Huawei Consumer Business Group သည် အသစ်ထွက်ရှိလာသည့် HUAWEI MateBook D 15 ကို မတ်လနောက်ဆုံးပတ်အတွင်း မြန်မာပြည်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ လူငယ်များအတွက် နောက်ဆုံးပေါ် ၁၅.၆ လက်မမျက်နှာပြင်ကျယ် Huawei Laptop သည် အသုံးပြုသူတို့ကို ဖန်သားပြင်တစ်ခုထဲအသုံးပြု၍ အခြားသောအရာများနှင့်ပါ ချိတ်ဆက်အသုံးပြုနိုင်မည့် အတွေ့အကြုံကို ပေးစွမ်းနိုင်ရန် လုပ်ဆောင်ထား ပါသည်။ HUAWEI MateBook D 15 သည် Huawei PC တို့၏ မျိုးဆက်သစ်တစ်ခုဖြစ်ပြီး အနုပညာဆန်သော ဒီဇိုင်း၊ အဆင့်မြင့်နည်းပညာနှင့် အကောင်းဆုံးသောအတွေ့အကြုံတို့ကိုပေးဆောင်သွားမည်ဖြစ်ပါသည်။ ပေါ့ပါးသောကိုယ်ထည်၊ FullView Display၊ မြန်နှုန်းမြင့်စွမ်းဆောင်ရည်၊ အကြမ်းခံပြီး အထာကျသောဒီဇိုင်း တို့ဖြင့် HUAWEI MateBook D တွင် နောက်ဆုံးပေါ် Multi-screen Collaboration စတဲ့ လုပ်ဆောင်ချက်များ ပါဝင်သည်။ HUAWEI MateBook D 15 သည် ယနေ့ခေတ် နည်းပညာပိုင်းနှင့် အကျွမ်းတဝင်ရှိသော လူငယ်များအတွက် အကောင်းမွန်ဆုံးသော အဖော်တစ်မွန်တစ်ခုဖြစ်ပါသည်။

Huawei Consumer BG ၏ President of PC and Tablet Product Line ဖြစ်သူ Wang Yinfeng က “ ကျွန်တော်တို့ရဲ့ PC ထုတ်ကုန်များကို စမ်းသပ်မှုအသစ်၊ အတွေ့အကြုံအသစ်တို့ကို ယူဆောင်လာဖို့အတွက် ကျွန်တော်တို့ ရည်ရွယ်ချက်အတိုင်း လုပ်ဆောင်လျက်ရှိပါသည်။ ၁၅.၆ လက်မတဲ့ HUAWEI MateBook D 15က လူငယ်အသုံးပြုသူတို့အတွက် အကောင်းဆုံးသော အတွေ့အကြုံတို့ကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။ စွမ်းရည်မြင့်ပြီး သေသပ်လှပတဲ့ HUAWEI MateBook D 15 က သာမန်လက်ပ်တော့ပ်တစ်လုံးဆို တာထက် လုပ်ငန်းသုံး၊ဖျော်ဖြေရေးသုံး အစရှိတဲ့ အခြေအနေအမျိုးမျိုးတို့မှာ အသုံးပြုနိုင်ပါတယ်။”

အစစ်မှန်ဆုံး FullView Display

Ultra-slim Laptop ဈေးကွက်ကျယ်ပြန့်လာသည်နှင့်အညီ ပြီးပြည့်စုံသောဒီဇိုင်းကိုရရှိစေနိုင်မည့် FullView Display ကိုအသုံးပြုနိုင်စေနိုင်ရန် ultra-slim bezel design ကို Huawei သည် စမတ်ဖုန်းနည်းပညာနှင့် system integration စွမ်းရည်တို့အပေါ်တွင် အားထားခဲ့ပါသည်။ Huawei Matebook D သည် ကြီးမားသောမျက်နှာပြင်ရှိသော်ငြားလည်း ကျစ်လစ်သောကိုယ်ထည်ကြောင့် သယ်ယူရလွယ်ကူစေသည်။

HUAWEI MateBook D 15 သည် MateBook မိသားစုတွင် တစ်ခုတည်းသော FullView display ပါဝင်ခြင်း ဖြစ်သည်။ 5.3mm သာရှိသော ultra-thin bezels frame တို့ကြောင့် ၈၇ ရာခိုင်နှုန်းရှိသော မျက်နှာပြင်အချိုး အစားအပြည့်ကို ရရှိစေပါသည်။ ပေါ့ပါးသောကိုယ်ထည်ပေါ်တွင် သေသပ်ချောမွတ်သော အသွင်အပြင်ရရှိ စေရန်ကွေးနေသော အနားသတ်ဒီဇိုင်းဖြင့် ဖွဲ့စည်းထားပါသည်။ အနည်းငယ်တိုးမြှင့်ထားသောပြောင်းလဲမှု များဖြစ်သည့် ပိုမိုပါးလွှာသော bezels နှင့် keyboard တွင်ပါဝင်လာသည့် pop-up camera တို့ကြောင့် အရွယ်အစား 357.8×229.9×16.9mm ဖြင့် HUAWEI Matebook D 15 သည် ၁၅.၆ လက်မအရွယ်ရှိသော ပေါ့ပါးဆုံးသောလက်ပ်တော့ပ်တစ်လုံးဖြစ်ပြီး အသင့်တော်ဆုံးသောဈေးနှုန်းဖြင့် အကောင်းဆုံးသောအတွေ့ အကြုံကို ခံစားနိုင်မည်ဖြစ်သည်။

Anti-glare coating ၏အောက်တွင် ၁၅.၆ လက်မရှိသော 16:9 IPS panel က Full HD (1920×1080) ကိုအထောက်အပံ့ပေးပြီး ၁၇၈ ဒီဂရီအထိဖွင့်နိုင်ပါသည်။ ပရီမီယမ်ဖြစ်သည့်မျက်နှာပြင်ကြောင့် မည့်သည့် အခြေအနေမျိုးတွင်မဆို resolution မြင့်သောပုံရိပ်များ၊ Blu-ray ဗီဒီယိုတို့ကိုကြည့်ရှုနိုင်ပြီး TÜV Rheinland မှ အသိအမှတ်ပြုထားသောကြောင့် blue light ထုတ်လွှတ်မှုကိုလျော့ချစေပြီး မျက်စိကာကွယ်မှုကိုပိုမို ကောင်းမွန်စေပါသည်။

စွမ်းအားပြည့်လုပ်ဆောင်ချက်

လူငယ်များ PCs များကိုအသုံးပြုခြင်းသည် လုပ်ငန်းသုံးပစ္စည်းတစ်ခုအနေဖြင့်သာမကဘဲ ဖျော်ဖြေရေးတစ်ခု အနေဖြင့်ပါအသုံးပြုလာကြပြီဖြစ်သည်။ 12nm AMD Ryzen™ 5 3500U processor အသုံးပြုထားသော HUAWEI MateBook D15 AMD Edition သည် အတည်ငြိမ်ဆုံးနှင့် ယုံကြည်စိတ်ချရဆုံးဖြစ်ပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်ကို အသုံးပြုနိုင်ပါသည်။ GPU အတွက် AMD Radeon Vega 8 Graphics ကိုအသုံးပြုထားသောကြောင့် အကောင်းမွန်ဆုံးသောရုပ်ထွက်ရရှိစေရန် အထောက်အပံ့ပေး ပါသည်။ HUAWEI MateBook D 15 AMD Edition တွင် HUAWEI Shark Fin Fan version အသစ် ပါဝင်လာပါသည်။ S-shaped ပန်ကာဓါးများဖြင့် ဖွဲ့စည်းထားပြီး လေစီးဆင်းမှုကို တိုးတက်ကောင်းမွန် စေပါသည်။

HUAWEI MateBook D 15 တွင် 65W USB-C charger ပါဝင်မည်ဖြစ်ပြီး USB-C to USB-C cable လည်း ပါဝင်မည်ဖြစ်ပါသည်။ Charger သည် မည့်သည့် USB-C ပါဝင်သည့် Huawei စမတ်ဖုန်းနှင့် တက်ဘလက်များတွင်ပါ အသုံးပြုနိုင်ပြီး အားသွင်းစေစဉ် အပူချိန်သည်စိတ်ချရသည့်အခြေအနေကျော်လွန် သွားပါက အလိုအလျောက်ရပ်တန့်သွားစေမည့် overheat protection လည်းပါဝင်ပါသည်။

16GB ရှိသည့် dual-channel DDR4 memory ဖြင့် တပ်ဆင်ထားသော HUAWEI MateBook D 15 သည် ဈေးကွက်တွင် memory အများဆုံး apps များကို အသုံးပြုနိုင်ရန်အတွက် လုံလောက်ပြီး SSD ကို မြန်နှုန်းမြင့် PCIe interface မှတစ်ဆင့် mainboard နှင့်ချိတ်ဆက်ထားသည်။ အသုံးပြုသူများသည် storage ကို SSD တစ်ခု သို့မဟုတ် SSD နှင့် Hard disk ပေါင်းထားသောဟူ၍ နှစ်မျိုးရွေးချယ်နိုင်ပါသည်။ Laptop လွတ်ကျခြင်း၊ ပြုတ်ကျခြင်းတို့ကြောင့် hard disk တွင်သိမ်းထားသော data များပျက်စီးမှုမှ ကာကွယ်ပေးသော G-sensor လည်းပါဝင် ပံ့ပိုးပေးထားပါသည်။ Dual-antenna WLAN module သည် WLAN signal အတွက် တည်ငြိမ်သောမြန်နှုန်းဖြင့် ဆက်သွယ်မှုကိုဖမ်းယူနိုင်စွမ်းရှိပါသည်။ တစ်ဖက်တွင်လည်း လိုအပ်သည့် အချက်အ လက်များလွှဲပြောင်းခြင်း၊ အရံဆက်သွယ်ခြင်းနှင့် ဘက်ထရီအားသွင်းခြင်းတို့ကို ပြုလုပ်နိုင်ရန် အမျိုးမျိုးသော I/O ဖြင့် ထောက်ပံ့ပေးထားပါသည်။

လွယ်ကူမြန်ဆန်သော Smart connection

Huawei သည် အသုံးပြုသူများ ဓာတ်ပုံ၊ ဗီဒီယို အစရှိသည့် files များကို စမတ်ဖုန်းများနှင့် PCs များအကြား တွင် အလွယ်တကူလွှဲပြောင်းကူးယူရရှိစေနိုင်ရန် ၂၀၁၈၊ နိုဝင်ဘာလတွင် HUAWEI OneHop ကို မိတ်ဆက်ခဲ့သည်။ Windows နှင့် ဖုန်းများအကြား Files များအရွေ့အပြောင်းလုပ်ရာတွင် ကြုံတွေ့ရသော အခက်အခဲကို ဖြေရှင်းပေးနိုင်ရန်ဖြစ်သည်။

နောက်ဆုံးပေါ် HUAWEI MateBook D Series တွင် HUAWEI OneHop ကို အခြေခံ၍တည်ဆောက်ထားသော Screen Collaboration လုပ်ဆောင်ချက်ကို မိတ်ဆက်ထားသည်ဖြစ်သည်။ ထိုအသစ် feature သည် HUAWEI MateBook နှင့် Huawei စမတ်ဖုန်းကို screen တစ်ခုထဲတွင် share ပြီးအသုံးပြုနိုင်မည်ဖြစ်ပြီး files များနှင့် အခြားသောအရာများကိုလည်း စမတ်ဖုန်းမှတစ်ဆင့် လက်ပ်တော့ပ်ထဲသို့တိုက်ရိုက်ပြောင်းရွေ့နိုင်မည်ဖြစ်သည်။ လက်ပ်တော့ပ်မှနေပြီးလည်း စမတ်ဖုန်းထဲမှ apps များကို device ပြောင်းရွေ့အသုံးပြု စရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်ပါသည်။

HUAWEI MateBook D Series သည် လူငယ်များကို အဓိကရည်ရွယ်ထားသည့် ထုတ်ကုန်တစ်ခုဖြစ်ပြီး အနုပညာဆန်သောဒီဇိုင်း၊ ဆန်းသစ်သောနည်းပညာနှင့် အကောင်းမွန်ဆုံးသောအတွေ့အကြုံတို့ကို ရရှိခံစားနိုင်ရန်ပြုလုပ်လျက်ရှိပါ သည်။ အကောင်းမွန်ဆုံးသော အတွေ့အကြုံတွေကိုပေးသွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း စာရွက်ပေါ်တွင်ရေးသားထားသည် ultralight လက်ပ်တော့ပ်များ ပေးစွမ်းနိုင်သည့်အရာများကို ပုခုံးချင်းယှဉ်ပြိုင်နိုင်မည့် စွမ်းဆောင်ရည်ကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ အနာဂတ်တွင် Huawei သည် အသုံးပြုသူများအတွက် အခြေအနေအမျိုးမျိုးနှင့် ပိုမိုကောင်းမွန်သော စမတ်ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ဆက်လက်ပေးစွမ်းနိုင်စေရန် PC ထုတ်ကုန်များကို ဆက်လက်အားဖြည့်ထောက်ပံ့နေမည်ဖြစ်သည်။

HUAWEI Matebook D15 ကို သတ်မှတ်ထားသော အရောင်းဆိုင်များတွင် အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် ညီမျှသော မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အာမခံ 1 + 1 Warranty (1 year standard warranty + 1 year extended warranty) ပါဝင်မှာ ဖြစ်သည်။

Source – Huawei