Ultralight အမျိူးအစား Matebook D14 လက်တော့အမျိုးအစားသစ်သည် ပေါ့ပါးကျစ်လစ်လှပသည့်အပြင် စွမ်းဆောင်ရည်ပိုင်းလည်း သင့်တင့်ကောင်းမွန်သောကြောင့် လူငယ်အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ရရှိစေမှာပဲဖြစ်ပါသည်။
Huawei Consumer Business Group (CBG) မှ Ultralight အမျိုးအစား Laptop အသစ်ဖြစ်သည့် Huawei Matebook D 14 ကိုမကြာမီ မြန်မာနိုင်ငံဈေးကွက်တွင်ရောင်းချတော့မည် ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။ လူငယ်အသုံးပြုသူများအတွက် အဓိကရည်ရွယ်ထားပြီး Laptop အမျိုးအစားသစ်သည် ၁၄ လက်မ အရွယ်ရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ဘက်စုံချိတ်ဆက်အသုံးပြုမှုအတွက် အတွေ့အကြုံသစ်ကို ယူဆောင်လာပေးမှာပဲဖြစ်ပါသည်။ Huawei Matebook D 14 သည် Huawei PC ထုတ်ကုန်များ၏ ဒီဇိုင်းဆန်းသစ်လှပခြင်း၊ နောက်ဆုံးပေါ်နည်းပညာမြင့် ထုတ်ကုန်ဖြစ်ခြင်း၊ အသုံးပြုမှုအတွက် လွယ်ကူအဆင်ပြေစေခြင်း စသည့် DNA များအပြည့်အဝရှိသော ထုတ်ကုန်အမျိုးအစားသစ်ပဲ ဖြစ်ပါသည်။ Ultralight အမျိုးအစား Laptop ဖြစ်သည့်အတွက် သယ်ဆောင်ရလွယ်ကူပေါ့ပါးသည့် အားသာချက်ရှိသည့်အပြင် အမြင်အာရုံကြည့်ရှုခံစားမှုအတွက် HUAWEI FullView Display နည်းပညာ များနှင့် Huawei Smart Phone များနှင့်အလွယ်တကူ ချိတ်ဆက်နိုင်ရန် Huawei Share ကိုလည်း တစ်ပေါင်းတည်းထည့်သွင်းပြီး ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပါသည်။ စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန်သည့်အတွက် နေ့စဉ်လုပ်ငန်းခွင်အသုံးပြုမှုအတွက်ဖြစ်စေ၊ သင်ကြားလေ့လာရေးလုပ်ငန်းစဉ်များအတွက် ဖြစ်စေ စွမ်းဆောင်ရည်ကောင်းကောင်းနှင့် အထောက်အကူ ပြုစေမှာပဲဖြစ်ပါသည်။
ပါးလွှာသွယ်လျပြီး သယ်ဆောင်ရလွယ်ကူစေသည့် ဒီဇိုင်း
Ultra-Slim အမျိုးအစား Laptop များသည် ဈေးကွက်တွင် တွင်ကျယ်စွာ တိုးတက်လျက်ရှိပြီး လူငယ်ထုကလည်း ပေါ့ပါးသယ်ဆောင်ရလွယ်ကူခြင်းတို့ကြောင့် ရေပန်းစားလျက်ရှိသော အမျိုးအစားဖြစ်ပါသည်။ Huawei ၏ စမတ်ဖုန်းလောကမှ ထုတ်လုပ်မှုအတွေ့အကြုံများ၊ ထိပ်တန်းနည်းပညာများနှင့် ပေါင်းစည်းလိုက်သောအခါ Huawei Matebook D14 သည် ပါးလွှာကျစ်လစ်သည့်ဒီဇိုင်းနှင့် ပေါ်ထွက်လာသည့်အပြင် HUAWEI FullView Display မြင်ကွင်းကျယ်ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါသည်။ 4.8 mm အထူသာရှိပြီး ဘေးဘောင်၃ခုကို ပါးလွှာအောင် ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် Screen-to-body အချိုးအစား ကို ၈၄% အထိ ရရှိစေပြီး နေ့စဉ်အသုံးပြုမှုအတွက် သမရိုးကျ Laptop များနှင့်မတူပဲ မြင်ကွင်း အတွေ့အကြုံသစ်ကို ရရှိစေမှာပဲဖြစ်ပါတယ်။ သယ်ဆောင်ရလွယ်ကူပြီး ပေါ့ပါးတဲ့ ဒီဇိုင်းအချိုးအစားအပြင် ကင်မရာကိုလည်း ကီးဘုတ်ပေါ်တွင်ထည့်သွင်းပေးထားပြီး (Recessed Camera) မလိုအပ်သောအချိန်များတွင် အမြဲပေါ်မနေအောင် မြှုပ်နှံသိမ်းဆည်းထားနိုင်ဦးမှာပဲဖြစ်ပါသည်။ Huawei Matebook D 14 သည် အချိုးအစားအားဖြင့် အလျား 322.5mm x အနံ 214.8mm x အမြင့် 15.9mm သာရှိပြီး လက်ရှိအချိန် ဈေးကွက်ထဲရှိ ဈေးတန်းတူ 14 လက်မအရွယ် Laptop အမျိုးအစားများထဲတွင် အသေးငယ်ဆုံးနှင့် အပေါ့ပါးဆုံး အချိုးအစားရှိသော Laptop ဖြစ်ပါသည်။
Display အမျိုးအစားအတွက် အလင်းပြန်မှုကို ကာကွယ်ပေးသည့် (Anti-Glare) အမျိုးအစား Coating ကို အသုံးပြုပေးထားပြီး ၁၄ လက်မအရွယ် 16:9 IPS panel မှ Full HD (1920 x 1080) အရည်အသွေးကို ရရှိမှာဖြစ်သည့်အပြင် ၁၇၈ ဒီဂရီအထိ ဖွင့်လှန်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အရည်အသွေးကောင်းမွန်သည့် Display အမျိုးအစားကို အသုံးပြုထားသောကြောင့် Multimedia ဘက်စုံအသုံးပြုမှုအတွက် သင့်လျော်သည့်အပြင် TÜV Rheinland certified လက်မှတ်ရရှိထားသောကြောင့် အပြာရောင်အလင်းတန်းများကို လျှော့ချပေးပြီး မျက်စိနှင့်အမြင်အာရုံ ထိခိုက်မှုကိုလျော့နည်းစေမှာပဲဖြစ်ပါသည်။
ဘက်စုံအသုံးပြုမှုအတွက် သာလွန်ကောင်းမွန်သည့် စွမ်းဆောင်ရည်
လူငယ်များ၏ PCs အသုံးပြုမှုရေစီးမှာလည်း ခေတ်နှင့်အညီပြောင်းလဲလာခဲ့ပါသည်။ ယနေ့ခေတ်တွင် လူငယ်များအတွက် PC မှာ အလုပ်တစ်ခုတည်းအတွက် မဟုတ်တော့ပဲ ဖျော်ဖြေရေးအပါအဝင် ကိုယ်ဝါသနာပါရာ များအတွက်ပါ အသုံးပြုလာကြပြီပဲ ဖြစ်ပါသည်။ HUAWEI Matebook D14 ကို AMD Ryzen™ 7 3700U processor ကို အသုံးပြုထားပြီး Graphic ပိုင်းအတွက် Radeon Vega 8 Graphics အမျိုးအစား Graphic Card ကို အသုံးပြုထားပြီး တစ်နေ့တာလုံး အသုံးပြုမှုအတွက် တည်ငြိမ်ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ရရှိစေမှာပဲဖြစ်သည်။
ဘက်ထရီပိုင်းဆိုင်ရာအတွက် ၁၆၅ ဂရမ်သာအလေးချိန်ရှိပြီး USB-C to USB-C အသုံးပြုနိုင်မည့် 65W Charger ကို ထည့်သွင်းပေးထားပါသည်။ အဆိုပါ 65W Type C ချာဂျာသည် HUAWEI Matebook D14 ကိုသာမကပဲ အခြား TypeC အသုံးပြုသည့် စမတ်ဖုန်း၊ တက်ဘလက်တို့ကိုပါ Fast-Charging စနစ်ဖြင့် အားသွင်းပေးနိုင်သောကြောင့် ယနေ့ခတ်လူနေမှုစတိုင်နှင့် လိုက်လျောညီထွေရှိပြီး ခရီးသွားလာခြင်း၊ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းအလုပ်လုပ်ရခြင်းတို့အတွက် ချာဂျာများတကွဲတပြားစီ မလိုအပ်တော့ပဲ တစ်ခုတည်းဖြင့် အဆင်ပြေအောင် ဖန်တီးပေးထားသည့် နည်းပညာဖြစ်ပါသည်။ ဘက်ထရီပိုင်းဆိုင်ရာတွင်လည်း ဘက်ထရီအပြည် (100%) ဖြင့် ဗီဒီယိုတောက်လျှောက်ကြည့်ရှုခြင်းအတွက် ၉နာရီဆက်တိုက်၊ ရုံးလုပ်ငန်းဆိုင်ရာ အသုံးပြုခြင်းများအတွက် ၁၀ နာရီဆက်တိုက်အသုံးပြုနိုင်မည့် စွမ်းဆောင်ရည်အမြင့်စား ဘက်ထရီဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
မန်မိုရီပိုင်းဆိုင်ရာတွင်လည်း Dual-Channel DDR4 အမျိုးအစား 8GB ကို အသုံးပြုပေးထား၍ လက်ရှိအသုံးပြုသူများအကြားရေပန်းစား အသုံးအများဆုံး Apps များကို ကောင်းမွန်စွာ ကိုင်တွယ်အသုံးပြုနိုင်စွမ်းရှိသည့်အပြင် SSD (Solid-State Drive) အမျိုးအစား မြန်နှုန်းမြင့် PCIe ဖြင့် ချိတ်ဆက်ထား၍ ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်သော အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်သည်။ အင်တာနက် ချိတ်ဆက်မှုအပိုင်းအတွက် dual-antenna WLAN module ကိုအသုံးပြု ထည့်သွင်းတည်ဆောက်ထားသည့်အတွက် နံရံများခြားထားသည့်တိုင် မြန်နှုန်းမြင့် အင်တာနက်ကို တည်ငြိမ်ကောင်းမွန်စွာ ချိတ်ဆက်အလုပ်လုပ်နိုင်မှာလည်းဖြစ်ပါသည်။
ချိတ်ဆက်အသုံးပြုမှုအတွေ့အကြုံသစ် အတွက် HUAWEI Ecosystem
MateBook D Series မှာ HUAWEI Share Ecosystem ပါဝင်တယ်လို့ သိထားပြီးတဲ့အတိုင်း အဆိုပါ နည်းပညာဟာ စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ HUAWEI Share Technology ပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် HUAWEI ရဲ့ “1+8+N” Blueprint Ecosystem နဲ့ ပိုပြီး နီးကပ်စေသလို အနာဂတ် အချိန်ကာလာတွေမှာ Smart ၊ Connected Living နည်းပညာတွေ ဖန်တီးလာနိုင်စေမှာပါ။ဒါ့အပြင် HUAWEI Share ဟာ စမတ်ဖုန်း ၊ ကွန်ပျူတာတွေနဲ့ သုံးစွဲသူတွေကို ထိထိမိမိ Connect လုပ်ပေးနိုင်တဲ့ အလားလာကောင်းတစ်ခု ပိုင်ဆိုင်ထားသလို HUAWEI Laptop တွေဟာ ဘယ်လုပ်ငန်းဆောင်တာမဆို လုံလောက်တဲ့ စွမ်းဆောင်ရည် ပေးနိုင်ခြင်း ၊ User Experience ကောင်းမွန်ဖို့ Smart Device နှစ်မျိုး အားသာချက်ကို ပေါင်းစပ်ပေးနိုင်ခြင်း တို့ကြောင့် “1+8+N” Strategy ကိုလည်း ပိုကောင်းလာအောင် ဖန်တီးရာ ရောက်စေပါတယ်။
အနှစ်ချုပ်ဆိုရမည်ဆိုလျှင် လူငယ်အသုံးပြုသူတွေအတွက် လုပ်ငန်းသုံး၊ သင်ကြားလေ့လာရေးသုံးအပြင် ဖျော်ဖြေရေးအတွက်ပါ ရည်ရွယ်ထုတ်လုပ်ထားတဲ့ HUAWEI Matebook D14 ဟာ ခန့်ညားထည်ဝါတဲ့ အသွင်အပြင်နဲ့ အတူ သယ်ဆောင်ရလွယ်ကူပေါ့ပါးပြီး နောက်ဆုံးပေါ်နည်းပညာ အတွေ့အကြုံများကို ခံစားရရှိစေမည့် နည်းပညာမြင့် ထုတ်ကုန်တစ်ခုဖြစ်ပါသည်။ HUAWEI Matebook D14 ကို ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင် (၃၁) ရက်နေ့အထိ နီးစပ်ရာအရောင်းဆိုင်များတွင် ကန်ဒေါ်လာ ၆၉၉ (နှင့်ညီမျှသော မြန်မာကျပ်ငွေ) ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Matebook 14 ကို ဝယ်ယူသူတိုင်းအတွက် Bluetooth Mouse နှင့် ကျောပိုးအိတ်ကို ရရှိမည့်အပြင် Pre-Order ကြိုတင်မှာယူသူများအတွက်လည်း HUAWEI CPE နှင့် Bluetooth Headphone ကိုလည်း ထပ်မံပေးအပ်သွားမှာ ဖြစ်သည့်အကြောင်းသတင်းပါးလိုက်ရပါသည်။ အသေးစိပ် အချက်အလက်များကို အောက်ဖော်ပြပါ Link တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။
https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/
Source – HUAWEI Myanmar