာခင် ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ထုတ်ပြန်လိုက်တဲ့ ပိုစတာမှာ Intel နဲ့ AMD (Ryzen) ၂ မျိုးလုံး ရောင်းမယ်လို့ ရေးသားထားပါတယ်။

Ryzen မော်ဒယ်ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပြီး ဇန်နဝါရီလ ၁ ရက်နေ့မှာ ရောင်းမှာပါ။ Intel မော်ဒယ်ကို ဇန်နဝါရီလ ၃ ရက် မတိုင်ခင်အထိ ကြိုတင်မှာယူခွင့်ပေးမှာ မဟုတ်ပါဘူး။ ဇန်နဝါရီလ ၉ ရက်နေ့မှာ ရောင်းမှာပါ။ ရောင်းမယ့် မော်ဒယ်တွေထဲမှာ MateBook D 15 နဲ့ MateBook D 14 တွေ ပါပါတယ်။ ဈေးတွေကို အောက်မှာ ရှိုးလိုက်ပါ။

MateBook D 15 Ryzen 5 3500U 8GB RAM + 256GB SSD + 1TB HDD = ¥3999 (၈၅၀,၀၀၀ ကျပ် ဝန်းကျင်)

MateBook D 15 Ryzen 5 3500U 16GB RAM + 256GB SSD + 1TB HDD = ¥4299 (၉၁၀,၀၀၀ ကျပ် ဝန်းကျင်)

MateBook D 14 Ryzen 5 3500U 8GB RAM + 512GB SSD = ¥3999 (၈၅၀,၀၀၀ ကျပ် ဝန်းကျင်)

MateBook D 14 Ryzen 5 3500U 16GB RAM + 512GB SSD = ¥4299 (၉၁၀,၀၀၀ ကျပ် ဝန်းကျင်)

MateBook D မှာ Full HD မျက်နှာပြင်ပါပြီး ဘေးဘောင်တွေက အရမ်းပါးလွှာတဲ့အတွက် ဒီဇိုင်း အရမ်းမိုက်ပါတယ်။ Screen-to-body Ratio က ၈၇ ရာခိုင်နှုန်း ရှိပါတယ်။ ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Function Keys ကြားထဲမှာ Webcam ကို ဖွက်ထားပါတယ်။

USB 2.0 Port ၂ ခု၊ USB 3.0 Port ၁ ခု၊ HDMI Port ၁ ခုနဲ့ USB Type-C Port ၁ ခုထည့်သွင်းထားပါတယ်။ 42Wh ဘက်ထရီ ပါပြီး 65W Fast Charge ထောက်ပံ့ပါတယ်။ ၁ နာရီအတွင်းမှာ ၀ ကနေ ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။ Bluetooth 5.0 ပါပေမယ့် NFC မပါပါဘူး။

Ref : gizmochina

[Zawgyi]

Huawei MateBook D အတြက္ Windows ေမာ္ဒယ္ကို ေရာင္းၿပီ

Huawei က ၿပီးခဲ့တဲ့ လမွာ MateBook D လက္ပ္ေတာ့ အသစ္ေတြကို ေၾကညာခဲ့ပါတယ္။ ကုမၸဏီက Windows 10 ထည့္သြင္းထားမယ္လို႔ ေျပာေပမယ့္ လက္ရွိမွာ အဲဒီ Windows ေမာ္ဒယ္ေတြကို ၀ယ္လို႔ မရေသးပါဘူး။ အခုေတာ့ Huawei က Windows ေမာ္ဒယ္ေတြကို မၾကာခင္ ေရာင္းမယ္လို႔ ေၾကညာလိုက္ပါတယ္။ ကုမၸဏီက ထုတ္ျပန္လုိက္တဲ့ ပိုစတာမွာ Intel နဲ႔ AMD (Ryzen) ၂ မ်ိဳးလံုး ေရာင္းမယ္လို႔ ေရးသားထားပါတယ္။

Ryzen ေမာ္ဒယ္ကို ႀကိဳတင္မွာယူခြင့္ျပဳလိုက္ၿပီး ဇန္န၀ါရီလ ၁ ရက္ေန႔မွာ ေရာင္းမွာပါ။ Intel ေမာ္ဒယ္ကို ဇန္န၀ါရီလ ၃ ရက္ မတိုင္ခင္အထိ ႀကိဳတင္မွာယူခြင့္ေပးမွာ မဟုတ္ပါဘူး။ ဇန္န၀ါရီလ ၉ ရက္ေန႔မွာ ေရာင္းမွာပါ။ ေရာင္းမယ့္ ေမာ္ဒယ္ေတြထဲမွာ MateBook D 15 နဲ႔ MateBook D 14 ေတြ ပါပါတယ္။

MateBook D 15 Ryzen 5 3500U 8GB RAM + 256GB SSD + 1TB HDD = ¥3999 (၈၅၀,၀၀၀ က်ပ္ ၀န္းက်င္)

MateBook D 15 Ryzen 5 3500U 16GB RAM + 256GB SSD + 1TB HDD = ¥4299 (၉၁၀,၀၀၀ က်ပ္ ၀န္းက်င္)

MateBook D 14 Ryzen 5 3500U 8GB RAM + 512GB SSD = ¥3999 (၈၅၀,၀၀၀ က်ပ္ ၀န္းက်င္)

MateBook D 14 Ryzen 5 3500U 16GB RAM + 512GB SSD = ¥4299 (၉၁၀,၀၀၀ က်ပ္ ၀န္းက်င္)

MateBook D မွာ Full HD မ်က္ႏွာျပင္ပါၿပီး ေဘးေဘာင္ေတြက အရမ္းပါးလႊာတဲ့အတြက္ ဒီဇိုင္း အရမ္းမိုက္ပါတယ္။ Screen-to-body Ratio က ၈၇ ရာခိုင္ႏႈန္း ရွိပါတယ္။ ပါ၀ါခလုတ္ေအာက္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားၿပီး Function Keys ၾကားထဲမွာ Webcam ကို ဖြက္ထားပါတယ္။

USB 2.0 Port ၂ ခု၊ USB 3.0 Port ၁ ခု၊ HDMI Port ၁ ခုနဲ႔ USB Type-C Port ၁ ခုထည့္သြင္းထားပါတယ္။ 42Wh ဘက္ထရီ ပါၿပီး 65W Fast Charge ေထာက္ပံ့ပါတယ္။ ၁ နာရီအတြင္းမွာ ၀ ကေန ၇၀ ရာခုိင္ႏႈန္း အားျဖည့္ေပးပါတယ္။ Bluetooth 5.0 ပါေပမယ့္ NFC မပါပါဘူး။

Ref : gizmochina